ေကာ္တင္ဟိုကိုေခၚယူခ်င္တ့ဲ အသင္းေတြမွာမန္စီးတီးလည္း ပါဝင္လာတယ္ဆုိတ့ဲ သတင္းနဲ႔အတူ အျခားေသာ ေန႔လယ္ခင္းသတင္းမ်ား

ဘယ္လ္ဂ်ီယံ အသင္းရဲ႕ နည္းျပ ျဖစ္သူ ေရာဘတ္တိုမာတီနက္ဇ္က လူကာကူကုိ ယူႏုိက္တက္ အသင္းက ထြက္ခြာဖုိ႔ တိုက္တြန္း ေျပာၾကား သြားခ့ဲေၾကာင္း သိရွိ ရပါတယ္။ အသက္ (၂၆) ႏွစ္ အရြယ္ အဆုိပါ တိုက္စစ္မွဴးဟာ လက္ရွိအခ်ိန္မွာ ယူႏုိက္တက္ အသင္းကေန ထြက္ခြာဖို႔ သတင္းမ်ား ထြက္ေပၚေနၿပီး အင္တာမီလန္ အသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနေၾကာင္း သိရွိ ရပါတယ္။

လာမယ့္ ရာသီ ပရီးမီးယားလိဂ္ကို တန္းတက္ လာမယ့္ အက္စတြန္ဗီလာ အသင္းဟာ ဟက္ဒါဖီးလ္ အသင္းရဲ႕ ေနာက္ခံလူ ကြန္ဂိုလိုကုိ ေခၚယူဖုိ႔ ျပင္ဆင္ ေနေၾကာင္း သိရွိ ရပါတယ္။ အသက္ (၂၅) ႏွစ္ အရြယ္ အဆုိပါ ကစားသမားဟာ လက္ရွိ ေႏြရာသီ အေျပာင္း အေရႊ႕မွာ အသင္းက ထြက္ခြာဖုိ႔ ျပင္ဆင္ေနၿပီး ဝက္ဖို႔ဒ္ အသင္းကလည္း ကြန္ဂိုလုိကို ေခၚယူဖုိ႔ ျပင္ဆင္ ေနေၾကာင္း သိရွိ ရပါတယ္။

ရီးရဲယ္မက္ဒရစ္ အသင္းရဲ႕ ကြင္းလယ္ ကစားသမား ျဖစ္သူ ဂ်ိမ္းစ္ရုိဒရီဂြက္ဇ္ဟာ နာပိုလီ အသင္းကုိ ႏွစ္ႏွစ္ အငွား စာခ်ဳပ္ နဲ႔ ေျပာင္းေရႊ႕ဖုိ႔ အတြက္ သေဘာတူလိုက္ၿပီ ျဖစ္ေၾကာင္း သိရွိ ရပါတယ္။ ကနဦးမွာ ရီးရဲယ္မက္ဒရစ္ အသင္းက နာပိုလီ အသင္းနဲ႔ သေဘာတူညီမႈ ရရွိခ့ဲၿပီး လက္ရွိ အခ်ိန္မွာေတာ့ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကိုယ္တုိင္က သေဘာတူလိုက္ၿပီ ျဖစ္ေၾကာင္း သိရွိ ရပါတယ္။

ဒါဘီ အသင္းဟာ နည္းျပ ျဖစ္သူ လမ္းပတ္သာ ခ်ဲလ္ဆီး အသင္းကို ေျပာင္းေရႊ႕ ကိုင္တြယ္ ျဖစ္ခ့ဲပါက အက္စတြန္ဗီလာ အသင္းရဲ႕ လက္ေထာက္ နည္းျပ ျဖစ္သူ ဂြ်န္တယ္ရီကုိ ေခၚယူရန္ သတင္းမ်ား ထြက္ေပၚ ေနေၾကာင္း သိရွိ ရပါတယ္။ ခ်ဲလ္ဆီး အသင္းဟာ  နည္းျပ ဆာရီကို ဂ်ဴဗင္တပ္စ္ အသင္းထံ လက္လႊတ္ခ့ဲၿပီးေနာက္ အသင္းရဲ႕ ကစားသမားေဟာင္း လမ္းပတ္ကုိ နည္းျပ အျဖစ္ ျပန္လည္ ေခၚယူရန္ သတင္းမ်ား ထြက္ေပၚေနရာ ဒါဘီ အသင္း အေနနဲ႔ နည္းျပသစ္ ေနရာ အတြက္ ႀကိဳတင္ ျပင္ဆင္ ေနတာလည္း ျဖစ္ပါတယ္။

အီတလီ စီးရီးေအကလပ္ အတၱလန္တာ အသင္းဟာ ဆီဗီလာ အသင္းရဲ႕ တိုက္စစ္မွဴး ျဖစ္သူ လူးဝစ္မူရီယဲယ္ကို ေခၚယူဖုိ႔ နီးစပ္ ေနၿပီ ျဖစ္ေၾကာင္း သိရွိ ရပါတယ္။ အတၱလန္တာ အသင္းရဲ႕ နည္းျပ ျဖစ္သူ ဂက္စ္ပါရီနီဟာ အသင္းရဲ႕ ကိုလံဘီယာ တုိက္စစ္ကစားသမား ျဖစ္တ့ဲ ဒူဗန္ဇာပါတာကို လက္ေရြးစင္ အသင္းေဖာ္နဲ႔ တြဲဖက္ေပးႏုိင္ရန္ ေမွ်ာ္လင့္ေနၿပီး မူရီယဲယ္ ေျပာင္းေရႊ႕ေၾကး ယူရုိ (၁၅) သန္းနဲ႔ ေခၚယူဖုိ႔ နီးစပ္ ေနတာလည္း ျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းရဲ႕ ကြင္းလယ္ ကစားသမား ျဖစ္သူ ေကာ္တင္ဟုိကို ေခၚယူလုိေနတ့ဲ အသင္းေတြထဲမွာ မန္စီးတီး အသင္းလည္း ပါဝင္လာခ့ဲၿပီ ျဖစ္တယ္လို႔ သတင္းမ်ား ထြက္ေပၚလာပါတယ္။ အဆုိပါ ဘရာဇီး လက္ေရြးစင္ ကစားသမားကို ေခၚယူဖို႔ လီဗာပူး၊ ယူႏုိက္တက္၊ PSG အသင္းတုိ႔ကလည္း စိတ္ဝင္စားေနၿပီး လက္ရွိ အခ်ိန္မွာေတာ့ အခုလိုပဲ မန္စီးတီး အသင္းနဲ႔ပါ သတင္းမ်ား ထြက္ေပၚလာခ့ဲတာ ျဖစ္ပါတယ္။

လီဗာပူး နဲ႔ အာဆင္နယ္ အသင္းတို႔ဟာ ေဆာက္သမ္တန္ အသင္းရဲ႕ ေနာက္ခံလူ မတ္တာဂတ္ကုိ ေခၚယူဖုိ႔ စိတ္ဝင္စားလာေၾကာင္း သိရွိ ရပါတယ္။ အသက္ (၂၃) ႏွစ္ အရြယ္ အဆုိပါ ကစားသမားဟာ အသင္းမွာ ပံုမွန္ ပြဲထြက္ခြင့္ မရရွိတာေၾကာင့္ ေဆာက္သမ္တန္ အသင္းကို စြန္႔ခြာဖို႔ ဆႏၵ ရွိေနၿပီး လီဗာပူးနဲ႔အာဆင္နယ္ အသင္းတို႔က အခုလုိပဲ သူတုိ႔ရဲ႕ ေနာက္တန္းကုိ အင္အား ျဖည့္တင္းဖုိ႔ အတြက္ တာဂတ္ကုိ စိတ္ဝင္စားလာတာ ျဖစ္ပါတယ္။

ရီးရဲယ္မက္ဒရစ္ အသင္းက ေခၚယူဖုိ႔ စိတ္ဝင္စားေနတ့ဲ ယူႏုိက္တက္ အသင္းရဲ႕ ကြင္းလယ္ ကစားသမား ျဖစ္သူ ေပါ့ဘာကို PSG အသင္းကလည္း ၾကားျဖတ္ ေခၚယူဖုိ႔ ျပင္ဆင္ ေနေၾကာင္း သိရွိ ရပါတယ္။ ေပါ့ဘာဟာ ယူႏုိက္တက္ အသင္းက ထြက္ခြာလုိေၾကာင္း တရားဝင္ အတည္ျပဳ ေျပာၾကားခ့ဲၿပီး ေပါ့ဘာကို ေခၚယူဖုိ႔ ရီးရဲယ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္ အသင္းတို႔နဲ႔ အၿပိဳင္ PSG အသင္းကလည္း စိတ္ဝင္စားလာတာလည္း ျဖစ္ပါတယ္။

Unicode

ဘယ်လ်ဂျီယံ အသင်းရဲ့ နည်းပြ ဖြစ်သူ ရောဘတ်တိုမာတီနက်ဇ်က လူကာကူကို ယူနိုက်တက် အသင်းက ထွက်ခွာဖို့ တိုက်တွန်း ပြောကြား သွားခဲ့ကြောင်း သိရှိ ရပါတယ်။ အသက် (၂၆) နှစ် အရွယ် အဆိုပါ တိုက်စစ်မှူးဟာ လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းကနေ ထွက်ခွာဖို့ သတင်းများ ထွက်ပေါ်နေပြီး အင်တာမီလန် အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သိရှိ ရပါတယ်။

လာမယ့် ရာသီ ပရီးမီးယားလိဂ်ကို တန်းတက် လာမယ့် အက်စတွန်ဗီလာ အသင်းဟာ ဟက်ဒါဖီးလ် အသင်းရဲ့ နောက်ခံလူ ကွန်ဂိုလိုကို ခေါ်ယူဖို့ ပြင်ဆင် နေကြောင်း သိရှိ ရပါတယ်။ အသက် (၂၅) နှစ် အရွယ် အဆိုပါ ကစားသမားဟာ လက်ရှိ နွေရာသီ အပြောင်း အရွှေ့မှာ အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပြီး ဝက်ဖို့ဒ် အသင်းကလည်း ကွန်ဂိုလိုကို ခေါ်ယူဖို့ ပြင်ဆင် နေကြောင်း သိရှိ ရပါတယ်။

ရီးရဲယ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ နာပိုလီ အသင်းကို နှစ်နှစ် အငှား စာချုပ် နဲ့ ပြောင်းရွှေ့ဖို့ အတွက် သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ကနဦးမှာ ရီးရဲယ်မက်ဒရစ် အသင်းက နာပိုလီ အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး လက်ရှိ အချိန်မှာတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုယ်တိုင်က သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။

ဒါဘီ အသင်းဟာ နည်းပြ ဖြစ်သူ လမ်းပတ်သာ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ ကိုင်တွယ် ဖြစ်ခဲ့ပါက အက်စတွန်ဗီလာ အသင်းရဲ့ လက်ထောက် နည်းပြ ဖြစ်သူ ဂျွန်တယ်ရီကို ခေါ်ယူရန် သတင်းများ ထွက်ပေါ် နေကြောင်း သိရှိ ရပါတယ်။ ချဲလ်ဆီး အသင်းဟာ  နည်းပြ ဆာရီကို ဂျူဗင်တပ်စ် အသင်းထံ လက်လွှတ်ခဲ့ပြီးနောက် အသင်းရဲ့ ကစားသမားဟောင်း လမ်းပတ်ကို နည်းပြ အဖြစ် ပြန်လည် ခေါ်ယူရန် သတင်းများ ထွက်ပေါ်နေရာ ဒါဘီ အသင်း အနေနဲ့ နည်းပြသစ် နေရာ အတွက် ကြိုတင် ပြင်ဆင် နေတာလည်း ဖြစ်ပါတယ်။

အီတလီ စီးရီးအေကလပ် အတ္တလန်တာ အသင်းဟာ ဆီဗီလာ အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ လူးဝစ်မူရီယဲယ်ကို ခေါ်ယူဖို့ နီးစပ် နေပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။ အတ္တလန်တာ အသင်းရဲ့ နည်းပြ ဖြစ်သူ ဂက်စ်ပါရီနီဟာ အသင်းရဲ့ ကိုလံဘီယာ တိုက်စစ်ကစားသမား ဖြစ်တဲ့ ဒူဗန်ဇာပါတာကို လက်ရွေးစင် အသင်းဖော်နဲ့ တွဲဖက်ပေးနိုင်ရန် မျှော်လင့်နေပြီး မူရီယဲယ် ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းနဲ့ ခေါ်ယူဖို့ နီးစပ် နေတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ကော်တင်ဟိုကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ မန်စီးတီး အသင်းလည်း ပါဝင်လာခဲ့ပြီ ဖြစ်တယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။ အဆိုပါ ဘရာဇီး လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ လီဗာပူး၊ ယူနိုက်တက်၊ PSG အသင်းတို့ကလည်း စိတ်ဝင်စားနေပြီး လက်ရှိ အချိန်မှာတော့ အခုလိုပဲ မန်စီးတီး အသင်းနဲ့ပါ သတင်းများ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး နဲ့ အာဆင်နယ် အသင်းတို့ဟာ ဆောက်သမ်တန် အသင်းရဲ့ နောက်ခံလူ မတ်တာဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရှိ ရပါတယ်။ အသက် (၂၃) နှစ် အရွယ် အဆိုပါ ကစားသမားဟာ အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရရှိတာကြောင့် ဆောက်သမ်တန် အသင်းကို စွန့်ခွာဖို့ ဆန္ဒ ရှိနေပြီး လီဗာပူးနဲ့အာဆင်နယ် အသင်းတို့က အခုလိုပဲ သူတို့ရဲ့ နောက်တန်းကို အင်အား ဖြည့်တင်းဖို့ အတွက် တာဂတ်ကို စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါ့ဘာကို PSG အသင်းကလည်း ကြားဖြတ် ခေါ်ယူဖို့ ပြင်ဆင် နေကြောင်း သိရှိ ရပါတယ်။ ပေါ့ဘာဟာ ယူနိုက်တက် အသင်းက ထွက်ခွာလိုကြောင်း တရားဝင် အတည်ပြု ပြောကြားခဲ့ပြီး ပေါ့ဘာကို ခေါ်ယူဖို့ ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ် အသင်းတို့နဲ့ အပြိုင် PSG အသင်းကလည်း စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။