ဝီလီယံ အတွက် ကမ်းလှမ်းမူကို ချဲလ်ဆီးအသင်း လက်မခံခဲ့

ချဲလ်ဆီး အသင်းရဲ့ ၀ါရင့်တောင်ပံတိုက်စစ် ကစားသမားတစ်ဦးဖြစ်သူ ၀ီလီယံ အတွက် ဘာစီလိုနာ နဲ့ အက်သလက်တီကိုအသင်းတို့က ယူရို (၃၅) သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ သူတို့ရဲ့ ကစာသမားဝယ်ယူခွင့်အပိတ်ပင်ခံထားရတဲ့ အတွက် ၀ီလီယံ ကိုထိန်းသိမ်းနိုင်ဖို့ ချက်ချင်းပယ်ချခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ ဂရက်ဇစမန်းကိုလည်း ခေါ်ယူဖို့သဘောတူညီထားပြီဖြစ်ပြီး နေမာကိုလည်း အသင်းဆီပြန်လာဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ တီကိုအသင်းကတော့ အသင်းက ထွက်ခွာသွားမယ့် ဂရက်စမန်းကြောင့် အားနည်းသွားမယ့် တိုက်စစ်နေရာအတွက် အစားထိုးဖို့ ၀ီလီယံ ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ကစားသမားဘက်ကတော့ တုံပြန်ပြောဆိုထားခြင်းမရှိသေးပေမယ့် ချဲလ်ဆီးအသင်းဟာဒီရာသီမှာ ဟာဇက် ကိုစွန့်လွှတ်ထားရတဲ့အတွက် အသင်းရဲ့ကစားသမားတွေကို ထုတ်ရောင်းသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အငှားရောက်ရှိနေတဲ့ ကစားသမားအချို့ကိုလည်း အသင်းကိုပြန်လည် ခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းဟာ UEFA ရဲ့ ကစားသမားခေါ်ယူခြင်းဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ယခုနွေမှစတင်ပြီး ကစားသမားခေါ်ယူခွင့်အပိတ်ခံထားရတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ၀ီလီယံ ဟာ ဘရာဇီးအသင်းနဲ့အတူ ကိုပါအမေရိက ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ အသက် (၃၀) အရွယ်ရှိ ၀ီလီယံ ဟာ (၂၀၁၃) ခုနှစ်က ချဲလ်ဆီးအသင်းထံ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၆) နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်နှစ်ကြိမ်၊ ယူရိုပါလိဂ်တစ်ကြိမ်၊ အက်အေဖလားတစ်ကြိမ်၊ လိဂ်ဖလားတစ်ကြိမ် တို့ရရှိထားခဲ့တာဖြစ်ပါတယ်။

#William #Chelsea #Barca #Tico