အေဂြရို ဂ်ာစီကို ေပါင္ (၂၀၀) နဲ႔ ေလလံဆြဲဝယ္ယူၿပီး ေျခေထာက္နဲ႔ၾကမ္းတုိက္ျပခ့ဲတ့ဲ ယူႏုိက္တက္ ပရိသတ္

မုိက္ကယ္ကူေနးဟု အမည္ရတ့ဲ ယူႏုိက္တက္ ပရိသတ္ တစ္ေယာက္ဟာ အေဂြရိုရဲ႕ဂ်ာစီကို ေပါင္ (၂၀၀) ျဖင့္ ေလလံဆြဲဝယ္ယူခ့ဲၿပီးေနာက္ ေနရာမွာတင္ ၾကမ္းျပင္ေပၚခ်နင္းကာ ေျခေထာက္နဲ႔ ၾကမ္းတိုက္ခ့ဲေၾကာင္း သိရွိ ရပါတယ္။ မန္ခ်က္စတာၿမိဳ႕မွာ ရွိတ့ဲ Midland ဟုိတယ္မွာ ျပဳလုပ္ခ့ဲတ့ဲ ပရဟိတ ေလလံပဲြမွာ အသက္ (၃၇) ႏွစ္ အရြယ္ အမ်ိဳးသားဟာ အခုလိုပဲ (၂၀၁၂) ခုႏွစ္က ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး လက္စားေခ်ခ့ဲတာ ျဖစ္ပါတယ္။

(၂၀၁၂) ခုႏွစ္က ပရီးမီးယားလိဂ္ ခ်န္ပီယံလုပြဲမွာ မန္စီးတီး အသင္းက အေဂြရိုရဲ႕ ေနာက္ဆံုး မိနစ္ အသည္းခြဲဂိုးနဲ႔ အတူ ပရီးမီးယားလိဂ္ ဖလားႀကီးကို ရယူသြားခ့ဲၿပီး ယူႏုိက္တက္ ပရိသတ္ေတြ အတြက္ေတာ့ မေမ့ႏုိင္စရာ ျဖစ္ရပ္ တစ္ခု အျဖစ္ နာနာၾကည္းၾကည္း အမွတ္ရေနတာ ျဖစ္ပါတယ္။ အြန္လို္င္းေပၚ ပ်ံ႕ႏွံ႕လာခ့ဲတ့ဲ အဆုိပါ ဗီဒီယိုမွာ မိုက္ကယ္က အေဂြရို လက္မွတ္ ထုိးထားတ့ဲ မန္စီးတီး ဂ်ာစီကို ရယူၿပီး ၾကမ္းျပင္ေပၚပစ္ခ်ကာ အ့ဲဂ်ာစီအေပၚ ေျခေထာက္နဲ႔ တက္နင္းၿပီး ၾကမ္းတုိက္ခ့ဲတာ ျဖစ္ပါတယ္။

အဆုိပါ လုပ္ရပ္ကို ပြဲအတြင္း ေရာက္ရွိေနသူမ်ားကလည္း ဝုိင္းဝန္း လက္ခုပ္တီး အားေပးခ့ဲၾကၿပီး အျခားေသာ အမ်ိဳးသား တစ္ဦးကလည္း မုိက္ကယ္ထံ လာေရာက္ၿပီး သူ႔ရဲ႕ လုပ္ရပ္ကို ဂုဏ္ျပဳခ့ဲေၾကာင္း သိရွိ ရပါတယ္။ ဒီဗီဒီယိုကုိေတာ့ အြန္လုိင္းေပၚမွ ပရိသတ္ေတြကေတာ့ ေဝဖန္ခ်က္ အမ်ိဳးမ်ိဳး ျပဳလုပ္ခ့ဲၾကၿပီး ယူႏုိက္တက္ ပရိသတ္ေတြကေတာ့ အဆိုပါ လုပ္ရပ္ကို ဝုိင္းဝန္း အားေပးခ့ဲၾကေပမယ့္ ပရိသတ္တစ္ဦးကေတာ့ “ကြင္းထဲမွာ မန္စီးတီးက ယူႏုိက္တက္ အသင္းကို လုပ္သလုိ ပုံစံမ်ိဳးပဲ။” ဟုလည္း ယူႏုိက္တက္ကို ေလွာင္ေျပာင္ခ့ဲပါတယ္။

သူ႔ရဲ႕ လုပ္ရပ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း မုိက္ကယ္က “ဒီပြဲက ကြ်န္ေတာ့္ သူငယ္ခ်င္းရဲ႕ (၆) ႏွစ္ အရြယ္ သမီးေလး မႏွစ္က အျပင္းဖ်ားၿပီး ကြယ္လြန္သြားခ့ဲတ့ဲ အတြက္ ရည္ရြယ္ၿပီး က်င္းပခ့ဲတာပါ။ ကြ်န္ေတာ္ အၿမဲတမ္း ဒီလို ပရဟိတ ေလလံပြဲေတြကုိ သြားေနက်ျဖစ္ၿပီး တစ္ခုခုလည္း ရေအာင္ ဝယ္ေလ့ ရွိပါတယ္။ အခုဒီဂ်ာစီက ေလလံပြဲေတြမွာ ကြ်န္ေတာ္ ေနာက္ဆံုး ဝယ္မယ့္ ပစၥည္း ျဖစ္တာေၾကာင့္ ေပါင္ (၂၀၀) အထိ ေပးၿပီး ဝယ္ခ့ဲတာပါ။ ကြ်န္ေတာ္က ယူႏုိက္တက္ ပရိသတ္ တစ္ေယာက္ ျဖစ္ၿပီး ဘဝ တစ္ေလွ်ာက္လံုး အၿမဲတမ္း တစ္ရာသီစာ လက္မွတ္ ကိုင္ေဆာင္ရင္း အားေပးခ့ဲတာပါ။ အ့ဲဒါေၾကာင့္ ဒီဂ်ာစီကုိ အိမ္သယ္သြားဖုိ႔ဆုိတာ မျဖစ္ႏုိင္ပါဘူး။ တကယ္လို႔ တစ္ေယာက္ေယာက္သာ ယူႏုိက္တက္ ဂ်ာစီကို ဒီလို လုပ္ခ့ဲမယ္ဆုိရင္ အ့ဲဒီလူက ဟိုတယ္ထဲကေန အသက္ရွင္လ်က္ ထြက္သြားႏုိင္မွာ မဟုတ္ပါဘူး။” ဟု ဖြင့္ဟ ေျပာၾကားမႈမ်ား ျပဳလုပ္ သြားခ့ဲေၾကာင္း သိရွိ ရပါတယ္။

Unicode

မိုက်ကယ်ကူနေးဟု အမည်ရတဲ့ ယူနိုက်တက် ပရိသတ် တစ်ယောက်ဟာ အဂွေရိုရဲ့ဂျာစီကို ပေါင် (၂၀၀) ဖြင့် လေလံဆွဲဝယ်ယူခဲ့ပြီးနောက် နေရာမှာတင် ကြမ်းပြင်ပေါ်ချနင်းကာ ခြေထောက်နဲ့ ကြမ်းတိုက်ခဲ့ကြောင်း သိရှိ ရပါတယ်။ မန်ချက်စတာမြို့မှာ ရှိတဲ့ Midland ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ပရဟိတ လေလံပွဲမှာ အသက် (၃၇) နှစ် အရွယ် အမျိုးသားဟာ အခုလိုပဲ (၂၀၁၂) ခုနှစ်က ဖြစ်ရပ်နဲ့ ပတ်သက်ပြီး လက်စားချေခဲ့တာ ဖြစ်ပါတယ်။

(၂၀၁၂) ခုနှစ်က ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ မန်စီးတီး အသင်းက အဂွေရိုရဲ့ နောက်ဆုံး မိနစ် အသည်းခွဲဂိုးနဲ့ အတူ ပရီးမီးယားလိဂ် ဖလားကြီးကို ရယူသွားခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ မမေ့နိုင်စရာ ဖြစ်ရပ် တစ်ခု အဖြစ် နာနာကြည်းကြည်း အမှတ်ရနေတာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တဲ့ အဆိုပါ ဗီဒီယိုမှာ မိုက်ကယ်က အဂွေရို လက်မှတ် ထိုးထားတဲ့ မန်စီးတီး ဂျာစီကို ရယူပြီး ကြမ်းပြင်ပေါ်ပစ်ချကာ အဲ့ဂျာစီအပေါ် ခြေထောက်နဲ့ တက်နင်းပြီး ကြမ်းတိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လုပ်ရပ်ကို ပွဲအတွင်း ရောက်ရှိနေသူများကလည်း ဝိုင်းဝန်း လက်ခုပ်တီး အားပေးခဲ့ကြပြီး အခြားသော အမျိုးသား တစ်ဦးကလည်း မိုက်ကယ်ထံ လာရောက်ပြီး သူ့ရဲ့ လုပ်ရပ်ကို ဂုဏ်ပြုခဲ့ကြောင်း သိရှိ ရပါတယ်။ ဒီဗီဒီယိုကိုတော့ အွန်လိုင်းပေါ်မှ ပရိသတ်တွေကတော့ ဝေဖန်ချက် အမျိုးမျိုး ပြုလုပ်ခဲ့ကြပြီး ယူနိုက်တက် ပရိသတ်တွေကတော့ အဆိုပါ လုပ်ရပ်ကို ဝိုင်းဝန်း အားပေးခဲ့ကြပေမယ့် ပရိသတ်တစ်ဦးကတော့ “ကွင်းထဲမှာ မန်စီးတီးက ယူနိုက်တက် အသင်းကို လုပ်သလို ပုံစံမျိုးပဲ။” ဟုလည်း ယူနိုက်တက်ကို လှောင်ပြောင်ခဲ့ပါတယ်။

သူ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့လည်း မိုက်ကယ်က “ဒီပွဲက ကျွန်တော့် သူငယ်ချင်းရဲ့ (၆) နှစ် အရွယ် သမီးလေး မနှစ်က အပြင်းဖျားပြီး ကွယ်လွန်သွားခဲ့တဲ့ အတွက် ရည်ရွယ်ပြီး ကျင်းပခဲ့တာပါ။ ကျွန်တော် အမြဲတမ်း ဒီလို ပရဟိတ လေလံပွဲတွေကို သွားနေကျဖြစ်ပြီး တစ်ခုခုလည်း ရအောင် ဝယ်လေ့ ရှိပါတယ်။ အခုဒီဂျာစီက လေလံပွဲတွေမှာ ကျွန်တော် နောက်ဆုံး ဝယ်မယ့် ပစ္စည်း ဖြစ်တာကြောင့် ပေါင် (၂၀၀) အထိ ပေးပြီး ဝယ်ခဲ့တာပါ။ ကျွန်တော်က ယူနိုက်တက် ပရိသတ် တစ်ယောက် ဖြစ်ပြီး ဘဝ တစ်လျှောက်လုံး အမြဲတမ်း တစ်ရာသီစာ လက်မှတ် ကိုင်ဆောင်ရင်း အားပေးခဲ့တာပါ။ အဲ့ဒါကြောင့် ဒီဂျာစီကို အိမ်သယ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်လို့ တစ်ယောက်ယောက်သာ ယူနိုက်တက် ဂျာစီကို ဒီလို လုပ်ခဲ့မယ်ဆိုရင် အဲ့ဒီလူက ဟိုတယ်ထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ပါဘူး။” ဟု ဖွင့်ဟ ပြောကြားမှုများ ပြုလုပ် သွားခဲ့ကြောင်း သိရှိ ရပါတယ်။