မက္ဂြိဳင္းရားကို ေခၚယူႏုိင္မယ္လို႔ ယံုၾကည္ခ်က္ရွိေနဆဲျဖစ္တ့ဲ ယူႏုိက္တက္အသင္း

ယူႏုိက္တက္ အသင္းဟာ လက္စတာ အသင္းရဲ႕ ေနာက္ခံလူ မက္ဂြိဳင္းရားကုိ ေခၚယူႏုိင္မယ္လို႔ ယံုၾကည္ခ်က္ ရွိေနဆဲ ျဖစ္ေၾကာင္း သိရွိ ရပါတယ္။ ယူႏုိက္တက္ နည္းျပ ဆုိးလ္ရွားဟာ အသက္ (၂၆) ႏွစ္ အရြယ္ အဆုိပါ အဂၤလန္ လက္ေရြးစင္ ေနာက္ခံလူကို ေခၚယူဖုိ႔ အသည္း အသန္ စိတ္ဝင္စားေနၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၇၀) နဲ႔ ကမ္းလွမ္းခ့ဲၿပီး ျဖစ္ပါတယ္။

ဒါေပမယ့္ လက္စတာ အသင္းကေတာ့ သူတုိ႔ရဲ႕ ကစားသမား အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၉၀) ေတာင္းဆုိခ့ဲၿပီး ယူႏုိက္တက္ အသင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ ပယ္ခ်ခ့ဲပါတယ္။ ယူႏုိက္တက္ အသင္းဟာ ကစားသမား အတြက္ စြဲမက္ဖြယ္ရာ ကမ္းလွမ္းမႈနဲ႔ ကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနၿပီး ယူႏုိက္တက္ အသင္းရဲ႕ ၿမိဳ႕ခံ ၿပိဳင္ဘက္ ကလပ္ အသင္း တစ္သင္း ျဖစ္တ့ဲ မန္စီးတီး အသင္းကလည္း မက္ဂြိဳင္းရားကို ေခၚယူဖုိ႔ ေစာင့္ၾကည့္လ်က္ ရွိပါတယ္။

ကနဦးမွာ မက္ဂြိဳင္းရား အေနနဲ႔ မန္စီးတီး အသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ ေနၿပီ ျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပခ့ဲေပမယ့္ ကစားသမား အတြက္ ယူႏုိက္တက္ အသင္းရဲ႕ ကမ္းလွမ္းမႈက မန္စီးတီးထက္ ပိုမို ဆြဲေဆာင္ေနႏုိင္တာေၾကာင့္ အေျပာင္းအေရႊ႕ ခ်ိန္ခြင္လွ်ာက ယူႏုိက္တက္ အသင္းဘက္ကို ျပန္ယုိင္လာခ့ဲတာလည္း ျဖစ္ပါတယ္။ ယူႏုိက္တက္ အသင္းဟာ နာပိုလီ အသင္းရဲ႕ ေနာက္ခံလူ ကူလီဘလီကို ေခၚယူဖို႔ စိတ္ဝင္စားခ့ဲေပမယ့္ ေနာက္ပိုင္းမွာေတာ့ မက္ဂြိဳင္းရားကိုသာ အားစုိက္ ႀကိဳးပမ္းလာခ့ဲတာ ျဖစ္ပါတယ္။

လက္စတာ အသင္းကလည္း မက္ဂြိဳင္းရားကို အသင္းက ေျပာင္းေရႊ႕ခြင့္ ျပဳသြားမွာ ျဖစ္ေပမယ့္ သူတုိ႔ ေတာင္းဆိုတ့ဲ ေျပာင္းေရႊ႕ေၾကး ရရွိမွသာ အသင္းက လက္လႊတ္ခံသြားမွာ ျဖစ္တယ္လို႔ ေၾကညာထားပါတယ္။ ယူႏုိက္တက္ အသင္းကလည္း မက္ဂြိဳင္းရားကုိ ေခၚယူႏုိင္ဖုိ႔ အတြက္ အသင္းမွာ ရွိေနတ့ဲ ဗဟို ေနာက္ခံလူ (၆) ေယာက္ထဲက တစ္ေယာက္ေယာက္ကို အလုိက္ေပး ကမ္းလွမ္းသြားဖုိ႔ စီစဥ္ေပမယ့္ လက္စတာ အသင္းကလည္း မက္ဂြိဳင္းရား အတြက္ ေျပာင္းေရႊ႕ေၾကးကို ေငြသားသီးသန္႔ ေပးေခ်ရန္သာ အလုိရွိေနပါတယ္။ တစ္ဖက္မွာလည္း လက္စတာ အသင္း အေနနဲ႔ မက္ဂြိဳင္းရားသာ အသင္းက ထြက္ခြာသြားပါက အစားထုိးႏုိင္ဖို႔ အတြက္ ဘန္ေလ အသင္းရဲ႕ ဗဟုိ ေနာက္ခံလူ တာေကာစကီးကို ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၄၀) ျဖင့္ ေခၚယူရန္ ျပင္ဆင္ ေနေၾကာင္းလည္း သိရွိ ရပါတယ္။

Unicode

ယူနိုက်တက် အသင်းဟာ လက်စတာ အသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းရားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေဆဲ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ အသက် (၂၆) နှစ် အရွယ် အဆိုပါ အင်္ဂလန် လက်ရွေးစင် နောက်ခံလူကို ခေါ်ယူဖို့ အသည်း အသန် စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း (၇၀) နဲ့ ကမ်းလှမ်းခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် လက်စတာ အသင်းကတော့ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၉၀) တောင်းဆိုခဲ့ပြီး ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ ကစားသမား အတွက် စွဲမက်ဖွယ်ရာ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ယူနိုက်တက် အသင်းရဲ့ မြို့ခံ ပြိုင်ဘက် ကလပ် အသင်း တစ်သင်း ဖြစ်တဲ့ မန်စီးတီး အသင်းကလည်း မက်ဂွိုင်းရားကို ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိပါတယ်။

ကနဦးမှာ မက်ဂွိုင်းရား အနေနဲ့ မန်စီးတီး အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ် နေပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ပေမယ့် ကစားသမား အတွက် ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုက မန်စီးတီးထက် ပိုမို ဆွဲဆောင်နေနိုင်တာကြောင့် အပြောင်းအရွှေ့ ချိန်ခွင်လျှာက ယူနိုက်တက် အသင်းဘက်ကို ပြန်ယိုင်လာခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ နာပိုလီ အသင်းရဲ့ နောက်ခံလူ ကူလီဘလီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မက်ဂွိုင်းရားကိုသာ အားစိုက် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

လက်စတာ အသင်းကလည်း မက်ဂွိုင်းရားကို အသင်းက ပြောင်းရွှေ့ခွင့် ပြုသွားမှာ ဖြစ်ပေမယ့် သူတို့ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ရရှိမှသာ အသင်းက လက်လွှတ်ခံသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ယူနိုက်တက် အသင်းကလည်း မက်ဂွိုင်းရားကို ခေါ်ယူနိုင်ဖို့ အတွက် အသင်းမှာ ရှိနေတဲ့ ဗဟို နောက်ခံလူ (၆) ယောက်ထဲက တစ်ယောက်ယောက်ကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ စီစဉ်ပေမယ့် လက်စတာ အသင်းကလည်း မက်ဂွိုင်းရား အတွက် ပြောင်းရွှေ့ကြေးကို ငွေသားသီးသန့် ပေးချေရန်သာ အလိုရှိနေပါတယ်။ တစ်ဖက်မှာလည်း လက်စတာ အသင်း အနေနဲ့ မက်ဂွိုင်းရားသာ အသင်းက ထွက်ခွာသွားပါက အစားထိုးနိုင်ဖို့ အတွက် ဘန်လေ အသင်းရဲ့ ဗဟို နောက်ခံလူ တာကောစကီးကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) ဖြင့် ခေါ်ယူရန် ပြင်ဆင် နေကြောင်းလည်း သိရှိ ရပါတယ်။