ဂွာဒီယိုလာ နဲ့ လမ်းပတ် ဟာတူညီကြောင်း ခိုင်းနိုင်းပြလိုက်တဲ့ ဟာရီရက်နက်

ချဲလ်ဆီးအသင်းရဲ့ နည်းပြအသစ် ဖြစ်လာတဲ့ ဖရန့်လမ်းပတ် ဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် ယနေ့ညမှာ ဘိုဟီမီးယန်း အသင်းနဲ့ စတင်ကစားရတော့မှာဖြစ်ပါတယ်။ လမ်းပတ် ဟာ ချဲလ်ဆီးနည်းပြအဖြစ် (၃) နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် သူဟာ နည်းပြအတွေ့အကြုံသိပ်မရှိသေးပဲ အသင်းကြီးတစ်သင်းကို တာဝန်ယူခဲ့တာကြောင့် ဝေဖန်မူတစ်ချို့ရှိနေသေးတာဖြစ်ပါတယ်။ လမ်းပတ်ဟာ အသက် (၄၁) နှစ်အရွယ်ရှိပြီး သူ့ရဲ့ ပထမဆုံးကိုင်တွယ်ခဲ့တဲ့အသင်းဟာ ချန်ပီယံရှစ် ကလပ်ဒါဘီအသင်းဖြစ်ပြီး ပြိုင်ဆိုင်မူသိပ်မပြင်ထန်တဲ့ ကလပ်မှာတစ်ရာသီကြာသာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လမ်းပတ်ဟာ ဒါဘီကို ပရီးမီးယားလိဂ်တက်ခွင့်ရအောင် ကူညီပေးဖို့နီးစပ်ခဲ့ပါသေးတယ်။ ချဲလ်ဆီးအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီင်္းနောက်မှာတော့ လမ်းပတ်ကို လာမယ့်ဘောလုံးရာသီမှာပထမဆုံးအထုတ်ခံရမယ့် နည်းပြအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

တချိန်က စပါးအသင်းရဲ့နည်းပြဟောင်းတစ်ဦးဖြစ်သူ ရက်နက် ကတော့ လမ်းပတ်ကိုထောက်ခံသွားခဲ့ပြီး သူဟာချဲလ်ဆီးအသင်းနဲ့ အံဝင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။  ‘ လမ်းပတ် ဟာချဲလ်ဆီးအသင်းဆီပြန်လာခဲ့တာ ကျနော့်အနေနဲ့ သူ့ကိုယုံကြည်ပါတယ်၊ ကြီးမားတဲ့အသင်းတစ်သင်းကို ကိုင်တွယ်ရဖို့အခွင့်အရေးကို ကောင်းကောင်းဆုပ်ကိုင်သင့်ပါတယ်၊ ဒါမျိုးက အမြဲတမ်းမရနိုင်ပါဘူး၊ ဒါပေမယ့် လမ်းပတ်ဟာ သူတစ်ချိန်က ကစားခဲ့ဖူးတဲ့ အသင်းဟောင်းတစ်သင်းဆီပြန်လာတာဖြစ်တဲ့အတွက် ဒီအသင်းရဲ့အခြေအနေကိုကောင်းကောင်းသိပါတယ်၊ ပွဲတစ်ပွဲရဲ့အနိမ့်အမြင့်ကိုဘယ်လိုထိန်းချုပ်ရမလဲ သူနားလည်ပါတယ်၊ ဒီအဖြစ်ဟာဘာနဲ့တူသလဲဆိုတော့ ပက်ဂွာဒီယိုလာ ဘာစီလိုနာကိုပြန်လာတုန်းကပုံစံနဲ့တူပါတယ်၊ ပက် ဟာလည်း ဘာစီလိုနာရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီးတော့ သူ ဘာကာအသင်းကိုအသက်ငယ်ငယ်အချိန်မှာပဲ နည်းပြအဖြစ်နဲ့ပြန်လာခဲ့ပါတယ်၊ ပြီးတော့ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မူတွေ ကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်၊ ဒါကြောင့် လမ်းပတ် ဟာလည်း ပက် လိုပဲ ချဲလ်ဆီးနဲ့အောင်မြင်လာပါလိမ့်မယ် ’  လို့ သူ့ရဲ့အမြင်ကိုပြောပြသွားခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ကစားသမားဝယ်ယူခွင့် နှစ်နှစ်အပိတ်ခံထားရပြီး ယခုနှစ်နွေရာသီကနေစပြီး အရေးယူမှာဖြစ်တာကြောင့် ကစားသမားသစ်ဝယ်ယူခွင့်လည်းရရှိမှာမဟုတ်ပါဘူး။ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဟာဇက် ကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့လိုက်ရတာကြောင့် လမ်းပတ်အနေနဲ့ အသင်းကိုတည်ဆောက်ဖို့ခက်ခဲလိမ့်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမယ့် လမ်းပတ် ဟာ ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမားတွေကို အသင်းကြီးမှာ နေရာပေးသွားမယ်လို့ ပြောဆိုထားခဲ့တာကြောင့် အကယ်ဒမီကစားသမားတွေအတွက်တော့ အခွင့်အရေးတွေရရှိလာမှာဖြစ်ပါတယ်။

#Lampard #Chelsea