ျပည္ပၿပိဳင္ပြဲမ်ားတြင္ သံုးႀကိမ္အထိ ဗိုလ္စြဲခ့ဲၿပီးျဖစ္တ့ဲ ျမန္မာၾကက္ေတာင္မယ္သက္ထားသူဇာ

ျမန္မာ့ ၾကက္ေတာင္မယ္ သက္ထားသူဇာဟာ ဇြန္လ (၁၃) ရက္ေန႔မွ (၁၆) ရက္ေန႔အထိ က်င္းပ ျပဳလုပ္ခ့ဲတ့ဲ Fleet Mauritius International 2019 ၿပိဳင္ပဲြမွာ အႏုိင္ရ ဗုိုလ္စြဲခ့ဲပါတယ္။ ကမာၻ႕ ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ လက္ေအာက္မွာ က်င္းပတ့ဲ အဆုိပါ ၿပိဳင္ပြဲကို ေမာရစ္သွ်ႏုိင္ငံ၊ Ebene ေဒသမွာ က်င္းပခ့ဲတာျဖစ္ၿပီး သက္ထားသူဇာ အေနနဲ႔ ေနာက္ဆံုး ဗို္လ္လုပြဲမွာ ၿပိဳင္ပြဲ ဆီဒင္ အဆင့္ သတ္မွတ္ခ်က္ (၅) ရွိတ့ဲ ဖင္လန္ ႏိုင္ငံသူကုိ အႏုိင္ရရွိၿပီး ဗိုလ္စြဲႏုိင္ခ့ဲပါတယ္။

သက္ထားသူဇာဟာ အိမ္ရွင္ ေမာရစ္သွ် ၾကက္ေတာင္မယ္ ေလာ္နာဘုိဟာကို (၂၁-၃) မွတ္၊ (၂၁-၁၀) မွတ္တို႔ ျဖင့္ အႏုိင္ရရွိကာ (၃၂) ေယာက္ အဆင့္ကို ျဖတ္ေက်ာ္ႏုိင္ခ့ဲၿပီး (၁၆) ေယာက္ အဆင့္မွာေတာ့ မေလးရွားသူ ရာခါခရစ္ရွန္ကို (၂၁-၁၉) မွတ္၊ (၂၁-၁၂) မွတ္ျဖင့္ အႏုိင္ယူ ေက်ာ္ျဖတ္ႏုိင္ခ့ဲပါတယ္။ ကြာတားဖုိင္နယ္ ပြဲစဥ္မွာေတာ့ သက္ထားသူဇာဟာ (၂၁-၁၉) မွတ္၊ (၂၁-၁၆) မွတ္ျဖင့္ ေမာရစ္သွ်သူပင္ျဖစ္တ့ဲ ေကတီဖူကြန္းကို ေက်ာ္ျဖတ္ ႏိုင္ခ့ဲကာ ဆီမီးဖုိင္နယ္ အဆင့္ကို လက္စြမ္းျပ တက္ေရာက္ႏုိင္ခ့ဲပါတယ္။

ဆီမီးဖုိင္နယ္မွာေတာ့ အိႏၵိယ ႏုိင္ငံသူ ရိုင္ခ်က္ကာနဲ႔ အႀကိတ္ အနယ္ ယွဥ္ၿပိဳင္ခ့ဲရၿပီး (၁၃-၂၁) မွတ္၊ (၂၁-၁၉) မွတ္၊ (၂၁-၁၆) မွတ္ျဖင့္ အႏုိင္ရရွိခ့ဲတာေၾကာင့္ ဗုိလ္လုပြဲအဆင့္ကုိ တက္ေရာက္ ႏိုင္ခ့ဲပါတယ္။ ေနာက္ဆံုး ဗုိလ္လုပြဲမွာေတာ့ သက္ထားသူဇာက ဖင္လန္ႏုိင္ငံသူ ေအရီမစ္ခီလာကို (၂၁-၁၀) မွတ္၊ (၂၁-၁၉) မွတ္ျဖင့္ အႏုိင္ရရွိကာ အခုလုိပဲ ထိုက္ထိုက္တန္တန္နဲ႔ ဗိုလ္စြဲႏိုင္ခ့ဲတာလည္း ျဖစ္ပါတယ္။ သက္ထားသူဇာဟာ (၂၀၁၈) ခုႏွစ္၊ ေအာက္တိုဘာလမွာ က်င္းပခ့ဲတ့ဲ Egypt International Badminton Series ၿပိဳင္ပြဲမွာလည္း ဗိုလ္စြဲခ့ဲၿပီး၊ (၂၀၁၉) ခုႏွစ္ ေဖေဖာ္ဝါရီလမွာ က်င္းပခ့ဲတ့ဲ Uganda’s International Series ၿပိဳင္ပြဲမွာလည္း ဗုိလ္စြဲႏုိင္ခ့ဲတာေၾကာင့္ လက္ရွိ ေမာရစ္သွ် ႏုိင္ငံမွာ ဗိုလ္စြဲႏိုင္ခ့ဲတာက သက္ထားသူဇာ အတြက္ သူမရဲ႕ ကစားသမား ဘဝ တစ္ေလွ်ာက္ ႏုိင္ငံတကာ ေအာင္ျမင္မႈ (၃) ႀကိမ္ အထိ ရရွိခ့ဲၿပီး ျဖစ္တယ္လို႔ ဆုိရမွာလည္း ျဖစ္ပါတယ္။

Photo Credit

Unicode

မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာဟာ ဇွန်လ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့တဲ့ Fleet Mauritius International 2019 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ကမ္ဘာ့ ကြက်တောင်အဖွဲ့ချုပ် လက်အောက်မှာ ကျင်းပတဲ့ အဆိုပါ ပြိုင်ပွဲကို မောရစ်သျှနိုင်ငံ၊ Ebene ဒေသမှာ ကျင်းပခဲ့တာဖြစ်ပြီး သက်ထားသူဇာ အနေနဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ ပြိုင်ပွဲ ဆီဒင် အဆင့် သတ်မှတ်ချက် (၅) ရှိတဲ့ ဖင်လန် နိုင်ငံသူကို အနိုင်ရရှိပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

သက်ထားသူဇာဟာ အိမ်ရှင် မောရစ်သျှ ကြက်တောင်မယ် လော်နာဘိုဟာကို (၂၁-၃) မှတ်၊ (၂၁-၁၀) မှတ်တို့ ဖြင့် အနိုင်ရရှိကာ (၃၂) ယောက် အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး (၁၆) ယောက် အဆင့်မှာတော့ မလေးရှားသူ ရာခါခရစ်ရှန်ကို (၂၁-၁၉) မှတ်၊ (၂၁-၁၂) မှတ်ဖြင့် အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ သက်ထားသူဇာဟာ (၂၁-၁၉) မှတ်၊ (၂၁-၁၆) မှတ်ဖြင့် မောရစ်သျှသူပင်ဖြစ်တဲ့ ကေတီဖူကွန်းကို ကျော်ဖြတ် နိုင်ခဲ့ကာ ဆီမီးဖိုင်နယ် အဆင့်ကို လက်စွမ်းပြ တက်ရောက်နိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ အိန္ဒိယ နိုင်ငံသူ ရိုင်ချက်ကာနဲ့ အကြိတ် အနယ် ယှဉ်ပြိုင်ခဲ့ရပြီး (၁၃-၂၁) မှတ်၊ (၂၁-၁၉) မှတ်၊ (၂၁-၁၆) မှတ်ဖြင့် အနိုင်ရရှိခဲ့တာကြောင့် ဗိုလ်လုပွဲအဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲမှာတော့ သက်ထားသူဇာက ဖင်လန်နိုင်ငံသူ အေရီမစ်ခီလာကို (၂၁-၁၀) မှတ်၊ (၂၁-၁၉) မှတ်ဖြင့် အနိုင်ရရှိကာ အခုလိုပဲ ထိုက်ထိုက်တန်တန်နဲ့ ဗိုလ်စွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သက်ထားသူဇာဟာ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ Egypt International Badminton Series ပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့ပြီး၊ (၂၀၁၉) ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ Uganda’s International Series ပြိုင်ပွဲမှာလည်း ဗိုလ်စွဲနိုင်ခဲ့တာကြောင့် လက်ရှိ မောရစ်သျှ နိုင်ငံမှာ ဗိုလ်စွဲနိုင်ခဲ့တာက သက်ထားသူဇာ အတွက် သူမရဲ့ ကစားသမား ဘဝ တစ်လျှောက် နိုင်ငံတကာ အောင်မြင်မှု (၃) ကြိမ် အထိ ရရှိခဲ့ပြီး ဖြစ်တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။

Photo Credit