ယေန႕ ေနာက္ဆံုးရလွဳပ္လွဳပ္ရွားရွားအေျပာင္းအေရႊ႕ႏွင့္ အျခားသတင္းတိုမ်ား (11.7.19)

၁။ ယုိကိုဟားမား အက္ဖ္စီနဲ႕ လက္မွတ္ထိုးလုိက္သည့္ နာကာမူရာ

အရင္ ဆဲလ္တစ္ၾကယ္ပြင့္ကစားသမားေဟာင္း နာကာမူရာဟာ ယုိကုိဟားမားအက္ဖ္စီအသင္းနဲ႕လက္မွတ္ေရးထိုးခဲ့ျပီးေနာက္ အသက္ ၄၁ နွစ္ရွိျပီျဖစ္သည့္ ကစားသမားဘဝကုိ ဆက္လက္ဆန္႕ထုတ္ႏို္င္ခဲ့သည္။ နာကာမူရာဟာ ဆဲလ္တစ္အသင္းအတြက္ ၂၀၀၅-၀၉ ထိကစားေပးခဲ့သူျဖစ္ျပီး ၁၂၈ ပြဲကစားေပးခဲ့ရာတြင္ ၂၉ ဂိုးသြင္းယူေပးႏုိင္ခဲ့ပါတယ္။ အဲဒီေနာက္ အက္စ္ပန္ညိဳ၊ ယိုကုိဟားမား မာရီေနာစ့္၊ ဂ်ဴဘီလိုအီဝါတာအသင္းေတြမွာ ဆက္လက္ကစားခဲ့ပါတယ္။ ကစားသမား
ဘဝတြင္ နာကာမူရာရဲ႕ ျပစ္ဒဏ္ေဘာကန္ခ်က္ေတြဟာ ေက်ာ္ၾကားလွပါတယ္။

၂။ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္အတြက္ ေဈးေတြအရမ္းေတာင္းလြန္းတယ္လုိ႕ နာပိုလီဥကၠ႒ေျပာ

စီးရီးေအ ကလပ္အသင္း နာပိုလီဥကၠ႒ ေအာ္ရယ္လီယုိဒီ ေလာရန္တီးစ္ရဲ႕ ေျပာၾကားခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ နာပိုလီအသင္းအလုိရွိေနသည့္ သူတုိရဲ႕ကစားသမား ဂ်ိမး္စ္ရိုဒရီဂြက္ဇ္အတြက္ေဈးႏွဳန္းေတြ မတန္တဆ ေတာင္းဆုိေနပါတယ္ဟုသိရသည္။ ကိုလံဘီယာလက္ေရြးစင္ကစားသမားဟာ လက္ရွိနာပိုလီနည္းျပ အန္ဆေလာ့တီနဲ႕ ရီးရဲလ္မက္ဒရစ္ႏွင့္ ဘုိင္ယန္ျမဴးနစ္အသင္းတို႕မွာတုန္းကအတူအလုပ္တြဲလုပ္ခဲ့ဖူးပါတယ္။ နာပိုလီအသင္းဟာ ဂ်ိမ္းစ္ကုိ စီးရီးေအထံေခၚယူလာဖို႕အတြက္ ၾကိဳးစားေနေၾကာင္းအား ေလာ္ရန္တီးစ္က အတည္ျပဳထားခဲ့သည္။

၃။ ယူႏုိက္တက္ကေန စြန္႕လစ္ခ်င္ေနျပီျဖစ္သည့္ လူကာကူ

ESPN FC သတင္းရဲ႕ေဖာ္ျပခ်က္အရ တုိက္စစ္မွဴး ရိုမဲလူ လူကာကူဟာ အသင္းကေန စြန္႕ခြာျခင္ေၾကာင္းအား မန္ခ်က္စတာယူႏုိ္က္တက္အသင္းထံ ေျပာခဲ့ျပီးျဖစ္လုိ႕ အင္တာမီလန္အသင္းသို႕ ပူးေပါင္းရန္နီးစပ္လာျပီျဖစ္ေၾကာင္းသိရသည္။ ဘဲလ္ဂ်ီယမ္လက္ေရြးစင္ဟာ ယူႏုိက္တက္အသင္းရဲ႕ ပထမပြဲထြက္ကစားခြင့္အား
ဆံုးရွံဴးရမယ္လုိ႕ ခံစားေနရလုို႕ ထြက္ခြာခ်င္ေနပါတယ္။ လူကာကူအတြက္ မည္သည့္ကမ္းလွမ္းခ်က္မွ်မရွိပါဘူးဟု အုိလီဂန္နာဆုိးလ္ရွားက အတည္ျပဳခဲ့ျပီးေနာက္ လူကာကူအား ပြဲထြက္ကစားခြင့္တုိက္ပြဲဝင္ရန္အတြက္ ဆုိးလ္ရွားက ခ်ဥ္းကပ္မူေတြ ျပဳလုပ္ေနပါတယ္။ သိရွိရတဲ့သတင္းေတြအရ ယူႏုိ္က္တက္ဟာ လူကာ
ကူအား လက္လြႊတ္ရမည္ဆုိပါကလည္း ေပါင္သန္း ၈၀ ေအာက္ထစ္ရမွသာလက္လႊတ္ခ်င္ေနျပီး အငွား (သို႕)ကစားသမားအလွယ္အထပ္အား လံုးဝမျပဳလုပ္ခ်င္ပါဘူး။

၄။ ကြန္ဆာအား ေပါင္ ၁၂ သန္းျဖင့္ အက္စ္တြန္ဗီလာအသင္းအျပီးသတ္ေခၚယူ

Sky Sports News သတင္းအရ ဗုဒၶဟူးေန႕ညတုန္းက ဘရန္ဖိ္ုဒ့္ေနာက္ခံလူအား ေဆးစစ္မူေအာင္ျမင္ခဲ့ျပီးေနာက္ အက္ဇ္ရီကြန္ဆာအား ေပါင္ ၁၂ သန္းျဖင့္ အက္စ္တြန္ဗီလာအသင္းက အျပီးသတ္ေခၚယူႏုိင္ခဲ့ျပီျဖစ္သည္။ အဂၤလန္ ယူ-၂၁ ကစားသမားဟာ အက္စ္တြန္ဗီလာအသင္းရဲ႕ ေနာက္ထပ္အားျဖည့္ေခၚယူ
ခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့ပါျပီ။

၅။ ဒီလစ္အား ယူရို ၆၇ သန္းျဖင့္ထပ္မံတုိးျမွင့္ကမ္းလွမ္းလုိက္သည့္ ဂ်ဴဗင္တပ္စ္

De Telegraaf သတင္းအရ ေအဂ်က္ေနာက္ခံလူ မတ္သီးစ္ဒီလစ္အား ယူရို ၆၇ သန္းျဖင့္ ဂ်ဴဗင္တပ္စ္အသင္းကထပ္မံ တုိးျမွင့္ကမ္းလွမ္းခဲ့ေၾကာင္းသိရသည္။ ဒီလစ္ဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႕ ပုဂၢိဳလ္ေရးဆုိင္ရာသေဘာတူညီမူရရွိထားခဲ့ျပီးျဖစ္ကာ ဒါေပမယ့္ ေအဂ်က္စ္အသင္းက ေဟာ္လန္လက္ေရြးစင္ဗဟုိေနာက္ခံလူအတြက္ယူရို ၇၅ သန္းအလိုရွိေနပါတယ္။ စီးရီးေအ ခ်န္ပီယံၾကီးဟာ ဒီအပါတ္ထဲတြင္ ဒီလစ္ကိုေခၚယူမူအား အျပီးသတ္ေဆာင္ရြက္ခ်င္ေနျပီး လာမည္စေနေန႕တြင္ လက္မွတ္ေရးထိုးမူအား ျပဳလုပ္ခ်င္ေနပါတယ္။ အာရွကို ေျခစမ္းပြဲခရီးထြက္မည့္ လူစာရင္းထဲကုိေပါင္းထည့္ခ်င္ေနပါတယ္။

၆။ နည္းျပေဟာင္းကုိျပန္လည္ခ်ဥ္းကပ္ခဲ့သည့္ နယူးကာဆယ္ အဆင္မေျပျဖစ္္ခဲ့

ရာဖားဘန္နီတက္္ဇ္ရဲ႕ ေနရာကုိအစားထိုးဖို႕အတြက္ အရင္နည္းျပေဟာင္းျဖစ္ခဲ့သူ ဆမ္အလာဒုိက္စ္အားနယူးကာဆယ္အသင္းက ခ်ဥ္းကပ္မူျပဳလုပ္ခဲ့ရာ အလာဒိုက္စ္က ပယ္ခ်ခဲ့ေၾကာင္းသိရသည္။ အသက္ ၆၄ နွစ္အရြယ္ နည္းျပေဟာင္းၾကီးဟာ ၂၀၀၈ ခုႏွစ္တုန္းက စိန္႕ဂ်ိမ္းစ္ပါတ္ခ့္မွာ အလုပ္လုပ္ခဲ့သူပါ။ အသင္း
ေဟာင္းသို႕ ျပန္လာရန္ စိတ္ဝင္စားျခင္းမရွိလုိ႕ ပယ္ခ်ခဲ့ေၾကာင္း အလာဒုိက္စ္က ေျပာခဲ့သည္။

၇။ ဘာစီလိုနာသို႕ ေနမာျပန္လာတာကို အလုိရွိေနခဲ့သည့္ ရီဗယ္ဒို

ဘရာဇီးလ္ ဂႏၱဝင္ေဘာလံုးသမားေဟာင္းၾကီး ရီဗယ္ဒိုက ဘာစီလိုနာအသင္းသို႕ ေနမာျပန္လာတာကို ျမင္ခ်င္ေၾကာင္း ေျပာလုိက္သည္။ ဒီေႏြရာသီအေျပာင္းအေရႊ႕ေဈးကြက္တြင္ အသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလ္ကစားသမားဟာ ပီအက္စ္ဂ်ီအသင္းနဲ႕ ေဝးရာသို႕ေရာက္သြားႏုိင္ရန္အတြက္ ခ်ိတ္ဆက္ျခင္းမ်ားခံခဲ့ရျပီးျဖစ္
ပါတယ္။ ပီအက္စ္ဂ်ီအသင္းရဲ႕ ဒီရာသီ ပထမဆံုးေလ့က်င့္ခန္းျပန္ဆင္းရက္မွာ ပ်က္ကြက္ခဲ့ျပီး သတင္းေပးပို႕အေၾကာင္းၾကားျခင္းလည္းမရွိခဲ့တဲ့ ေနမာကုိ ပီအက္စ္ဂ်ီအသင္းက ထြက္ခြာခြင့္ေပးဖို႕ နီးစပ္ေနပါတယ္ဟုသိရွိရတဲ့ သတင္းမ်ားအရ သိရသည္။

၈။ ဘာဂ္ဝင့္ခ်္အတြက္ ေနာက္ဆံုးခ်ိန္သတ္မွတ္ထားသည္ကုိ ေအးဂ်င့္ျငင္းဆုိ

ပီအက္စ္ဗြီကေန ဘိုင္ယန္ျမဴးနစ္အသင္းသို႕ အလားအလာရွိေသာ ေျပာင္းေရႊ႕မူေတြရွိေနသည့္ ၎ရဲ႕ကစားသမားအတြက္ ေနာက္ဆံုးအခ်ိန္သတ္မွတ္ခ်က္မ်ား
ထားရွိထားသည္ဆုိသည့္အပေၚ စတီဗင္ဘာဂ္ဝင့္ခ်္ရဲ႕ ေအးဂ်င့္က ျငင္းဆုိလုိက္သည္။ ဒီအပါတ္ေနာက္ဆံုးထားရွိ၍ ဘို္င္ယန္ျမဴးနစ္အသင္းက အျေပာင္းအေရႊ႕ကို
ျပီးေျမာက္ရန္လုပ္ေဆာင္ဖုိ႕ ေးအဂ်င့္ ဖူလ္ကိုဗန္ကူပါရန္က ေတာင္းဆုိထားခဲသည္ဟု သတင္းေတြထြက္ေပၚခဲ့ပါတယ္။ ဒါေပမယ့္ ဗန္ကူပါရန္က ESPN သုိ႕
” ကၽြန္ေတာ္တို႕ရဲ႕ သည္းခံမူကုန္ဆံုးခဲ့ပါတယ္လုိ႕ ဘယ္တုန္းကမွ မေျပာခဲ့ပါဘူး။ ဘုိင္ယန္ျမဴးနစ္အသင္းဟာ ဂရိတ္ကလပ္တစ္သင္းပါ။ စတီဗင္ဘာဂ္ဝင့္ခ်္ကို
စိတ္ဝင္စားေနတာဟာ တစ္ကယ့္ကုိေကာင္းမြန္မူတစ္ခုပါ။ သူတို႕ေတြလုိအပ္တဲ့အခ်ိန္အတုိင္းအတာကို သူတို႕ေတြရယူႏုိင္ပါတယ္ ” ဟုေျပာၾကားခဲ့သည္။

#latest_news

Unicode

၁။ ယိုကိုဟားမား အက်ဖ်စီနဲ့ လက်မှတ်ထိုးလိုက်သည့် နာကာမူရာ

အရင် ဆဲလ်တစ်ကြယ်ပွင့်ကစားသမားဟောင်း နာကာမူရာဟာ ယိုကိုဟားမားအက်ဖ်စီအသင်းနဲ့လက်မှတ်ရေးထိုးခဲ့ပြီးနောက် အသက် ၄၁ နှစ်ရှိပြီဖြစ်သည့် ကစားသမားဘဝကို ဆက်လက်ဆန့်ထုတ်နိုင်ခဲ့သည်။ နာကာမူရာဟာ ဆဲလ်တစ်အသင်းအတွက် ၂၀၀၅-၀၉ ထိကစားပေးခဲ့သူဖြစ်ပြီး ၁၂၈ ပွဲကစားပေးခဲ့ရာတွင် ၂၉ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အက်စ်ပန်ညို၊ ယိုကိုဟားမား မာရီနောစ့်၊ ဂျူဘီလိုအီဝါတာအသင်းတွေမှာ ဆက်လက်ကစားခဲ့ပါတယ်။ ကစားသမားဘဝတွင် နာကာမူရာရဲ့ ပြစ်ဒဏ်ဘောကန်ချက်တွေဟာ ကျော်ကြားလှပါတယ်။

၂။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် ဈေးတွေအရမ်းတောင်းလွန်းတယ်လို့ နာပိုလီဥက္ကဋ္ဌပြော

စီးရီးအေ ကလပ်အသင်း နာပိုလီဥက္ကဋ္ဌ အော်ရယ်လီယိုဒီ လောရန်တီးစ်ရဲ့ ပြောကြားချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ နာပိုလီအသင်းအလိုရှိနေသည့် သူတိုရဲ့ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက်ဈေးနှုန်းတွေ မတန်တဆ တောင်းဆိုနေပါတယ်ဟုသိရသည်။ ကိုလံဘီယာလက်ရွေးစင်ကစားသမားဟာ လက်ရှိနာပိုလီနည်းပြ အန်ဆလော့တီနဲ့ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့မှာတုန်းကအတူအလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။ နာပိုလီအသင်းဟာ ဂျိမ်းစ်ကို စီးရီးအေထံခေါ်ယူလာဖို့အတွက် ကြိုးစားနေကြောင်းအား လော်ရန်တီးစ်က အတည်ပြုထားခဲ့သည်။

၃။ ယူနိုက်တက်ကနေ စွန့်လစ်ချင်နေပြီဖြစ်သည့် လူကာကူ

ESPN FC သတင်းရဲ့ဖော်ပြချက်အရ တိုက်စစ်မှူး ရိုမဲလူ လူကာကူဟာ အသင်းကနေ စွန့်ခွာခြင်ကြောင်းအား မန်ချက်စတာယူနိုက်တက်အသင်းထံ ပြောခဲ့ပြီးဖြစ်လို့ အင်တာမီလန်အသင်းသို့ ပူးပေါင်းရန်နီးစပ်လာပြီဖြစ်ကြောင်းသိရသည်။ ဘဲလ်ဂျီယမ်လက်ရွေးစင်ဟာ ယူနိုက်တက်အသင်းရဲ့ ပထမပွဲထွက်ကစားခွင့်အားဆုံးရှူံးရမယ်လို့ ခံစားနေရလို့ ထွက်ခွာချင်နေပါတယ်။ လူကာကူအတွက် မည်သည့်ကမ်းလှမ်းချက်မျှမရှိပါဘူးဟု အိုလီဂန်နာဆိုးလ်ရှားက အတည်ပြုခဲ့ပြီးနောက် လူကာကူအား ပွဲထွက်ကစားခွင့်တိုက်ပွဲဝင်ရန်အတွက် ဆိုးလ်ရှားက ချဉ်းကပ်မူတွေ ပြုလုပ်နေပါတယ်။ သိရှိရတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ လူကာကူအား လက်လွှတ်ရမည်ဆိုပါကလည်း ပေါင်သန်း ၈၀ အောက်ထစ်ရမှသာလက်လွှတ်ချင်နေပြီး အငှား (သို့)ကစားသမားအလှယ်အထပ်အား လုံးဝမပြုလုပ်ချင်ပါဘူး။

၄။ ကွန်ဆာအား ပေါင် ၁၂ သန်းဖြင့် အက်စ်တွန်ဗီလာအသင်းအပြီးသတ်ခေါ်ယူ

Sky Sports News သတင်းအရ ဗုဒ္ဓဟူးနေ့ညတုန်းက ဘရန်ဖိုဒ့်နောက်ခံလူအား ဆေးစစ်မူအောင်မြင်ခဲ့ပြီးနောက် အက်ဇ်ရီကွန်ဆာအား ပေါင် ၁၂ သန်းဖြင့် အက်စ်တွန်ဗီလာအသင်းက အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။ အင်္ဂလန် ယူ-၂၁ ကစားသမားဟာ အက်စ်တွန်ဗီလာအသင်းရဲ့ နောက်ထပ်အားဖြည့်ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါပြီ။

၅။ ဒီလစ်အား ယူရို ၆၇ သန်းဖြင့်ထပ်မံတိုးမြှင့်ကမ်းလှမ်းလိုက်သည့် ဂျူဗင်တပ်စ်

De Telegraaf သတင်းအရ အေဂျက်နောက်ခံလူ မတ်သီးစ်ဒီလစ်အား ယူရို ၆၇ သန်းဖြင့် ဂျူဗင်တပ်စ်အသင်းကထပ်မံ တိုးမြှင့်ကမ်းလှမ်းခဲ့ကြောင်းသိရသည်။ ဒီလစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမူရရှိထားခဲ့ပြီးဖြစ်ကာ ဒါပေမယ့် အေဂျက်စ်အသင်းက ဟော်လန်လက်ရွေးစင်ဗဟိုနောက်ခံလူအတွက်ယူရို ၇၅ သန်းအလိုရှိနေပါတယ်။ စီးရီးအေ ချန်ပီယံကြီးဟာ ဒီအပါတ်ထဲတွင် ဒီလစ်ကိုခေါ်ယူမူအား အပြီးသတ်ဆောင်ရွက်ချင်နေပြီး လာမည်စနေနေ့တွင် လက်မှတ်ရေးထိုးမူအား ပြုလုပ်ချင်နေပါတယ်။ အာရှကို ခြေစမ်းပွဲခရီးထွက်မည့် လူစာရင်းထဲကိုပေါင်းထည့်ချင်နေပါတယ်။

၆။ နည်းပြဟောင်းကိုပြန်လည်ချဉ်းကပ်ခဲ့သည့် နယူးကာဆယ် အဆင်မပြေဖြစ်ခဲ့

ရာဖားဘန်နီတက်ဇ်ရဲ့ နေရာကိုအစားထိုးဖို့အတွက် အရင်နည်းပြဟောင်းဖြစ်ခဲ့သူ ဆမ်အလာဒိုက်စ်အားနယူးကာဆယ်အသင်းက ချဉ်းကပ်မူပြုလုပ်ခဲ့ရာ အလာဒိုက်စ်က ပယ်ချခဲ့ကြောင်းသိရသည်။ အသက် ၆၄ နှစ်အရွယ် နည်းပြဟောင်းကြီးဟာ ၂၀၀၈ ခုနှစ်တုန်းက စိန့်ဂျိမ်းစ်ပါတ်ခ့်မှာ အလုပ်လုပ်ခဲ့သူပါ။ အသင်း
ဟောင်းသို့ ပြန်လာရန် စိတ်ဝင်စားခြင်းမရှိလို့ ပယ်ချခဲ့ကြောင်း အလာဒိုက်စ်က ပြောခဲ့သည်။

၇။ ဘာစီလိုနာသို့ နေမာပြန်လာတာကို အလိုရှိနေခဲ့သည့် ရီဗယ်ဒို

ဘရာဇီးလ် ဂန္တဝင်ဘောလုံးသမားဟောင်းကြီး ရီဗယ်ဒိုက ဘာစီလိုနာအသင်းသို့ နေမာပြန်လာတာကို မြင်ချင်ကြောင်း ပြောလိုက်သည်။ ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းနဲ့ ဝေးရာသို့ရောက်သွားနိုင်ရန်အတွက် ချိတ်ဆက်ခြင်းများခံခဲ့ရပြီးဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ဒီရာသီ ပထမဆုံးလေ့ကျင့်ခန်းပြန်ဆင်းရက်မှာ ပျက်ကွက်ခဲ့ပြီး သတင်းပေးပို့အကြောင်းကြားခြင်းလည်းမရှိခဲ့တဲ့ နေမာကို ပီအက်စ်ဂျီအသင်းက ထွက်ခွာခွင့်ပေးဖို့ နီးစပ်နေပါတယ်ဟုသိရှိရတဲ့ သတင်းများအရ သိရသည်။

၈။ ဘာဂ်ဝင့်ချ်အတွက် နောက်ဆုံးချိန်သတ်မှတ်ထားသည်ကို အေးဂျင့်ငြင်းဆို

ပီအက်စ်ဗွီကနေ ဘိုင်ယန်မြူးနစ်အသင်းသို့ အလားအလာရှိသော ပြောင်းရွှေ့မူတွေရှိနေသည့် ၎င်းရဲ့ကစားသမားအတွက် နောက်ဆုံးအချိန်သတ်မှတ်ချက်များထားရှိထားသည်ဆိုသည့်အပေါ် စတီဗင်ဘာဂ်ဝင့်ချ်ရဲ့ အေးဂျင့်က ငြင်းဆိုလိုက်သည်။ ဒီအပါတ်နောက်ဆုံးထားရှိ၍ ဘိုင်ယန်မြူးနစ်အသင်းက အြပောင်းအရွှေ့ကိုပြီးမြောက်ရန်လုပ်ဆောင်ဖို့ ေးအဂျင့် ဖူလ်ကိုဗန်ကူပါရန်က တောင်းဆိုထားခဲသည်ဟု သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဗန်ကူပါရန်က ESPN သို့ ” ကျွန်တော်တို့ရဲ့ သည်းခံမူကုန်ဆုံးခဲ့ပါတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂရိတ်ကလပ်တစ်သင်းပါ။ စတီဗင်ဘာဂ်ဝင့်ချ်ကိုစိတ်ဝင်စားနေတာဟာ တစ်ကယ့်ကိုကောင်းမွန်မူတစ်ခုပါ။ သူတို့တွေလိုအပ်တဲ့အချိန်အတိုင်းအတာကို သူတို့တွေရယူနိုင်ပါတယ် ” ဟုပြောကြားခဲ့သည်။