ရီးရဲလ္အသင္းေဖာ္ေဟာင္းကို ေခၚယူမယ့္ ဂ်ဴဗီရဲ႕အၾကံကို ဟန္႔တားခဲ့တဲ့ ေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴးေရာ္နယ္ဒိုဟာ ရီးရဲလ္အသင္းေဖာ္ေဟာင္းအစၥကိုကို ေခၚယူမယ့္ အသင္းရဲ႕အစီအစဥ္ကို တားဆီးဟန္႔တားခဲ့တယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့ပါတယ္။ အီတလီခ်န္ပီယံအသင္းဟာ ရမ္ေဆး၊ ရာဘီေယာ့ နဲ႔ ဘတ္ဖြန္တို႔လိုကစားသမားေတြကို အလြတ္ေခၚယူထားျပီးျဖစ္ကာ အစၥကိုကို ထပ္မံေခၚယူဖို႔ ၾကိဳးစားခဲ့တာလည္းျဖစ္ပါတယ္။

Diario Gol သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေရာ္နယ္ဒိုက အဆိုပါအေျပာင္းအေရႊ႕ကို တားဆီးသြားခဲ့တယ္လို႔ သိရပါတယ္။ အစၥကိုက ရီးရဲလ္မွာအနာဂတ္မေရမရာျဖစ္ေနသူျဖစ္ျပီး ဂ်ဴဗီဘက္ကသာ ကမ္းလွမ္းေခၚယူမႈျပဳလုပ္ခဲ့ပါက ေခၚယူႏိုင္ဖို႔ အလားအလာေကာင္းေတြ
ရွိေနခဲ့ေပမယ့္ ေရာ္နယ္ဒိုက တားဆီးခဲ့တာလည္း ျဖစ္ပါတယ္။

အစၥကိုက ဂ်ဴဗင္တပ္စ္အတြက္ သင့္ေတာ္တဲ့ကစားသမားမဟုတ္ဘူးလို႔ ေရာ္နယ္ဒိုက ယံုၾကည္ေနျပီး အသင္းအတြက္ မလိုအပ္ဘူးလို႔လည္း ယူဆခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕အေျပာင္းအေရႊ႕လႈပ္ရွားမႈေတြမွာ ပါ၀င္အၾကံေပးမႈေတြ ရွိေနတယ္လို႔သိရျပီး ကလပ္အသင္းကလည္း ေရာ္နယ္ဒိုဆီက အၾကံဥာဏ္ေတြကိုရယူဖို႔ ေတာင္းဆိုခဲ့တယ္လုိ႔ သတင္းေတြက အရင္ကတည္းက ထြက္ေပၚေနခဲ့တာလည္း ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္ဟာ ရီးရဲလ္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ မာဆယ္လိုကိုလည္း သူတို႔ရဲ႕ပစ္မွတ္ကစားသမားစာရင္းထဲမွာ ထည့္သြင္းထားျပီး မာဆယ္လိုကိုေခၚယူမယ့္အၾကံအစည္ကိုေတာ့ ေရာ္နယ္ဒိုက ေထာက္ခံသြားဖြယ္ရွိေနပါတယ္။ အသင္းရဲ႕အဓိကတိုက္စစ္မွဴးအျဖစ္ တာ၀န္ယူထားရတဲ့ ေရာ္နယ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀အခန္းက႑က ေတာ္ေတာ္ေလးကိုၾကီးမားက်ယ္ျပန္႔တဲ့ အေနအထားမွာ ရွိေနတယ္လို႔လည္း ယံုၾကည္ရပါတယ္။

Unicode

ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ရီးရဲလ်အသင်းဖော်ဟောင်းအစ္စကိုကို ခေါ်ယူမယ့် အသင်းရဲ့အစီအစဉ်ကို တားဆီးဟန့်တားခဲ့တယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ အီတလီချန်ပီယံအသင်းဟာ ရမ်ဆေး၊ ရာဘီယော့ နဲ့ ဘတ်ဖွန်တို့လိုကစားသမားတွေကို အလွတ်ခေါ်ယူထားပြီးဖြစ်ကာ အစ္စကိုကို ထပ်မံခေါ်ယူဖို့ ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။

Diario Gol သတင်းဌာနရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုက အဆိုပါအပြောင်းအရွှေ့ကို တားဆီးသွားခဲ့တယ်လို့ သိရပါတယ်။ အစ္စကိုက ရီးရဲလ်မှာအနာဂတ်မရေမရာဖြစ်နေသူဖြစ်ပြီး ဂျူဗီဘက်ကသာ ကမ်းလှမ်းခေါ်ယူမှုပြုလုပ်ခဲ့ပါက ခေါ်ယူနိုင်ဖို့ အလားအလာကောင်းတွေ
ရှိနေခဲ့ပေမယ့် ရော်နယ်ဒိုက တားဆီးခဲ့တာလည်း ဖြစ်ပါတယ်။

အစ္စကိုက ဂျူဗင်တပ်စ်အတွက် သင့်တော်တဲ့ကစားသမားမဟုတ်ဘူးလို့ ရော်နယ်ဒိုက ယုံကြည်နေပြီး အသင်းအတွက် မလိုအပ်ဘူးလို့လည်း ယူဆခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေမှာ ပါဝင်အကြံပေးမှုတွေ ရှိနေတယ်လို့သိရပြီး ကလပ်အသင်းကလည်း ရော်နယ်ဒိုဆီက အကြံဉာဏ်တွေကိုရယူဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေက အရင်ကတည်းက ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ရီးရဲလ်နောက်ခံလူတစ်ဦးဖြစ်တဲ့ မာဆယ်လိုကိုလည်း သူတို့ရဲ့ပစ်မှတ်ကစားသမားစာရင်းထဲမှာ ထည့်သွင်းထားပြီး မာဆယ်လိုကိုခေါ်ယူမယ့်အကြံအစည်ကိုတော့ ရော်နယ်ဒိုက ထောက်ခံသွားဖွယ်ရှိနေပါတယ်။ အသင်းရဲ့အဓိကတိုက်စစ်မှူးအဖြစ် တာဝန်ယူထားရတဲ့ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်ကစားသမားဘဝအခန်းကဏ္ဍက တော်တော်လေးကိုကြီးမားကျယ်ပြန့်တဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ယုံကြည်ရပါတယ်။