ေမာ္ရင္ဟိုပစ္မွတ္ထားခဲ့တဲ့ ကစားသမားကို ေခၚယူဖို႔ၾကိဳးစားေတာ့မယ့္ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာဇီယိုကြင္းလယ္လူ မီလင္ကိုဗစ္ဆာဗစ္ကို ေပါင္ (၇၅)သန္းနဲ႔ ကမ္းလွမ္းဖို႔ အဆင္သင့္ျဖစ္ေနျပီလို႔ Sky Sports က ေဖာ္ျပသြားခဲ့ပါတယ္။ အသက္ (၂၄)ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ ယူႏိုက္တက္ကျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးကို အသံုးျပဳရမွာျဖစ္ျပီး လာဇီယိုကေတာ့ ေပါင္သန္း (၉၀)အထိ အလိုရွိေနပါတယ္။

ျပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလအတြင္းမွာ ဆာဗစ္က လာဇီယိုနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့သူလည္း ျဖစ္ပါတယ္။ ဒီအတြက္ အသင္းေျပာင္းေရႊ႕ဖို႔ အလ်င္စလိုျပဳမူစရာမလိုသလို လာဇီယိုကလည္း ေပါင္ (၇၅)သန္းထက္ နည္းပါးတဲ့ ဘယ္လိုကမ္းလွမ္းမႈမ်ိဳးကိုမွ လက္သင့္ခံသြားမွာမဟုတ္ဘူးလို႔ တရား၀င္ေျပာဆိုထားျပီးလည္းျဖစ္ပါတယ္။

ဆာဗစ္ကို ေမာ္ရင္ဟိုလက္ထက္မွာကတည္းက ယူႏိုက္တက္ကစိတ္၀င္စားေနခဲ့တာျဖစ္ျပီး ကစားသမားရဲ႕ေျခစြမ္းကို ေမာ္ရင္ဟိုကိုယ္တိုင္က သြားေရာက္ၾကည့္ရႈခဲ့ပါေသးတယ္။ ဆာဗစ္ဟာ လာဇီယိုမွာ (၅)ႏွစ္ၾကာကစားေပးခဲ့ျပီးျဖစ္ကာ ျပိဳင္ပြဲစံု (၁၃၈)ပြဲမွာ (၃၁)ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ျပီး ျပီးခဲ့တဲ့ရာသီကလည္း အသင္းကို ကိုပါအီတာလီယာဖလားရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ကြင္းလယ္ကစားသမား အနည္းဆံုးတစ္ဦးအထိ ေခၚယူဖို႔ ဆိုးလ္ရွားက အလိုရွိေနျပီး နယူးကာဆယ္က ေလာင္းစတက္ဖ္၊ စပို႔တင္းက ဘရူႏိုဖာနန္ဒက္စ္ နဲ႔ ေဆာက္သမ္တန္က လီမီနာတို႔ကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း လက္ရွိအခ်ိန္ ဘယ္ကစားသားကိုမွ ေခၚယူႏိုင္ျခင္းမရွိေသးပဲ ေနာက္ဆံုးပစ္မွတ္ကစားသမားအျဖစ္ ဆာဗစ္က ပါ၀င္လာခဲ့တာလည္း ျဖစ္ပါတယ္။

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာဇီယိုကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်ကို ပေါင် (၇၅)သန်းနဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ Sky Sports က ဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်လူအတွက် ယူနိုက်တက်ကမြင့်မားတဲ့ပြောင်းရွှေ့ကြေးကို အသုံးပြုရမှာဖြစ်ပြီး လာဇီယိုကတော့ ပေါင်သန်း (၉၀)အထိ အလိုရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းမှာ ဆာဗစ်က လာဇီယိုနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။ ဒီအတွက် အသင်းပြောင်းရွှေ့ဖို့ အလျင်စလိုပြုမူစရာမလိုသလို လာဇီယိုကလည်း ပေါင် (၇၅)သန်းထက် နည်းပါးတဲ့ ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ လက်သင့်ခံသွားမှာမဟုတ်ဘူးလို့ တရားဝင်ပြောဆိုထားပြီးလည်းဖြစ်ပါတယ်။

ဆာဗစ်ကို မော်ရင်ဟိုလက်ထက်မှာကတည်းက ယူနိုက်တက်ကစိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ကစားသမားရဲ့ခြေစွမ်းကို မော်ရင်ဟိုကိုယ်တိုင်က သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။ ဆာဗစ်ဟာ လာဇီယိုမှာ (၅)နှစ်ကြာကစားပေးခဲ့ပြီးဖြစ်ကာ ပြိုင်ပွဲစုံ (၁၃၈)ပွဲမှာ (၃၁)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကလည်း အသင်းကို ကိုပါအီတာလီယာဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ကွင်းလယ်ကစားသမား အနည်းဆုံးတစ်ဦးအထိ ခေါ်ယူဖို့ ဆိုးလ်ရှားက အလိုရှိနေပြီး နယူးကာဆယ်က လောင်းစတက်ဖ်၊ စပို့တင်းက ဘရူနိုဖာနန်ဒက်စ် နဲ့ ဆောက်သမ်တန်က လီမီနာတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန် ဘယ်ကစားသားကိုမှ ခေါ်ယူနိုင်ခြင်းမရှိသေးပဲ နောက်ဆုံးပစ်မှတ်ကစားသမားအဖြစ် ဆာဗစ်က ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။