ဂျိမ်းစ် ရိုဒရီဂွက်ဒ် ကို ခေါ်ယူနိုင်လိမ့်မယ်လို့ နာပိုလီနည်းပြ အန်ဆယ်လော့တီယုံကြည်

ဘိုင်ယန်မြူးနစ်မှာ အငှားသွားရောက်ကစားနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက် ဟာ လက်ရှိမှာတော့ စာချုပ်သက်တမ်းပြည့်သွားပြီဖြစ်ပြီး ရီးရဲလ်ကိုပြန်လာဖို့ရှိနေပါတယ်။ ဒါပေမယ့် ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်ဟာ သူ့ကိုအသင်းမှာ အလိုမရှိပဲ ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီနွေမှာ ဂျိမ်းကို ကမ်းလှမ်းထားတဲ့အသင်းတွေမရှိသေးတဲ့အတွက် ရီးရဲလ်မက်ဒရစ် ဟာ သူတို့ရဲ့ ကစားသမားသစ်ခေါ်ယူရာမှာ အလိုက်ပေးပြီ အသုံးပြုသွားဖွယ်ရှိတယ်လို့သိရပါတယ်။

ဒါပေမယ့်အခုချိန်မှာတော့ ဂျိမ်းစ်ကို အီတလီ ကိုခေါ်ယူဖို့ အန်ဆယ်လော့တီ ကကြိုးစားလာပြီပဲဖြစ်ပါတယ်။ အန်ဆယ်တော့တီ က ဂျိမ်းစ်နဲ့ပက်သက်လို့ ‘ ကျနော်သူ့ကိုကောင်းကောင်းသိပါတယ်၊ သူဟာကွင်းလယ်ကစားသမားတစ်ယောက်အဖြစ်လည်းကစားနိုင်ပါတယ်၊ နံပါတ် (၁၀) Role မှာလည်း အသုံးပြုလို့ရသလို ညာတောင်ပံမှာလည်း ကစားခိုင်းလို့ရတဲ့သူပါ၊ သူဟာ ကွင်းလယ်နေရာစုံမှာ ရွေ့လျားကစားနိုင်လို့ ကျနော့်အသင်းမှာ အလိုရှိပါတယ်၊ ဒါပေမယ့် နာပိုလီ ကိုသူလာရောက်ကစားနိုင်ဖို့တော့ သူ့ကိုကျနော်တို့ အချိန်ပေးဖို့လိုပါတယ် ’ လို့ပြောကြားသွားခဲ့ပါတယ်။

နာပိုလီ အသင်းဟာ ဂျိမ်းအတွက်ပြောင်းရွေ့ကြေး ယူရို (၄၂) သန်းခန့်အသုံးပြုသွားဖို့ရှိနေပြီး ၀ယ်ယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဆက်သွယ်မူစတင်ပြုလုပ်နေပြီလို့သိရပါတယ်။ ရီးရဲလ်အသင်းဘက်ကလည်း ဒီရာသီမှာ ယူရိုသန်း (၃၀၀) အသုံးပြုထားပြီး ကစားသမား (၅) ဦးအထိဝယ်ယူထားတာကြောင့် UEFA ရဲ့ ဘဏ္ဍရေးစည်းမျဉ်းနဲ့ ငြိစွန်းမူမရှိအောင် အသင်းရဲ့ ကစားသမားအချို့ကိုထုတ်ရောင်းရမှာဖြစ်ပါတယ်။ သို့မှသာ နောက်ထပ် ကစားသမားသစ်ဝယ်ယူမူတွေကို ထပ်မံပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။

#James #Real #Napoli