တိုးတက္မႈအတြက္ မန္ယူကို  စြန္႔ခြာရမယ္လို႔ လူကာကူကို တိုက္တြန္းလိုက္တဲ့ ဘယ္ဂ်ီယံနည္းျပ

ဘယ္ဂ်ီယံနည္းျပ မာတီနက္ဇ္က လူကာကူကို မန္ယူႏိုက္တက္အသင္းမွ ထြက္ခြာရန္ တိုက္တြန္းေျပာၾကားလိုက္ပါတယ္။ အဆိုပါတိုက္စစ္မွဴးသည္ အိုးထရက္ဖို႔ဒ္တြင္ အနာဂတ္မေသခ်ာမေရရာေသာ ကစားသမားတစ္ေယာက္ျဖစ္ျပီး ယူႏိုက္တက္ကလည္း ေရာင္းခ်ဖြယ္ရွိေနပါတယ္။ အင္တာမီလန္အသင္းသည္ လူကာကူကို ေခၚယူရန္ စိတ္၀င္စားေပမယ့္ ယူႏိုက္တက္က သင့္ေတာ္တဲ့ ကမ္းလွမ္းမႈမရရင္ လက္လႊတ္ဖြယ္မရွိပါဘူး။

ဘယ္ဂ်ီယံလက္ေရြးစင္ကစားသမားသည္ ျပီးခဲ့တဲ့ ေဘာလံုးရာသီက ကစားခဲ့ေသာ ျပိဳင္ပြဲစံု ၄၅ ပြဲတြင္ ၁၅ ဂိုးသာ သြင္းယူႏိုင္ခဲ့ျပီး ရုန္းကန္ခဲ့ရပါတယ္။ မာတီနက္ဇ္က လူကာကူအေနျဖင့္ အသင္းသစ္ရွာေဖြမယ္လို႔ ယံုၾကည္ေနျပီး HLN သို႔ “သူ႔အေနနဲ႔ မန္ယူအသင္းကို စြန္႔ခြာရမယ္ဆိုတာ အရွင္းၾကီးပါ။ ဒါဟာ ၂ ဖက္စလံုးအတြက္ အေကာင္းဆံုးျဖစ္မွာပါ။ ရိုမီယူ အေနနဲ႔ မွန္ကန္တဲ့အသင္းကို ရွာဖို႔ အေရးၾကီးေနပါျပီ” ဟု ေျပာၾကားခဲ့ပါတယ္။

ယခုေႏြတြင္ လူကာကူကို စိတ္၀င္စားေနေသာ အသင္းမွာ အင္တာမီလန္ တစ္သင္းသာ ရွိေနပါတယ္။ ယူႏိုက္တက္သည္ ၂၀၁၇ ခုႏွစ္က ေပါင္ ၇၅ သန္းျဖင့္ ၀ယ္ယူခဲ့ေသာ လူကာကူကို အဲ့ဒီေစ်းႏႈန္းမရပါက ေရာင္းခ်ဖြယ္ရာမရွိပါဘူး။ လူကာကူသည္ ယခုလအေစာပိုင္းတြင္ ကစားခဲ့ေသာ ၃-၀ ျဖင့္အႏိုင္ရခဲ့ေသာ ကာဇက္စတန္ ႏွင့္ စေကာ့တလန္ တို႔နဲ႔ လက္ေရြးစင္ပြဲမ်ားတြင္ ၃ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ပါတယ္။

Unicode

တိုးတက်မှုအတွက် မန်ယူကို  စွန့်ခွာရမယ်လို့ လူကာကူကို တိုက်တွန်းလိုက်တဲ့ ဘယ်ဂျီယံနည်းပြ

ဘယ်ဂျီယံနည်းပြ မာတီနက်ဇ်က လူကာကူကို မန်ယူနိုက်တက်အသင်းမှ ထွက်ခွာရန် တိုက်တွန်းပြောကြားလိုက်ပါတယ်။ အဆိုပါတိုက်စစ်မှူးသည် အိုးထရက်ဖို့ဒ်တွင် အနာဂတ်မသေချာမရေရာသော ကစားသမားတစ်ယောက်ဖြစ်ပြီး ယူနိုက်တက်ကလည်း ရောင်းချဖွယ်ရှိနေပါတယ်။ အင်တာမီလန်အသင်းသည် လူကာကူကို ခေါ်ယူရန် စိတ်ဝင်စားပေမယ့် ယူနိုက်တက်က သင့်တော်တဲ့ ကမ်းလှမ်းမှုမရရင် လက်လွှတ်ဖွယ်မရှိပါဘူး။

ဘယ်ဂျီယံလက်ရွေးစင်ကစားသမားသည် ပြီးခဲ့တဲ့ ဘောလုံးရာသီက ကစားခဲ့သော ပြိုင်ပွဲစုံ ၄၅ ပွဲတွင် ၁၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ မာတီနက်ဇ်က လူကာကူအနေဖြင့် အသင်းသစ်ရှာဖွေမယ်လို့ ယုံကြည်နေပြီး HLN သို့ “သူ့အနေနဲ့ မန်ယူအသင်းကို စွန့်ခွာရမယ်ဆိုတာ အရှင်းကြီးပါ။ ဒါဟာ ၂ ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်မှာပါ။ ရိုမီယူ အနေနဲ့ မှန်ကန်တဲ့အသင်းကို ရှာဖို့ အရေးကြီးနေပါပြီ” ဟု ပြောကြားခဲ့ပါတယ်။

ယခုနွေတွင် လူကာကူကို စိတ်ဝင်စားနေသော အသင်းမှာ အင်တာမီလန် တစ်သင်းသာ ရှိနေပါတယ်။ ယူနိုက်တက်သည် ၂၀၁၇ ခုနှစ်က ပေါင် ၇၅ သန်းဖြင့် ဝယ်ယူခဲ့သော လူကာကူကို အဲ့ဒီဈေးနှုန်းမရပါက ရောင်းချဖွယ်ရာမရှိပါဘူး။ လူကာကူသည် ယခုလအစောပိုင်းတွင် ကစားခဲ့သော ၃-၀ ဖြင့်အနိုင်ရခဲ့သော ကာဇက်စတန် နှင့် စကော့တလန် တို့နဲ့ လက်ရွေးစင်ပွဲများတွင် ၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။