ယူႏိုက္တက္မွာကစားဖို႔ လစာေလွ်ာ့ယူတဲ့အျပင္ မက္ေမာစရာကမ္းလွမ္းမႈကိုလည္း ျငင္းဆန္ခဲ့တဲ့ မာတာ

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဟြမ္မာတာဟာ အသင္းနဲ႔စာခ်ဳပ္သစ္မခ်ဳပ္ဆိုခင္မွာ တရုတ္ကလပ္ရွန္ဟိုင္းSIPG အသင္းဆီက တစ္ပတ္လုပ္ခေပါင္ (၅၅၀၀၀၀)တန္ကမ္းလွမ္းမႈကို ရရွိခဲ့တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္လည္း အိုးထရက္ဖို႔ဒ္မွာ ဆက္လက္ကစားဖို႔အတြက္ ဆႏၵျပင္းျပေနခဲ့တဲ့ မာတာက မက္ေမာဖြယ္ရာကမ္းလွမ္းမႈကို ျငင္းဆန္သြားခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔ မာတာတို႔ဟာ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာျဖစ္ျပီး စာခ်ဳပ္သစ္အတြက္သေဘာတူညီမႈမရေသးခင္မွာ ရွန္ဟိုင္းက ကမ္းလွမ္းခဲ့တာလည္းျဖစ္ပါတယ္။ မာတာက အသင္းနဲ႔ (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခ်င္ေနျပီး ယူႏိုက္တက္က တစ္ႏွစ္တည္းနဲ႔သာကမ္းလွမ္းခဲ့လို႔ ညွိႏိႈင္းမႈေတြျပဳလုပ္ခဲ့ရျပီး ရွန္ဟုိင္းက အဆိုပါအေျခအေနေတြကိုေစာင့္ၾကည့္ျပီး မာတာကိုေခၚယူဖို႔ ၾကိဳးစားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယူႏိုက္တက္နဲ႔ မာတာတို႔က ႏွစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့ၾကပါတယ္။ မာတာအေနနဲ႔ စာခ်ဳပ္သစ္မွာ လစာေလွ်ာ့ယူခဲ့ရတယ္လို႔ သိရျပီး အိုးထရက္ဖို႔ဒ္မွာ ဆက္လက္ကစားခ်င္တာေၾကာင့္ မ်ားျပားလွတဲ့ေငြေၾကးနဲ႔ကမ္းလွမ္းမႈကို လ်စ္လ်ဴရႈခဲ့သလို ပံုမွန္ရရွိေနတဲ့လုပ္ခလစာကိုလည္း ေလွ်ာ့ယူသြားခဲ့လို႔ ယူႏိုက္တက္မွာကစားခ်င္တဲ့ သူ႔ရဲ႕ဆႏၵက အံ့အားသင့္စရာေတာ့ ျဖစ္ခဲ့ရပါတယ္။

မာတာဟာ ယူႏိုက္တက္မွာ (၆)ႏွစ္ၾကာ ကစားေပးခဲ့သူျဖစ္ျပီး ယူႏိုက္တက္ရဲ႕ ၀ါရင့္ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ အသင္းမွာ စီနီယာကစားသမားတစ္ဦးအျဖစ္လည္း ရွိေနခဲ့ျပီျဖစ္ျပီး သူ႔ရဲ႕ကစားသမားဘ၀ကို ယူႏိုက္တက္နဲ႔ပဲ ကုန္ဆံုးသြားဖြယ္ရွိေနပါတယ္။ မာတာက ယူႏိုက္တက္အတြက္ပြဲေပါင္း (၂၀၀)ေက်ာ္ကစားေပးထားျပီး ဂိုးေပါင္း (၄၅)ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟွမ်မာတာဟာ အသင်းနဲ့စာချုပ်သစ်မချုပ်ဆိုခင်မှာ တရုတ်ကလပ်ရှန်ဟိုင်းSIPG အသင်းဆီက တစ်ပတ်လုပ်ခပေါင် (၅၅၀၀၀၀)တန်ကမ်းလှမ်းမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ဆက်လက်ကစားဖို့အတွက် ဆန္ဒပြင်းပြနေခဲ့တဲ့ မာတာက မက်မောဖွယ်ရာကမ်းလှမ်းမှုကို ငြင်းဆန်သွားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ မာတာတို့ဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်အတွက်သဘောတူညီမှုမရသေးခင်မှာ ရှန်ဟိုင်းက ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။ မာတာက အသင်းနဲ့ (၂)နှစ်စာချုပ်ချုပ်ဆိုချင်နေပြီး ယူနိုက်တက်က တစ်နှစ်တည်းနဲ့သာကမ်းလှမ်းခဲ့လို့ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ရပြီး ရှန်ဟိုင်းက အဆိုပါအခြေအနေတွေကိုစောင့်ကြည့်ပြီး မာတာကိုခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ မာတာတို့က နှစ်နှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ မာတာအနေနဲ့ စာချုပ်သစ်မှာ လစာလျှော့ယူခဲ့ရတယ်လို့ သိရပြီး အိုးထရက်ဖို့ဒ်မှာ ဆက်လက်ကစားချင်တာကြောင့် များပြားလှတဲ့ငွေကြေးနဲ့ကမ်းလှမ်းမှုကို လျစ်လျူရှုခဲ့သလို ပုံမှန်ရရှိနေတဲ့လုပ်ခလစာကိုလည်း လျှော့ယူသွားခဲ့လို့ ယူနိုက်တက်မှာကစားချင်တဲ့ သူ့ရဲ့ဆန္ဒက အံ့အားသင့်စရာတော့ ဖြစ်ခဲ့ရပါတယ်။

မာတာဟာ ယူနိုက်တက်မှာ (၆)နှစ်ကြာ ကစားပေးခဲ့သူဖြစ်ပြီး ယူနိုက်တက်ရဲ့ ၀ါရင့်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အသင်းမှာ စီနီယာကစားသမားတစ်ဦးအဖြစ်လည်း ရှိနေခဲ့ပြီဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝကို ယူနိုက်တက်နဲ့ပဲ ကုန်ဆုံးသွားဖွယ်ရှိနေပါတယ်။ မာတာက ယူနိုက်တက်အတွက်ပွဲပေါင်း (၂၀၀)ကျော်ကစားပေးထားပြီး ဂိုးပေါင်း (၄၅)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။