ငါ့အေဖဂ်ာစီကိုမထိနဲ႔လို႔ သတိေပးခံလိုက္ရတဲ့ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္

ရီးရဲလ္မက္ဒရစ္ နဲ႔ နာပိုလီအသင္းတို႔ဟာ ကြင္းလယ္တိုက္စစ္ကစားသမားဂ်ိမ္းစ္ရိုဒရီဂြက္ဇ္အတြက္ သေဘာတူညီမႈရရွိဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။ မက္ဒရစ္မွာ ႏွစ္ဖက္ကလပ္အသင္းတာ၀န္ရွိသူေတြ ေတြ႕ဆံုေဆြးေႏြးေနၾကျပီး ေနာက္ဆံုးအဆင့္ညွိႏိႈႈင္းမႈေတြကို ျပဳလုပ္ေနယတ္လို႔လည္း သတင္းေတြထြက္ေပၚခဲ့ကာ ဂ်ိမ္းစ္ဟာ နာပိုလီကို ေသခ်ာေပါက္ေျပာင္းေရႊ႕ႏိုင္ဖြယ္ရွိေနပါတယ္။

ဒါေပမယ္လည္း ဂ်ိမ္းစ္ဟာ နာပိုလီကိုမေရာက္ခင္မွာပဲ နာပိုလီဂႏၳ၀င္ကစားသမားေဟာင္းၾကီးနဲ႔ အာဂ်င္တီးနားတိုက္စစ္အေက်ာ္အေမာ္ေဟာင္း မာရာဒိုနာရဲ႕ သားျဖစ္သူ ဂ်ဴနီယာမာရာဒိုနာရဲ႕ သတိေပးေျပာဆိုမႈကို ခံခဲ့ရပါတယ္။ အဲဒါကေတာ့ ဂ်ဴနီယာမာရာဒိုနာက ဂ်ိမ္းစ္အေနနဲ႔ နာပိုလီကို ေရာက္ရွိခဲ့ပါက သူ႔ဖခင္ရဲ႕ ဂ်ာစီကို၀တ္ဆင္ကစားျခင္းမျပဳလုပ္ဖို႔ ဟန္႔တားခဲ့တာပဲ ျဖစ္ပါတယ္။

အဆိုပါဂ်ာစီနံပါတ္ (၁၀)ဟာ မာရာဒိုနာ၀တ္ဆင္ခဲ့တဲ့ နာမည္ေက်ာ္ဂ်ာစီျဖစ္ျပီး သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ နာပိုလီက (၂၀၀၀)ခုႏွစ္မွာ အနားေပးထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ိမ္းစ္အေနနဲ႔ သူတို႔အသင္းကို ေျပာင္းေရႊ႕လာခဲ့မယ္ဆိုရင္ အဆိုပါဂ်ာစီကို ၀တ္ဆင္ခြင့္ေပးဖို႔ နာပိုလီအသင္းက စီစဥ္ေနတယ္လို႔သတင္းမ်ားထြက္ေပၚခဲ့ကာ မာရာဒိုနာရဲ႕သားျဖစ္သူက သတိေပးသြားခဲ့တာျဖစ္ပါတယ္။

“နံပါတ္ (၁၀)ကို မထိပါနဲ႔၊ အဲဒါက ပုဂၢလိကပိုင္၊ မိသားစုပိုင္ပစၥည္းပါ၊ ငါ့အေဖဆိုရင္လည္းမမွားဘူး၊ ဟီဂူအင္ နာပိုလီကိုေျပာင္းတုန္းကလည္း ဒီဂ်ာစီကို ၀တ္ဆင္ခြင့္ေပးမယ္လို႔ သတင္းမွားေတြထြက္ခဲ့ျပီး အင္ဆစ္ဂ္နီကိုလည္း ေပးမယ္လို႔ သတင္းေတြၾကားခဲ့ရပါတယ္၊ အနားေပးထားတဲ့ ဂ်ာစီကို ေနာက္တစ္ၾကိမ္ျပန္ျပီးေတာ့ အသံုးမျပဳပါနဲ႔” လို႔ ဂ်ဴနီယာမာရာဒိုနာက ေျပာခဲ့တယ္လို႔ စပိန္သတင္းစာ Marca က ေဖာ္ျပခဲ့ပါတယ္။

Unicode

ရီးရဲလ်မက်ဒရစ် နဲ့ နာပိုလီအသင်းတို့ဟာ ကွင်းလယ်တိုက်စစ်ကစားသမားဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ မက်ဒရစ်မှာ နှစ်ဖက်ကလပ်အသင်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြပြီး နောက်ဆုံးအဆင့်ညှိနှိုှုင်းမှုတွေကို ပြုလုပ်နေယတ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ကာ ဂျိမ်းစ်ဟာ နာပိုလီကို သေချာပေါက်ပြောင်းရွှေ့နိုင်ဖွယ်ရှိနေပါတယ်။

ဒါပေမယ်လည်း ဂျိမ်းစ်ဟာ နာပိုလီကိုမရောက်ခင်မှာပဲ နာပိုလီဂန္ထဝင်ကစားသမားဟောင်းကြီးနဲ့ အာဂျင်တီးနားတိုက်စစ်အကျော်အမော်ဟောင်း မာရာဒိုနာရဲ့ သားဖြစ်သူ ဂျူနီယာမာရာဒိုနာရဲ့ သတိပေးပြောဆိုမှုကို ခံခဲ့ရပါတယ်။ အဲဒါကတော့ ဂျူနီယာမာရာဒိုနာက ဂျိမ်းစ်အနေနဲ့ နာပိုလီကို ရောက်ရှိခဲ့ပါက သူ့ဖခင်ရဲ့ ဂျာစီကိုဝတ်ဆင်ကစားခြင်းမပြုလုပ်ဖို့ ဟန့်တားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါဂျာစီနံပါတ် (၁၀)ဟာ မာရာဒိုနာဝတ်ဆင်ခဲ့တဲ့ နာမည်ကျော်ဂျာစီဖြစ်ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ နာပိုလီက (၂၀၀၀)ခုနှစ်မှာ အနားပေးထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂျိမ်းစ်အနေနဲ့ သူတို့အသင်းကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် အဆိုပါဂျာစီကို ဝတ်ဆင်ခွင့်ပေးဖို့ နာပိုလီအသင်းက စီစဉ်နေတယ်လို့သတင်းများထွက်ပေါ်ခဲ့ကာ မာရာဒိုနာရဲ့သားဖြစ်သူက သတိပေးသွားခဲ့တာဖြစ်ပါတယ်။

“နံပါတ် (၁၀)ကို မထိပါနဲ့၊ အဲဒါက ပုဂ္ဂလိကပိုင်၊ မိသားစုပိုင်ပစ္စည်းပါ၊ ငါ့အဖေဆိုရင်လည်းမမှားဘူး၊ ဟီဂူအင် နာပိုလီကိုပြောင်းတုန်းကလည်း ဒီဂျာစီကို ဝတ်ဆင်ခွင့်ပေးမယ်လို့ သတင်းမှားတွေထွက်ခဲ့ပြီး အင်ဆစ်ဂ်နီကိုလည်း ပေးမယ်လို့ သတင်းတွေကြားခဲ့ရပါတယ်၊ အနားပေးထားတဲ့ ဂျာစီကို နောက်တစ်ကြိမ်ပြန်ပြီးတော့ အသုံးမပြုပါနဲ့” လို့ ဂျူနီယာမာရာဒိုနာက ပြောခဲ့တယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။