ဂိမ္းထဲမွာမက္ဆီကိုဝယ္ဖို႔ မိဘေတြရဲ႕ ဘဏ္အေကာင့္ကို ေျပာင္ေအာင္သံုးခ့ဲတ့ဲ ကေလး (၄) ေယာက္

ကေလး (၄) ေယာက္ဟာ FIFA 19 ဂိမ္းထဲမွာ မက္ဆီကို ဝယ္ဖို႔ အတြက္ အေဖ့ဘဏ္အေကာင့္ထဲ ရွိတ့ဲ ေဒၚလာ (၅၅၀) ကုိ အေဖမသိေအာင္ အကုန္ သံုးပစ္ခ့ဲေၾကာင္း သိရွိ ရပါတယ္။ FIFA ဂိမ္းေဆာ့သူေတြအေနနဲ႔ သူတုိ႔ရဲ႕ အသင္းေတြကို တုိးတက္ဖုိ႔ အတြက္ Pack မ်ားျဖင့္ ကစားသမားမ်ားကို ဝယ္ယူရၿပီး ဖခင္ျဖစ္သူက ကစားသမား တစ္ေယာက္ကုိ ဝယ္ယူေပးၿပီးခ်ိန္မွာ ကေလးေတြက အခုလုိပဲ အေဖ မသိေအာင္ ေဒၚလာ ရာနဲ႔ခ်ီ ထပ္မံ အသံုးျပဳခ့ဲတာလည္း ျဖစ္ပါတယ္။

ေသာမတ္စ္ကာတာနဲ႔ သူ႔ရဲ႕ ဇနီးျဖစ္သူတုိ႔ဟာ ဘဏ္ကတ္ထဲ ပိုက္ဆံ တစ္ျပားမွမရွိေတာ့တာေၾကာင့္ ကတ္အသံုးျပဳခြင့္ ပိတ္သြားခ်ိန္မွသာ ဒီအျဖစ္အပ်က္ကုိ သတိထားမိခ့ဲတာလည္း ျဖစ္ပါတယ္။ BBC သတင္း ဌာနနဲ႕ေတြ႕ဆံုခ်ိန္ရာ၌ ဖခင္ျဖစ္သူ ေသာမတ္စ္ကာတာက “ကြ်န္ေတာ့္ ကေလးေတြ ဒီလုိမ်ိဳး လုပ္လိမ့္မယ္လို႔ ကြ်န္ေတာ္ စဥ္းေတာင္ မစဥ္းစားခ့ဲမိပါဘူး။” ဟု ရင္ဖြင့္ သြားခ့ဲပါတယ္။

ဒါေပမယ့္ Nintendo ကုမၸဏီကေတာ့ အဆုိပါ ပိုက္ဆံမ်ားကို ျပန္ေပး သြားမွာ ျဖစ္ၿပီး ကေလးေတြ ဝယ္ယူထားတ့ဲ ကစားသမားေတြ အားလံုးကိုလည္း ျပန္လည္ ပယ္ဖ်က္ေပးသြားမွာ ျဖစ္ေၾကာင္း သေဘာတူညီမႈ ရရွိခ့ဲပါတယ္။ ဒါ့အျပင္ ဖခင္ျဖစ္သူကလည္း EA ရဲ႕ ဒီဂိမ္းဟာ ေဆာ့ကစားသူေတြကို အေလာင္းအစား ျပဳလုပ္ဖုိ႔ အားေပးရာေရာက္ၿပီး Pack မ်ားကုိ ဝယ္ယူဖို႔ အတင္းအက်ပ္ဖိအားေပးတ့ဲ သေဘာမ်ိဳး ျဖစ္တယ္လို႔ ဆုိပါတယ္။

ေသာမတ္စ္ကာတာက “ခင္ဗ်ားက ဒီဂိမ္းအတြက္ ေပါင္ (၄၀) ေပးခ့ဲေပမယ့္ ထိပ္တန္း အသင္း တစ္သင္း ျဖစ္လာဖို႔ အတြက္ ေလာင္းကစား လုပ္ဖုိ႔ လိုအပ္ပါေသးတယ္။ ကြ်န္ေတာ့္ ကေလးေတြက ေပါင္ (၅၅၀) ကို အကုန္ သံုးစြဲ ပစ္ခ့ဲေပမယ့္ သူတုိ႔ စိတ္ႀကိဳက္ ကစားသမားျဖစ္တ့ဲ မက္ဆီကို မရခ့ဲပါဘူး။” ဟု ေျပာၾကားခ့ဲေၾကာင္းလည္း သိရွိ ရပါတယ္။

Unicode

ကလေး (၄) ယောက်ဟာ FIFA 19 ဂိမ်းထဲမှာ မက်ဆီကို ဝယ်ဖို့ အတွက် အဖေ့ဘဏ်အကောင့်ထဲ ရှိတဲ့ ဒေါ်လာ (၅၅၀) ကို အဖေမသိအောင် အကုန် သုံးပစ်ခဲ့ကြောင်း သိရှိ ရပါတယ်။ FIFA ဂိမ်းဆော့သူတွေအနေနဲ့ သူတို့ရဲ့ အသင်းတွေကို တိုးတက်ဖို့ အတွက် Pack များဖြင့် ကစားသမားများကို ဝယ်ယူရပြီး ဖခင်ဖြစ်သူက ကစားသမား တစ်ယောက်ကို ဝယ်ယူပေးပြီးချိန်မှာ ကလေးတွေက အခုလိုပဲ အဖေ မသိအောင် ဒေါ်လာ ရာနဲ့ချီ ထပ်မံ အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။

သောမတ်စ်ကာတာနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ ဘဏ်ကတ်ထဲ ပိုက်ဆံ တစ်ပြားမှမရှိတော့တာကြောင့် ကတ်အသုံးပြုခွင့် ပိတ်သွားချိန်မှသာ ဒီအဖြစ်အပျက်ကို သတိထားမိခဲ့တာလည်း ဖြစ်ပါတယ်။ BBC သတင်း ဌာနနဲ့တွေ့ဆုံချိန်ရာ၌ ဖခင်ဖြစ်သူ သောမတ်စ်ကာတာက “ကျွန်တော့် ကလေးတွေ ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ကျွန်တော် စဉ်းတောင် မစဉ်းစားခဲ့မိပါဘူး။” ဟု ရင်ဖွင့် သွားခဲ့ပါတယ်။

ဒါပေမယ့် Nintendo ကုမ္ပဏီကတော့ အဆိုပါ ပိုက်ဆံများကို ပြန်ပေး သွားမှာ ဖြစ်ပြီး ကလေးတွေ ဝယ်ယူထားတဲ့ ကစားသမားတွေ အားလုံးကိုလည်း ပြန်လည် ပယ်ဖျက်ပေးသွားမှာ ဖြစ်ကြောင်း သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူကလည်း EA ရဲ့ ဒီဂိမ်းဟာ ဆော့ကစားသူတွေကို အလောင်းအစား ပြုလုပ်ဖို့ အားပေးရာရောက်ပြီး Pack များကို ဝယ်ယူဖို့ အတင်းအကျပ်ဖိအားပေးတဲ့ သဘောမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

သောမတ်စ်ကာတာက “ခင်ဗျားက ဒီဂိမ်းအတွက် ပေါင် (၄၀) ပေးခဲ့ပေမယ့် ထိပ်တန်း အသင်း တစ်သင်း ဖြစ်လာဖို့ အတွက် လောင်းကစား လုပ်ဖို့ လိုအပ်ပါသေးတယ်။ ကျွန်တော့် ကလေးတွေက ပေါင် (၅၅၀) ကို အကုန် သုံးစွဲ ပစ်ခဲ့ပေမယ့် သူတို့ စိတ်ကြိုက် ကစားသမားဖြစ်တဲ့ မက်ဆီကို မရခဲ့ပါဘူး။” ဟု ပြောကြားခဲ့ကြောင်းလည်း သိရှိ ရပါတယ်။