မက္ဂြဲရားရဲ႕ တန္ေၾကး ေပါင္သန္း ၉၀ ကို ေလ်ာ့ခ်ႏိုင္ရန္အတြက္ ပါရဲရားကို အလိုက္ေပးကမ္းလွမ္းမည့္ မန္ယူ

မန္ယူႏိုက္တက္အသင္းသည္ လက္စတာေနာက္ခံလူ မက္ဂြဲရားကို ေခၚယူႏိုင္ေရးအတြက္ ေျပာင္းေရႊ႕ေၾကး ေလ်ာ့ခ်ႏိုင္ရန္ ဘရာဇီးလ္ ကြင္းလယ္လူ ပါရဲရားကို အလိုက္ေပးကမ္းလွမ္းဖြယ္ရွိေနတယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့ပါတယ္။ မက္ဂြဲရား ကို မန္ခ်က္စတာ ၂ သင္းစလံုးက လိုခ်င္ေနၾကျခင္းျဖစ္ေပမယ့္ လက္စတာအသင္းက ေပါင္သန္း ၉၀ သတ္မွတ္ထားလို႔ ေျပာင္းေရႊ႕ေၾကး ျမင့္မား လြန္းေနေသာေၾကာင့္  လက္တြန္႔ေနၾကပါတယ္။ ပါရဲရားသည္ အိုးထရက္ဖို႔ဒ္တြင္ ၃ ႏွစ္ၾကာ ျဖတ္သန္းခဲ့သူျဖစ္ေပမယ့္လည္း တိုးတက္မႈေႏွးေကြးေနေသာေၾကာင့္ ပြဲထြက္ခြင့္ပံုမွန္ မရသူျဖစ္ပါတယ္။ ၄င္းသည္ ျပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္ ၁၅ ပြဲ ပြဲထြက္ကစားခြင့္ရထားပါတယ္။

The Sun မွ အဆိုအရ ယူႏိုက္တက္သည္ လက္စတာအသင္းမွ သတ္မွတ္ထားေသာ အဂၤလန္လက္ေရြးစင္ကစားသမားရဲ႕ ျမင့္မားတဲ့ ေစ်းႏႈန္းကို ေလ်ာ့ခ်ႏိုင္ရန္အတြက္ ပါရဲရားကို လက္စတာအသင္းထံ အလိုက္ေပးခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္သည္ အဆိုပါဗဟိုေနာက္ခံလူျပီးခဲ့တဲ့ႏွစ္ ေမာ္ရင္ဟိုလက္ထက္ကတည္းကစိတ္၀င္စားေနျခင္းျဖစ္ပါတယ္။ သရဲနီတို႔သည္ ျပီးခဲ့တဲ့ရာသီက ညံ့ဖ်င္းေသာ ေနာက္တန္းကစားပံုေၾကာင့္ အသင္းကို အင္အားျဖည့္တင္းေနျခင္းျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဘယ္ဂ်ီယံႏြယ္ဖြာ ပါရဲရားသည္ ျပီးခဲ့တဲ့ ႏွစ္က ဗလင္စီယာ သို႔ အငွားျဖင့္ သြားေရာက္ကစားတုန္းက ဘရာဇီးလက္ေေရြးစင္အသင္းအတြက္ တစ္ပြဲပါ၀င္ကစားထားခဲ့ပါတယ္။ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာ သည္ ဆဲလ္တစ္တြင္ နည္းျပခဲ့စဥ္က ပါရဲရားကို စိတ္၀င္စားခဲ့တယ္လို႔ သတင္းမ်ား ထြက္ေပၚခဲ့ျခငး္ေၾကာင့္ ယူႏိုက္တက္အေနျဖင့္ အဆိုပါအခ်က္ကို အသံုးျပဳဖြယ္ရွိေနပါတယ္။

ဆိုးလ္ရွားသည္ ဆြမ္ဆီးအသင္းမွ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ ကို ေပါင္ ၁၇ သန္းျဖင့္ ေခၚယူထားျပီျဖစ္ပါတယ္။ အသင္းသည္ အျခားေသာ ကစားသမားအျဖစ္ အာရြန္၀မ္ဘီဆာကာ ၊ ဘင္ဖီကာ ကစားသမား ဂ်ာအိုဖီလစ္ နဲ႔ စပို႔တင္းကြင္းလယ္လူ ဘရူႏို ဖာနန္ဒက္စ္ တို႔ကိုလည္း စိတ္၀င္စားေနတယ္လို႔ သိရွိရပါတယ္။

Unicode

မက်ဂွဲရားရဲ့ တန်ကြေး ပေါင်သန်း ၉၀ ကို လျော့ချနိုင်ရန်အတွက် ပါရဲရားကို အလိုက်ပေးကမ်းလှမ်းမည့် မန်ယူ

မန်ယူနိုက်တက်အသင်းသည် လက်စတာနောက်ခံလူ မက်ဂွဲရားကို ခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေး လျော့ချနိုင်ရန် ဘရာဇီးလ် ကွင်းလယ်လူ ပါရဲရားကို အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ မက်ဂွဲရား ကို မန်ချက်စတာ ၂ သင်းစလုံးက လိုချင်နေကြခြင်းဖြစ်ပေမယ့် လက်စတာအသင်းက ပေါင်သန်း ၉၀ သတ်မှတ်ထားလို့ ပြောင်းရွှေ့ကြေး မြင့်မား လွန်းနေသောကြောင့်  လက်တွန့်နေကြပါတယ်။ ပါရဲရားသည် အိုးထရက်ဖို့ဒ်တွင် ၃ နှစ်ကြာ ဖြတ်သန်းခဲ့သူဖြစ်ပေမယ့်လည်း တိုးတက်မှုနှေးကွေးနေသောကြောင့် ပွဲထွက်ခွင့်ပုံမှန် မရသူဖြစ်ပါတယ်။ ၎င်းသည် ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ၁၅ ပွဲ ပွဲထွက်ကစားခွင့်ရထားပါတယ်။

The Sun မှ အဆိုအရ ယူနိုက်တက်သည် လက်စတာအသင်းမှ သတ်မှတ်ထားသော အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ မြင့်မားတဲ့ ဈေးနှုန်းကို လျော့ချနိုင်ရန်အတွက် ပါရဲရားကို လက်စတာအသင်းထံ အလိုက်ပေးချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်သည် အဆိုပါဗဟိုနောက်ခံလူပြီးခဲ့တဲ့နှစ် မော်ရင်ဟိုလက်ထက်ကတည်းကစိတ်ဝင်စားနေခြင်းဖြစ်ပါတယ်။ သရဲနီတို့သည် ပြီးခဲ့တဲ့ရာသီက ညံ့ဖျင်းသော နောက်တန်းကစားပုံကြောင့် အသင်းကို အင်အားဖြည့်တင်းနေခြင်းဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဘယ်ဂျီယံနွယ်ဖွာ ပါရဲရားသည် ပြီးခဲ့တဲ့ နှစ်က ဗလင်စီယာ သို့ အငှားဖြင့် သွားရောက်ကစားတုန်းက ဘရာဇီးလက်ေရွေးစင်အသင်းအတွက် တစ်ပွဲပါဝင်ကစားထားခဲ့ပါတယ်။ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ သည် ဆဲလ်တစ်တွင် နည်းပြခဲ့စဉ်က ပါရဲရားကို စိတ်ဝင်စားခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ယူနိုက်တက်အနေဖြင့် အဆိုပါအချက်ကို အသုံးပြုဖွယ်ရှိနေပါတယ်။

ဆိုးလ်ရှားသည် ဆွမ်ဆီးအသင်းမှ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် ကို ပေါင် ၁၇ သန်းဖြင့် ခေါ်ယူထားပြီဖြစ်ပါတယ်။ အသင်းသည် အခြားသော ကစားသမားအဖြစ် အာရွန်ဝမ်ဘီဆာကာ ၊ ဘင်ဖီကာ ကစားသမား ဂျာအိုဖီလစ် နဲ့ စပို့တင်းကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် တို့ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။