ၾသဇီမွာေတာင္ အေလွာင္ခံေနရတ့ဲ ယူႏုိက္တက္အသင္း။ ဘယ္သူေတြက ဘယ္လုိပုံစံမ်ိဳးနဲ႔ ေလွာင္လုိက္ၾကတာလဲ?

ရာသီႀကိဳ ေျခစမ္းပြဲမ်ား ကစားဖုိ႔ အတြက္ ၾသစေၾတးလ် ႏုိင္ငံ၊ ပါ့သ္ၿမိဳ႕ကို ေရာက္ရွိေနတ့ဲ ယူႏုိက္တက္ အသင္းကို ၾသဇီမွ လီဗာပူး ပရိသတ္မ်ားက ေလွာင္ေျပာင္မႈ တစ္ခု ျပဳလုပ္ခ့ဲေၾကာင္း သိရွိ ရပါတယ္။ ယူႏိုက္တက္ အသင္း အေနနဲ႔ ပါ့သ္ၿမိဳ႕ရွိ ဝါကာ အားကစားကြင္းမွာ ျပဳလုပ္ခ့ဲတ့ဲ ကြင္းဖြင့္ ေလ့က်င့္ေရး အစီအစဥ္ တစ္ခုမွာ အခုလိုပဲ လီဗာပူး ပရိသတ္မ်ားက ေလယာဥ္ပ်ံ အသံုးျပဳကာ ေလယာဥ္ေနာက္ပိုင္းမွ Liverpool FC – 6x European Champions ဆုိတ့ဲ စာတန္းကုိ ခ်ိ္တ္ဆြဲထားၿပီး  လီဗာပူး အသင္းရဲ႕ ေအာင္ျမင္မႈနဲ႔ အတူ ယူႏုိက္တက္ အသင္းကို ရည္ရြယ္ၿပီး ေလွာင္ေျပာင္ခ့ဲၾကတာ ျဖစ္ပါတယ္။

ယူႏုိက္တက္ အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ကို လာေရာက္ၾကည့္ရႈတ့ဲ ပရိသတ္ေပါင္း (၁၂,၀၀၀) ကလည္း အဆုိပါ ျဖစ္ရပ္ကို ျမင္ေတြ႕ခ့ဲၾကၿပီး အဆုိပါ အျဖဴေရာင္ ေလယာဥ္ပ်ံကို ပရိသတ္ တစ္ဦးတည္းက ဒါမွမဟုတ္ အုပ္စုဖြဲ႕ၿပီး ငွားရမ္းခ့ဲၾကသလားဆုိတာကိုေတာ့ သိရွိရျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ လီဗာပူး ပရိသတ္ေတြကေတာ့ ခရစ္ကတ္ကြင္း အတြင္း၌ ယူႏုိက္တက္ အသင္း ေလ့က်င့္ခန္း ဆင္းေနတ့ဲ အခ်ိန္ကို ကိုက္ၿပီး အခုလုိပဲ ခ်ိန္သားကုိက္ ေလွာင္ေျပာင္ခ့ဲၾကတာ ျဖစ္ပါတယ္။

လီဗာပူး အသင္းဟာ နည္းျပ ယာဂင္ကေလာ့ပ္ရဲ႕ လက္ထက္မွာ ေျခစြမ္းပိုင္း သိသိသာသာ တုိးတက္လာခ့ဲၿပီး ၿပီးခ့ဲတ့ဲ ေဘာလံုး ရာသီမွာ ပရီးမီးယားလိဂ္ ဖလားကို လြဲေခ်ာ္ခ့ဲရေပမယ့္ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာေတာ့ ဆုဖလား ရယူႏိုင္ခ့ဲကာ အဆုိပါ ဆုဖလားဟာ သူတို႔ အတြက္ (၆) ႀကိမ္ေျမာက္ ဥေရာပ ဆုဖလားလည္း ျဖစ္ခ့ဲရပါတယ္။ ယူႏုိက္တက္ အသင္းဟာ ယခု ရက္သတၱပတ္ အတြင္းမွာပဲ ပါ့သ္ဂလုိရီ အသင္းနဲ႔ ရာသီႀကိဳ ပထမဆံုး ေျခစမ္းပြဲ ယွဥ္ၿပိဳင္ ကစားသြားမွာ ျဖစ္ၿပီး ေနာက္တစ္ပတ္မွာေတာ့ လိဒ္စ္ယူႏုိက္တက္ အသင္းနဲ႔ ေျခစမ္းပြဲ ဆက္လက္ ကစားသြားမွာ ျဖစ္ေၾကာင္းလည္း သိရွိ ရပါတယ္။

Unicode

ရာသီကြို ခြေစမ်းပွဲများ ကစားဖို့ အတွက် သြစတြေးလျ နိုင်ငံ၊ ပါ့သ်မြို့ကို ရောက်ရှိနေတဲ့ ယူနိုက်တက် အသင်းကို သြဇီမှ လီဗာပူး ပရိသတ်များက လှောင်ပြောင်မှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိ ရပါတယ်။ ယူနိုက်တက် အသင်း အနေနဲ့ ပါ့သ်မြို့ရှိ ဝါကာ အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ကွင်းဖွင့် လေ့ကျင့်ရေး အစီအစဉ် တစ်ခုမှာ အခုလိုပဲ လီဗာပူး ပရိသတ်များက လေယာဉ်ပျံ အသုံးပြုကာ လေယာဉ်နောက်ပိုင်းမှ Liverpool FC – 6x European Champions ဆိုတဲ့ စာတန်းကို ချိတ်ဆွဲထားပြီး  လီဗာပူး အသင်းရဲ့ အောင်မြင်မှုနဲ့ အတူ ယူနိုက်တက် အသင်းကို ရည်ရွယ်ပြီး လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်ပေါင်း (၁၂,၀၀၀) ကလည်း အဆိုပါ ဖြစ်ရပ်ကို မြင်တွေ့ခဲ့ကြပြီး အဆိုပါ အဖြူရောင် လေယာဉ်ပျံကို ပရိသတ် တစ်ဦးတည်းက ဒါမှမဟုတ် အုပ်စုဖွဲ့ပြီး ငှားရမ်းခဲ့ကြသလားဆိုတာကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လီဗာပူး ပရိသတ်တွေကတော့ ခရစ်ကတ်ကွင်း အတွင်း၌ ယူနိုက်တက် အသင်း လေ့ကျင့်ခန်း ဆင်းနေတဲ့ အချိန်ကို ကိုက်ပြီး အခုလိုပဲ ချိန်သားကိုက် လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ နည်းပြ ယာဂင်ကလော့ပ်ရဲ့ လက်ထက်မှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ဖလားကို လွဲချော်ခဲ့ရပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ဆုဖလား ရယူနိုင်ခဲ့ကာ အဆိုပါ ဆုဖလားဟာ သူတို့ အတွက် (၆) ကြိမ်မြောက် ဥရောပ ဆုဖလားလည်း ဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက် အသင်းဟာ ယခု ရက်သတ္တပတ် အတွင်းမှာပဲ ပါ့သ်ဂလိုရီ အသင်းနဲ့ ရာသီကြို ပထမဆုံး ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပြီး နောက်တစ်ပတ်မှာတော့ လိဒ်စ်ယူနိုက်တက် အသင်းနဲ့ ခြေစမ်းပွဲ ဆက်လက် ကစားသွားမှာ ဖြစ်ကြောင်းလည်း သိရှိ ရပါတယ်။