ဘာစီလိုနာအသင္း ခ်န္ပီယံလိဂ္ ဖလားရဖုိ႔ ဖိအားပိုမ်ားေနၿပီလား ???

ဘာစီလိုနာ အသင္းရဲ႕ကြင္းလယ္ ကစားသမား အသစ္ တစ္ဦး ျဖစ္သူ ဖရန္ကီဒီေဂ်ာင္က ဘာစီလုိနာ အသင္းမွာ ခ်န္ပီယံလိဂ္ ဖလား ရဖို႔ ဖိအား ပိုမ်ားေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခ့ဲပါတယ္။ ၿပီးခ့ဲတ့ဲ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ ေအဂ်က္စ္ အသင္းနဲ႔ အတူ ရီးရဲယ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္ တုိ႔လို အသင္းေတြကို အႏုိင္ယူ ေက်ာ္ျဖတ္ႏိုင္ခ့ဲတ့ဲ ဒီေဂ်ာင္ဟာ လက္ရွိ အခ်ိန္မွာေတာ့ ဘာစီလိုနာ အသင္းကို ေျပာင္းေရႊ႕ေၾကး ယူရို (၇၅) သန္းနဲ႔ ေျပာင္းေရႊ႕ ေရာက္ရွိ လာခ့ဲၿပီ ျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ အစဥ္အလာရွိ ထိပ္တန္း ကလပ္ အသင္း တစ္သင္း ျဖစ္ေပမယ့္ (၂၀၁၅) ခုႏွစ္မွာ ဂ်ဴဗင္တပ္စ္ အသင္းကို အႏုိင္ရကာ ခ်န္ပီယံလိဂ္ဖလား ရယူၿပီးေနာက္ပိုင္း လက္ရွိ အခ်ိန္ အထိ ခ်န္ပီယံလိဂ္ ဗုိလ္လုပြဲနဲ႔ ေဝးကြာေနခ့ဲပါတယ္။ ဘာစီလိုနာ အသင္းဟာ ၿပီးခ့ဲတ့ဲ ေဘာလံုး ရာသီမွာလည္း ခ်န္ပီယံလိဂ္ ဗုိလ္လုပြဲနဲ႔ အနီးစပ္ဆံုး အေနအထား အထိ ေရာက္ရွိခ့ဲေပမယ့္ လီဗာပူး အသင္းကုိ အေဝးကြင္းမွာ ေလးဂိုးျပတ္နဲ႔ အရွက္တကြဲ ရံႈးနိမ့္ခ့ဲတာေၾကာင့္ ႏွစ္ေက်ာ့ေပါင္း ၄-၃ ဂုိးနဲ႔ ဆီမီးဖုိင္နယ္ အဆင့္ကေန လွည့္ျပန္ခ့ဲရပါတယ္။

ဒီလိုမ်ိဳး ဘာစီလိုနာ အသင္းမွာ ခ်န္ပီယံလိဂ္ ဖလား ရဖုိ႔ ပိုမို ဖိအားမ်ားတာနဲ႔ ပတ္သက္ၿပီးေတာ့ ဖရန္ကီဒီေဂ်ာင္က “လာမယ့္ ႏွစ္မွာ ဘာစီလိုနာ အသင္းက ခ်န္ပီယံလိဂ္ ဖလား ရဖို႔ ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမား ထားေနမွာ ျဖစ္ၿပီး ကြ်န္ေတာ္တုိ႔ ကုိယ္တုိင္ကလည္း ဒီလိုမ်ိဳး စြမ္းေဆာင္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ဘယ္သူကမွ ေအဂ်က္စ္ အသင္းကို ခ်န္ပီယံလိဂ္ ဖလား ရဖို႔ မေမွ်ာ္လင့္ၾကေပမယ့္ ဘာစီလိုနာမွာေတာ့ ဖိအားက အရမ္းကို မ်ားျပားပါတယ္။”

“နယ္သာလန္ ဖလားနဲ႔ လိဂ္ၿပိဳင္ပဲြေတြမွာ ပရိသတ္ေတြက ကြ်န္ေတာ္တုိ႔ကို ဆြဲေဆာင္မႈ ရွိတ့ဲ ပုံစံနဲ႔ ပြဲတုိင္း ႏိုင္ေစခ်င္ပါတယ္။ ဘာစီလိုနာမွာလည္း ဒီလုိပါပဲ။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ ဖလား ရဖုိ႔ေတာ့ ပိုၿပီး ဖိအား မ်ားျပားပါတယ္။ ခင္ဗ်ားသာ ဘာစီလိုနာ အသင္းမွာ ဆုိရင္ ရွိသမွ် ဆုဖလား အားလံုးကို ရယူႏုိင္ဖုိ႔ လိုအပ္ပါတယ္။ ကြ်န္ေတာ္က ပရိသတ္ေတြကို ဆြဲေဆာင္ႏုိင္ဖုိ႔ အတြက္ လွပတ့ဲ ကစားပံုကုိ သေဘာက်ၿပီး ကြင္းထဲကို ပရိသတ္ေတြ လာၾကည့္တာက ပြဲေကာင္း တစ္ပြဲကို ခံစားႏုိင္ဖို႔ အတြက္ ျဖစ္တယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ ဒါက ယိုဟန္ခရိုက္ဖ္ရဲ႕ ဒႆနလုိ႔ ကြ်န္ေတာ္ထင္ၿပီး ေအဂ်က္စ္ အသင္းနဲ႔ ဘာစီလိုနာ အသင္းတုိ႔မွာ ဒီဒႆနေတြက အစိတ္အပိုင္း တစ္ခုလို ျဖစ္ေနတယ္လုိ႔ ထင္ပါတယ္။” ဟု ဖြင့္ဟ ေျပာၾကားသြားခ့ဲေၾကာင္း သိရွိ ရပါတယ္။

Unicode

ဘာစီလိုနာ အသင်းရဲ့ကွင်းလယ် ကစားသမား အသစ် တစ်ဦး ဖြစ်သူ ဖရန်ကီဒီဂျောင်က ဘာစီလိုနာ အသင်းမှာ ချန်ပီယံလိဂ် ဖလား ရဖို့ ဖိအား ပိုများကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်စ် အသင်းနဲ့ အတူ ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ် တို့လို အသင်းတွေကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့တဲ့ ဒီဂျောင်ဟာ လက်ရှိ အချိန်မှာတော့ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ကြေး ယူရို (၇၅) သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အစဉ်အလာရှိ ထိပ်တန်း ကလပ် အသင်း တစ်သင်း ဖြစ်ပေမယ့် (၂၀၁၅) ခုနှစ်မှာ ဂျူဗင်တပ်စ် အသင်းကို အနိုင်ရကာ ချန်ပီယံလိဂ်ဖလား ရယူပြီးနောက်ပိုင်း လက်ရှိ အချိန် အထိ ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ဝေးကွာနေခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ အနီးစပ်ဆုံး အနေအထား အထိ ရောက်ရှိခဲ့ပေမယ့် လီဗာပူး အသင်းကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၄-၃ ဂိုးနဲ့ ဆီမီးဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

ဒီလိုမျိုး ဘာစီလိုနာ အသင်းမှာ ချန်ပီယံလိဂ် ဖလား ရဖို့ ပိုမို ဖိအားများတာနဲ့ ပတ်သက်ပြီးတော့ ဖရန်ကီဒီဂျောင်က “လာမယ့် နှစ်မှာ ဘာစီလိုနာ အသင်းက ချန်ပီယံလိဂ် ဖလား ရဖို့ မျှော်လင့်ချက် ကြီးကြီးမားမား ထားနေမှာ ဖြစ်ပြီး ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဒီလိုမျိုး စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဘယ်သူကမှ အေဂျက်စ် အသင်းကို ချန်ပီယံလိဂ် ဖလား ရဖို့ မမျှော်လင့်ကြပေမယ့် ဘာစီလိုနာမှာတော့ ဖိအားက အရမ်းကို များပြားပါတယ်။”

“နယ်သာလန် ဖလားနဲ့ လိဂ်ပြိုင်ပွဲတွေမှာ ပရိသတ်တွေက ကျွန်တော်တို့ကို ဆွဲဆောင်မှု ရှိတဲ့ ပုံစံနဲ့ ပွဲတိုင်း နိုင်စေချင်ပါတယ်။ ဘာစီလိုနာမှာလည်း ဒီလိုပါပဲ။ ဒါပေမယ့် ချန်ပီယံလိဂ် ဖလား ရဖို့တော့ ပိုပြီး ဖိအား များပြားပါတယ်။ ခင်ဗျားသာ ဘာစီလိုနာ အသင်းမှာ ဆိုရင် ရှိသမျှ ဆုဖလား အားလုံးကို ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်က ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ အတွက် လှပတဲ့ ကစားပုံကို သဘောကျပြီး ကွင်းထဲကို ပရိသတ်တွေ လာကြည့်တာက ပွဲကောင်း တစ်ပွဲကို ခံစားနိုင်ဖို့ အတွက် ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ယိုဟန်ခရိုက်ဖ်ရဲ့ ဒဿနလို့ ကျွန်တော်ထင်ပြီး အေဂျက်စ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့မှာ ဒီဒဿနတွေက အစိတ်အပိုင်း တစ်ခုလို ဖြစ်နေတယ်လို့ ထင်ပါတယ်။” ဟု ဖွင့်ဟ ပြောကြားသွားခဲ့ကြောင်း သိရှိ ရပါတယ်။