ယေန႕ ေနာက္ဆံုးရလွဳပ္လွဳပ္ရွားရွားအေျပာင္းအေရႊ႕ႏွင့္ အျခားသတင္းတိုမ်ား (10.7.19)

၁။ ေနာ္ဝွစ္ခ်္နဲ႕ ကာလရွည္စာခ်ဳပ္ခ်ဳပ္ဖို႕အား သေဘာတူညီလုိက္သည့္ မက္ဇ္အာရြန္စ္

Telegraph သတင္းအရ ေနာ္ဝွစ္ခ်္အသင္းေနာက္ခံလူ မက္ဇ္အာရြန္စ္ဟာ အသင္းနဲ႕ ၅ ႏွစ္သက္တမ္းရွိစာခ်ဳပ္ ခ်ဳပ္ဆုိဖို႕အား သေဘာတူညီမူရရွိခဲ့သည္ဟု သိရသည္။ အသက္ ၁၉ ႏွစ္အရြယ္ ကစားသမားေလးဟာ အဂၤလိပ္ေဘာလံုးေလာကထဲမွ ငယ္ရြယ္ျပီးေတာက္ပလာႏိုင္တဲ့ ကစားသမားေတြထဲတြင္ အေကာင္းဆံုးေဘာလံုးသမားတစ္ဦးအျဖစ္ က်ယ္ျပန္႕စြာနဲ႕ စဥ္းစားေပးႏုိင္ပါတယ္။ ေနာ္ဝွစ္ခ်္အသင္းဟာယခုရာသီတြင္ ပရီးမီးယားလိဂ္သို႕တန္းတက္လာနုိင္ခဲ့တဲ့ အသင္းျဖစ္ျပီး ပရီးမီးယားလိဂ္အရသာကုိပထမဆံုး ခံစားရရွိိဖို႕ အာရြန္စ္ဟာ ပို္င္ဆုိင္ရေတာ့မွာပါ။ ၂၀၁၈-၁၉ ေဘာလံုးရာသီတြင္ အာရြန္စ္ဟာ ခ်န္ပီယံရွစ္ျပိဳင္ပြဲတြင္ ေနာ္ဝွွစ္ခ်္အတြက္ ၄၁ ပြဲကစားေပးခဲ့ရာတြင္ သြင္းဂိုး ၂ ဂိုးႏွင့္ ၆ ၾကိမ္ဖန္တီးေပးမူ ျပဳလုပ္ထားႏုိင္ခဲ့သည္။

၂။ ဘာလိုတယ္လီအား ကမ္းလွမ္းလုိက္သည့္ ဝက္စ္ဟမ္း

Daily Mail သတင္းအရ အလြတ္ေျပာင္းေရႊ႕မူေခၚယူလုိ႕ရတဲ့အေနအထားမွာ ရွိေနတဲ့ မာရီယို ဘာလုိတယ္လီအား ဝက္စ္ဟမ္းအသင္းက ကမ္းလွမ္းမူျပဳလုပ္ထားခဲ့ျပီျဖစ္ေၾကာင္းသိရသည္။ အသင္းရဲဲ႕အဓိကပစ္မွတ္ေတြျဖစ္ၾကတဲ့ ေကာ္လြန္ဝဲလ္ဆန္ႏွင့္ မက္ဆီဂိုးမက္ဇ္တို႕အားေခၚယူဖို႕အေရးဟာ စတင္လြဲေခ်ာ္မူေတြရွိလာႏုိင္ခဲ့လုိ႕ ဇူလုိင္လ ၁ ရက္ေန႕က မာေဆးလ္အသင္းအား စြန္႕ခြာလာခဲ့ျပီျဖစ္သည့္ အီတလီတုိ္က္စစ္မွဴးအား ေခၚယူရန္အတြက္ ဝက္စ္ဟမ္းက ပစ္မွတ္ထားလာခဲ့ျခင္းျဖစ္သည္။ ျပီးခဲသည့္ရာသီက ေနာက္ဆံုး ၆ လ မာေဆးလ္အသင္းအတြက္ ကစားေပးခဲ့ရာတြင္ လီဂူး-၁ ၁၅ ပြဲ၌ ၈ ဂိုးထိသြင္းယူေပးႏုိင္ခဲ့သည္။

၃။ ဂႏၱဝင္ကစားသမားၾကီး ေဂ်ာ္ဂ်ီဟာဂီရဲ႕သားကုိေခၚယူဖို႕ စိတ္ဝင္စားေနသည့္ ဘာစီလိုနာ

AS သတင္းေဖာ္ျပခ်က္အရ Vitorul Constanta ကြင္းလယ္ကစားသမား လန္းနစ္ဟာဂီအား ေခၚယူဖို႕အတြက္ ဘာစီလိုနာအသင္းက စိတ္ဝင္စားေနေၾကာင္း သိရသည္။ အသက္ ၂၀ ႏွစ္အရြယ္ရွိ ကစားသမားဟာ အရင္ ရိုးေမးနီးယားဂႏၱဝင္ကစားသမားၾကီး ေဂ်ာ္ဂ်ီဟာဂီရဲ႕ သားျဖစ္ပါတယ္။ ေဂ်ာ္ဂ်ီဟာဂီဟာ ၁၉၉၄
ႏွင့္ ၁၉၉၆ ထိ ႏူးကမ့္ကြင္းၾကီးထဲမွာ ကစားခဲ့သူျဖစ္သည္။

၄။ ေပါဂ့္ဘာကိုေရာင္းခ်ဖို႕ တို္က္တြန္းလုိက္သည့္ ကလီဘာဆန္

အရင္ မန္ခ်က္စတာယူႏုိ္က္တက္ကြင္းလယ္လူေဟာင္း ကလီဘာဆန္က ယူႏုိက္တက္အေနနဲ႕ ေပၚလ္ေပါဂ့္ဘာအား ေရာင္းခ်သင့္ပါတယ္လုိ႕ ေျပာၾကားလုိက္သည္။ ကလီဘာဆန္က Manchester EveningNews သို႕ “ ေပါဂ့္ဘာကိုေရာင္းခ်ဖို႕ဟာ မွန္ကန္တဲ့ လွဳပ္ရွားမူတစ္ခုျဖစ္ပါလိမ့္မယ္။ ေပါဂ့္ဘာဟာ ဂရိတ္
ကစားသမားတစ္ဦးပါ။ သူရဲ႕အရည္အေသြးကလည္း မယံုၾကည္ႏုိင္ေလာက္စရာေကာင္းပါတယ္။ ဒါေပမယ့္သူရဲ႕ ကစားဟန္က အနည္းငယ္ ကြဲျပားျခားနားေနပါတယ္။ ယူႏုိ္က္တက္လုိခ်င္ေနတဲ့ အရာမ်ိဳးမဟုတ္ပါဘူး ”

၅။ မန္ယူသို႕ေျပာင္းေရႊ႕လုိေနသည့္ လီမီနာ

Daily Star သတင္းအရ ဒီေႏြရာသီအေျပာင္းအေရႊ႕ေဈးကြက္တြင္ ေဆာက္သမ္တန္ကြင္းလယ္လူ မာရီယိုလီမီနာဟာ မန္ခ်က္စတာယူႏုိ္က္တက္အသင္းထံသို႕ အျပီးသတ္ေျပာင္းေရႊ႕လိုေနေၾကာင္းသိရသည္။ အသက္ ၂၅ နွစ္အရြယ္ကစားသမားဟာ စိန္႕ေမရီကြင္းၾကီးအား စြန္႕ခြာခ်င္ေၾကာင္းဆႏၵကုိ ထုတ္ေဖာ္ျပသထားခဲ့ျပီးျဖစ္ပါတယ္။ ၎ကုိ အာဆင္နယ္ႏွင့္ မန္ယူ တုိ႕ ၂ သင္းစလံုးက လက္မွတ္ထိုးေခၚယူႏုိင္ဖို႕ အလုိရွိေနပါတယ္။ ဒါေပမယ့္ ကစားသမားက ယူႏုိက္တက္အသင္းထံသို႕ ေျပာင္းေရႊ႕ဖို႕ ဆႏၵျဖစ္ေနပါတယ္။

၆။ လူကာကူႏွင့္ေပါဂ့္ဘာ အတြက္ ကမ္းလွမ္းမူ ဘာမွမရွိဟု ဆုိးလ္ရွားဆုိ

အသင္းကေနထြက္ခြာဖို႕ ဆႏၵေတြရွိေနၾကတဲ့ ရိုမယ္လူ လူကာကူႏွင့္ ေပၚလ္ေပါဂ့္ဘာတုိ႕အတြက္ မည္သည့္ကမ္းလွမ္းခ်က္မွ် လက္ခံမရရွိေသးပါဟု မန္ခ်က္စတာယူႏုိက္တက္နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက ထုတ္ေဖာ္ေျပာဆိုလုိက္သည္။ ျပင္သစ္လက္ေရြးစင္ကစားသမား ေပါဂ့္ဘာအား ရီးရဲလ္မက္ဒရစ္ႏွင့္ ဂ်ဴဗင္တပ္စ္အသင္းတုိ႕က ေလးနက္စြာခ်ိတ္ဆက္မူေတြျပဳလုပ္ေနၾကျပီး တုိက္စစ္မွဴးလူကာကူအားလည္း အင္တာမီလန္အသင္း႒ဘက္က အဓိကပစ္မွတ္တစ္ခုအျဖစ္ သတ္မွတ္ထားပါတယ္။

၇။ မန္ဇူးကစ္ဘက္ကုိ ဦးတည္လာခဲ့သည့္ ဘုိင္ယန္ျမဴးနစ္

Sport Bild သတင္းအရ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး မာရီယုိမန္ဇူးကစ္အား အသင္းသို႕ျပန္လည္ေခၚယူႏုိင္ရန္အတြက္ ကမ္းလွမ္းမူတစ္ခုအားျပဳလုပ္ဖို႕ရာ ဘိုင္ယန္ျမဴးနစ္အသင္းဘက္ စဥ္းစားေနေၾကာင္းသိရသည္။ မန္ဇူးကစ္ဟာ ၂၀၁၄ ခုႏွစ္တုန္းက အက္လက္တီကိုမက္ဒရစ္အသင္းသို႕ ထြက္ခြာသြားခဲ့ျပီးေနာက္ ေနာက္
ထပ္တစ္ႏွစ္အၾကာမွာပဲ ဂ်ဴဗင္တပ္စ္အသင္းထံ ထပ္မံေျပာင္းေရႊ႕သြားခဲ့သူျဖစ္သည္။ အခုေတာ့ စီးရီးေအခ်န္ပီယံၾကီးက အသက္ ၃၃ ႏွစ္အရြယ္တုိက္စစ္မွဴးအား ေရာင္းထုတ္ဖို႕ရန္ စဥ္းစားေနပါတယ္။ အကယ္၍မ်ား ဘုိင္ယန္ျမဴးနစ္အသင္းက ေခၚယူႏုိင္ခဲ့မယ္ဆုိရင္ တုိက္စစ္မွဴး လီဝန္ေဒါစကီးရဲ႕ အရန္အျဖစ္ထားရွိႏုိင္
သလို ေတာင္ပံကစားသမားတစ္ဦးအေနနဲ႕ လည္းအသံုးျပဳႏုိင္မွာပါ။

၈။ ဝက္စ္ဘရြန္းခ်ာတိတ္ေလး ေရာ္ဂ်ာကိုေခၚယူဖုိ႕ ေလ်ာ္ေၾကးေပးခဲ့သည့္ မန္စီးတီး

ဝက္စ္ဘရြန္းအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ေလး ေမာ္ဂန္ေရာ္္ဂ်ာအတြက္ ေလ်ာ္ေၾကးအျပည့္အစံုအားေပးေခ်ဖို႕ မန္ခ်က္စတာစီးတီးအသင္းက သေဘာတူညီခဲ့ေၾကာင္းသိရသည္။ အသက္ ၁၆ နွစ္အရြယ္ကစားသမားေလးဟာ ဝက္စ္ဘရြန္းအသင္းတြင္ ဆက္ရွိေနရန္အတြက္ ျငင္းဆန္ခဲ့ျပီးေနာက္ မန္စီးတီးအသင္းသို႕ ေျပာင္းေရႊ႕ရန္အလုိရွိခဲ့သူပါ။ Telegraph သတင္းအရ မန္စီးတီးအသင္းဟာ ဝက္စ္ဘရြန္းအသင္းထံ ေပါင္ ၄ သန္းေပးေခ်ခဲ့ရေၾကာင္းသိရသည္။ ဒီပမာဏဟာ ေရာ္ဂ်ာလုိအသက္ငယ္ရြယ္တဲ့ကစားသမားေလးလုိတစ္ဦးအတြက္ အျမင့္ဆံုးေပးေခ်ခဲ့ရမူေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ အသက္ ၁၇ ႏွစ္ျပည့္ဖို႕ ၁၇ ရက္ေစာင့္ေနရတဲ့ ေရာ္ဂ်ာဟာ သူရဲ႕ပထမဆံုး ပေရာ္ဖက္ရွင္နယ္ လက္မွတ္ေရးထုိးမူအား ေမြးေန႕တြင္ ျပဳလုပ္ႏုိင္ေတာ့မွာပါ။

၉။ အဲလ္ဘတ္အက္ဒိုမာအား ေခၚယူႏိုင္ခဲ့ျပီျဖစ္သည့္ ေနာ္တင္ဂမ္ေဖာရက္စ္

ျပီးခဲ့သည့္ရာသီတုန္းက အက္စ္တြန္ဗီလာအသင္းအတြက္ ျပိဳင္ပြဲစံု၌ ၄၂ ပြဲကစားေပးခဲ့သူ အဲလ္ဘတ္အက္ဒိုမာအား ေနာ္တင္ဂမ္ေဖာရက္စ္အသင္းက ေခၚယူႏုိ္င္ခဲ့ျပီျဖစ္ေၾကာင္း Sky Sports သတင္းအရသိရသည္။ အက္ဒိုမာအား အလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ေခၚယူႏုို္င္ခဲ့တာျဖစ္ပါတယ္။ အက္ဒုိမာဟာ ၂၀၁၆ ခုႏွစ္တုန္းက မစ္ဒယ္ဘေရာ႕ ကေန အက္စ္တြန္ဗီလာအသင္းသို႕ေျပာင္းေရႊ႕ခဲ့သူျဖစ္ျပီး ဗီလာပါတ္ခ့္ကြင္းၾကီးထဲမွာ ရွိေနစဥ္တုန္းက ပြဲေပါင္း ၁၀၀ ေက်ာ္ကစားေပးခဲ့ရာတြင္ ၂၂ ဂိုးသြင္းယူေပးႏုိင္ခဲ့ပါတယ္။

၁၀။ ဂ်ီနုိအာသို႕အငွားျဖင့္ေျပာင္းေရႊ႕ခဲ့သည့္ မိုနာကိုေနာက္ခံလူ

နယူးကာဆယ္အသင္းတြင္ ျပီးခဲ့သည့္္ရာသီဝက္အား အငွားျဖင့္လာေရာက္ကစားခဲ့သူ အန္တိုနီယိုဘာရီကာဟာ မိုနာကိုအသင္းကိုစြန္႕ခြာ၍ ဂ်ီုနိုအာအသင္းသို႕ ကာလရွည္အငွားျဖင့္ေျပာင္းေရႊ႕ခဲ့ျပီျဖစ္ေၾကာင္းသိရသည္။

၁၁။ ယူႏုိက္တက္နဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႕အား ဆံုးျဖတ္ခဲ့ရတာက မခက္ခဲခဲ့ပါဘူး – ရက္ရွ္ဖိုဒ့္

မန္ခ်က္စတာယူႏုိ္က္တက္အသင္း တုိက္စစ္မွဴး မားကပ္စ္ရက္ရွ္ဖိုဒ့္က အသင္းနဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႕အား ဆံုးျဖတ္ခဲ့ရတာဟာ မခက္ခဲ ခဲ့ပါဘူးဟု ေျပာလုိက္သည္။ အဂၤလန္လက္ေရြးစင္ကစားသမားဟာ မၾကာေသးမီက ယူႏုိက္တက္နဲ႕ ၄ ႏွစ္သက္တမ္းရွိစာခ်ဳပ္အားခ်ဳပ္ဆုိခဲ့ျပီး တစ္ပါတ္လုပ္ခလစာေပါင္ ၂ သိန္းရရွိခဲ့ပါတယ္။

#latest_news

Unicode

၁။ နော်ဝှစ်ချ်နဲ့ ကာလရှည်စာချုပ်ချုပ်ဖို့အား သဘောတူညီလိုက်သည့် မက်ဇ်အာရွန်စ်

Telegraph သတင်းအရ နော်ဝှစ်ချ်အသင်းနောက်ခံလူ မက်ဇ်အာရွန်စ်ဟာ အသင်းနဲ့ ၅ နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုဖို့အား သဘောတူညီမူရရှိခဲ့သည်ဟု သိရသည်။ အသက် ၁၉ နှစ်အရွယ် ကစားသမားလေးဟာ အင်္ဂလိပ်ဘောလုံးလောကထဲမှ ငယ်ရွယ်ပြီးတောက်ပလာနိုင်တဲ့ ကစားသမားတွေထဲတွင် အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် ကျယ်ပြန့်စွာနဲ့ စဉ်းစားပေးနိုင်ပါတယ်။ နော်ဝှစ်ချ်အသင်းဟာယခုရာသီတွင် ပရီးမီးယားလိဂ်သို့တန်းတက်လာနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်အရသာကိုပထမဆုံး ခံစားရရှိဖို့ အာရွန်စ်ဟာ ပိုင်ဆိုင်ရတော့မှာပါ။ ၂၀၁၈-၁၉ ဘောလုံးရာသီတွင် အာရွန်စ်ဟာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် နော်ဝှစ်ချ်အတွက် ၄၁ ပွဲကစားပေးခဲ့ရာတွင် သွင်းဂိုး ၂ ဂိုးနှင့် ၆ ကြိမ်ဖန်တီးပေးမူ ပြုလုပ်ထားနိုင်ခဲ့သည်။

၂။ ဘာလိုတယ်လီအား ကမ်းလှမ်းလိုက်သည့် ဝက်စ်ဟမ်း

Daily Mail သတင်းအရ အလွတ်ပြောင်းရွှေ့မူခေါ်ယူလို့ရတဲ့အနေအထားမှာ ရှိနေတဲ့ မာရီယို ဘာလိုတယ်လီအား ဝက်စ်ဟမ်းအသင်းက ကမ်းလှမ်းမူပြုလုပ်ထားခဲ့ပြီဖြစ်ကြောင်းသိရသည်။ အသင်းရဲ့အဓိကပစ်မှတ်တွေဖြစ်ကြတဲ့ ကော်လွန်ဝဲလ်ဆန်နှင့် မက်ဆီဂိုးမက်ဇ်တို့အားခေါ်ယူဖို့အရေးဟာ စတင်လွဲချော်မူတွေရှိလာနိုင်ခဲ့လို့ ဇူလိုင်လ ၁ ရက်နေ့က မာဆေးလ်အသင်းအား စွန့်ခွာလာခဲ့ပြီဖြစ်သည့် အီတလီတိုက်စစ်မှူးအား ခေါ်ယူရန်အတွက် ဝက်စ်ဟမ်းက ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်သည်။ ပြီးခဲသည့်ရာသီက နောက်ဆုံး ၆ လ မာဆေးလ်အသင်းအတွက် ကစားပေးခဲ့ရာတွင် လီဂူး-၁ ၁၅ ပွဲ၌ ၈ ဂိုးထိသွင်းယူပေးနိုင်ခဲ့သည်။

၃။ ဂန္တဝင်ကစားသမားကြီး ဂျော်ဂျီဟာဂီရဲ့သားကိုခေါ်ယူဖို့ စိတ်ဝင်စားနေသည့် ဘာစီလိုနာ

AS သတင်းဖော်ပြချက်အရ Vitorul Constanta ကွင်းလယ်ကစားသမား လန်းနစ်ဟာဂီအား ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။ အသက် ၂၀ နှစ်အရွယ်ရှိ ကစားသမားဟာ အရင် ရိုးမေးနီးယားဂန္တဝင်ကစားသမားကြီး ဂျော်ဂျီဟာဂီရဲ့ သားဖြစ်ပါတယ်။ ဂျော်ဂျီဟာဂီဟာ ၁၉၉၄ နှင့် ၁၉၉၆ ထိ နူးကမ့်ကွင်းကြီးထဲမှာ ကစားခဲ့သူဖြစ်သည်။

၄။ ပေါဂ့်ဘာကိုရောင်းချဖို့ တိုက်တွန်းလိုက်သည့် ကလီဘာဆန်

အရင် မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ကလီဘာဆန်က ယူနိုက်တက်အနေနဲ့ ပေါ်လ်ပေါဂ့်ဘာအား ရောင်းချသင့်ပါတယ်လို့ ပြောကြားလိုက်သည်။ ကလီဘာဆန်က Manchester EveningNews သို့ “ ပေါဂ့်ဘာကိုရောင်းချဖို့ဟာ မှန်ကန်တဲ့ လှုပ်ရှားမူတစ်ခုဖြစ်ပါလိမ့်မယ်။ ပေါဂ့်ဘာဟာ ဂရိတ်
ကစားသမားတစ်ဦးပါ။ သူရဲ့အရည်အသွေးကလည်း မယုံကြည်နိုင်လောက်စရာကောင်းပါတယ်။ ဒါပေမယ့်သူရဲ့ ကစားဟန်က အနည်းငယ် ကွဲပြားခြားနားနေပါတယ်။ ယူနိုက်တက်လိုချင်နေတဲ့ အရာမျိုးမဟုတ်ပါဘူး ”

၅။ မန်ယူသို့ပြောင်းရွှေ့လိုနေသည့် လီမီနာ

Daily Star သတင်းအရ ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဆောက်သမ်တန်ကွင်းလယ်လူ မာရီယိုလီမီနာဟာ မန်ချက်စတာယူနိုက်တက်အသင်းထံသို့ အပြီးသတ်ပြောင်းရွှေ့လိုနေကြောင်းသိရသည်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ စိန့်မေရီကွင်းကြီးအား စွန့်ခွာချင်ကြောင်းဆန္ဒကို ထုတ်ဖော်ပြသထားခဲ့ပြီးဖြစ်ပါတယ်။ ၎င်းကို အာဆင်နယ်နှင့် မန်ယူ တို့ ၂ သင်းစလုံးက လက်မှတ်ထိုးခေါ်ယူနိုင်ဖို့ အလိုရှိနေပါတယ်။ ဒါပေမယ့် ကစားသမားက ယူနိုက်တက်အသင်းထံသို့ ပြောင်းရွှေ့ဖို့ ဆန္ဒဖြစ်နေပါတယ်။

၆။ လူကာကူနှင့်ပေါဂ့်ဘာ အတွက် ကမ်းလှမ်းမူ ဘာမှမရှိဟု ဆိုးလ်ရှားဆို

အသင်းကနေထွက်ခွာဖို့ ဆန္ဒတွေရှိနေကြတဲ့ ရိုမယ်လူ လူကာကူနှင့် ပေါ်လ်ပေါဂ့်ဘာတို့အတွက် မည်သည့်ကမ်းလှမ်းချက်မျှ လက်ခံမရရှိသေးပါဟု မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလိုက်သည်။ ပြင်သစ်လက်ရွေးစင်ကစားသမား ပေါဂ့်ဘာအား ရီးရဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်အသင်းတို့က လေးနက်စွာချိတ်ဆက်မူတွေပြုလုပ်နေကြပြီး တိုက်စစ်မှူးလူကာကူအားလည်း အင်တာမီလန်အသင်းဋ္ဌဘက်က အဓိကပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

၇။ မန်ဇူးကစ်ဘက်ကို ဦးတည်လာခဲ့သည့် ဘိုင်ယန်မြူးနစ်

Sport Bild သတင်းအရ ဂျူဗင်တပ်စ်တိုက်စစ်မှူး မာရီယိုမန်ဇူးကစ်အား အသင်းသို့ပြန်လည်ခေါ်ယူနိုင်ရန်အတွက် ကမ်းလှမ်းမူတစ်ခုအားပြုလုပ်ဖို့ရာ ဘိုင်ယန်မြူးနစ်အသင်းဘက် စဉ်းစားနေကြောင်းသိရသည်။ မန်ဇူးကစ်ဟာ ၂၀၁၄ ခုနှစ်တုန်းက အက်လက်တီကိုမက်ဒရစ်အသင်းသို့ ထွက်ခွာသွားခဲ့ပြီးနောက် နောက်ထပ်တစ်နှစ်အကြာမှာပဲ ဂျူဗင်တပ်စ်အသင်းထံ ထပ်မံပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။ အခုတော့ စီးရီးအေချန်ပီယံကြီးက အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးအား ရောင်းထုတ်ဖို့ရန် စဉ်းစားနေပါတယ်။ အကယ်၍များ ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ အရန်အဖြစ်ထားရှိနိုင်သလို တောင်ပံကစားသမားတစ်ဦးအနေနဲ့ လည်းအသုံးပြုနိုင်မှာပါ။

၈။ ဝက်စ်ဘရွန်းချာတိတ်လေး ရော်ဂျာကိုခေါ်ယူဖို့ လျော်ကြေးပေးခဲ့သည့် မန်စီးတီး

ဝက်စ်ဘရွန်းအသင်းရဲ့ လူငယ်ကြယ်ပွင့်လေး မော်ဂန်ရော်ဂျာအတွက် လျော်ကြေးအပြည့်အစုံအားပေးချေဖို့ မန်ချက်စတာစီးတီးအသင်းက သဘောတူညီခဲ့ကြောင်းသိရသည်။ အသက် ၁၆ နှစ်အရွယ်ကစားသမားလေးဟာ ဝက်စ်ဘရွန်းအသင်းတွင် ဆက်ရှိနေရန်အတွက် ငြင်းဆန်ခဲ့ပြီးနောက် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန်အလိုရှိခဲ့သူပါ။ Telegraph သတင်းအရ မန်စီးတီးအသင်းဟာ ဝက်စ်ဘရွန်းအသင်းထံ ပေါင် ၄ သန်းပေးချေခဲ့ရကြောင်းသိရသည်။ ဒီပမာဏဟာ ရော်ဂျာလိုအသက်ငယ်ရွယ်တဲ့ကစားသမားလေးလိုတစ်ဦးအတွက် အမြင့်ဆုံးပေးချေခဲ့ရမူတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ အသက် ၁၇ နှစ်ပြည့်ဖို့ ၁၇ ရက်စောင့်နေရတဲ့ ရော်ဂျာဟာ သူရဲ့ပထမဆုံး ပရော်ဖက်ရှင်နယ် လက်မှတ်ရေးထိုးမူအား မွေးနေ့တွင် ပြုလုပ်နိုင်တော့မှာပါ။

၉။ အဲလ်ဘတ်အက်ဒိုမာအား ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည့် နော်တင်ဂမ်ဖောရက်စ်

ပြီးခဲ့သည့်ရာသီတုန်းက အက်စ်တွန်ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ၌ ၄၂ ပွဲကစားပေးခဲ့သူ အဲလ်ဘတ်အက်ဒိုမာအား နော်တင်ဂမ်ဖောရက်စ်အသင်းက ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း Sky Sports သတင်းအရသိရသည်။ အက်ဒိုမာအား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အက်ဒိုမာဟာ ၂၀၁၆ ခုနှစ်တုန်းက မစ်ဒယ်ဘရော့ ကနေ အက်စ်တွန်ဗီလာအသင်းသို့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဗီလာပါတ်ခ့်ကွင်းကြီးထဲမှာ ရှိနေစဉ်တုန်းက ပွဲပေါင်း ၁၀၀ ကျော်ကစားပေးခဲ့ရာတွင် ၂၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

၁၀။ ဂျီနိုအာသို့အငှားဖြင့်ပြောင်းရွှေ့ခဲ့သည့် မိုနာကိုနောက်ခံလူ

နယူးကာဆယ်အသင်းတွင် ပြီးခဲ့သည့််ရာသီဝက်အား အငှားဖြင့်လာရောက်ကစားခဲ့သူ အန်တိုနီယိုဘာရီကာဟာ မိုနာကိုအသင်းကိုစွန့်ခွာ၍ ဂျီုနိုအာအသင်းသို့ ကာလရှည်အငှားဖြင့်ပြောင်းရွှေ့ခဲ့ပြီဖြစ်ကြောင်းသိရသည်။

၁၁။ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အား ဆုံးဖြတ်ခဲ့ရတာက မခက်ခဲခဲ့ပါဘူး – ရက်ရှ်ဖိုဒ့်

မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖိုဒ့်က အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အား ဆုံးဖြတ်ခဲ့ရတာဟာ မခက်ခဲ ခဲ့ပါဘူးဟု ပြောလိုက်သည်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ မကြာသေးမီက ယူနိုက်တက်နဲ့ ၄ နှစ်သက်တမ်းရှိစာချုပ်အားချုပ်ဆိုခဲ့ပြီး တစ်ပါတ်လုပ်ခလစာပေါင် ၂ သိန်းရရှိခဲ့ပါတယ်။

#latest_news