ပရီးမီးယားလိဂ္မွာ သြင္းဂုိးမ်ားမ်ား ျမင္ေတြ႔ရႏုိင္ေစဖုိ႔ ရည္ရြယ္ခ်က္နဲ႔ ထုတ္လုပ္လုိက္တဲ့ နီကီေဘာလုံးသစ္

နီကီ အားကစားအသုံးအေဆာင္ပစၥည္းထုတ္လုပ္ေရးလုပ္ငန္းစုဟာ လာမယ့္ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြက္ အသုံးျပဳသြားမယ့္ ေဘာလုံးသစ္ကုိ မိတ္ဆက္ေပးလုိက္ၿပီပဲ ျဖစ္ပါတယ္။ ဒီေဘာလုံးရဲ႕အေရာင္ကို ပန္းေရာင္နဲ႔ အျဖဴေရာင္ အဓိက အသားေပးၿပီး နီကီက ပုံေဖာ္ထားတာပါ။ ေဘာလုံးရဲ႕နာမည္ကုိေတာ့ နီကီမာလင္(Nike Merlin)လုိ႔ ေပးအပ္မွည့္ေခၚထားပါတယ္။

ပရီးမီးယားလိဂ္နဲ႔ နီကီအၾကား ေပါင္းစည္းမႈ ႏွစ္ ၂၀ ျပည့္အထိမ္းအမွတ္အျဖစ္ ဒီေဘာလုံးကုိ အထူးခ်ဳပ္လုပ္ဖန္တီးခဲ့တာျဖစ္တယ္လုိ႔ နီကီက သတင္းထုတ္ျပန္ထားပါတယ္။ ေဘာလုံးကုိ ရႈပ္ေထြးတဲ့ လမ္းေၾကာင္းလမ္းခုနဲ႔ ပုံေဖာ္ဖန္တီးထားၿပီး ေလ၀င္ေလထြက္ အေသးစားေျမာင္းငယ္ေလးေတြ ထည့္သြင္းဖန္တီးထားလုိ႔ ေပါ့ပါးတဲ့ အထိအေတြ႔ကုိ ခံစားရလိမ့္မယ္လုိ႔လည္း နီကီက ဆုိပါတယ္။ ေဘာလုံးဟာ ျမက္ခင္းထက္ လိမ့္ေနခ်ိန္မွာ အေရာင္အေသြးစုံလင္စြာကုိ ပရိသတ္ျမင္ေတြ႔ရမွာျဖစ္လုိ႔ တစ္မ်ိဳးဆန္းသစ္သြားလိမ့္မယ္လုိ႔လည္း နီကီက အသိေပးထားပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ မႏွစ္တုန္းက သြင္းဂုိးစုစုေပါင္း ၁၀၇၂ ဂုိးရွိခဲ့ၿပီး ၿပိဳင္ပြဲသမုိင္းေၾကာင္းတစ္ေလွ်ာက္မွာ စံခ်ိန္တင္သြင္းဂုိးအေရအတြက္အျဖစ္ မွတ္တုိင္စုိက္ထူႏုိင္ခဲ့ပါတယ္။ အခုထုတ္လုပ္လုိက္တဲ့ နီကီမာလင္ ေဘာလုံးသစ္ဟာ ဂုိးမ်ားမ်ားသြင္းယူႏုိင္ဖုိ႔အတြက္ အေထာက္အပံ့ေပးမွာျဖစ္လုိ႔ လာမယ့္ေဘာလုံးရာသီမွာ သြင္းဂုိးအမ်ားအျပားကုိ ဆက္လက္ျမင္ေတြ႕ရလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါေၾကာင္းလည္း နီကီက ေျပာၾကားထားပါတယ္။

Unicode

ပရီးမီးယားလိဂ်မှာ သွင်းဂိုးများများ မြင်တွေ့ရနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်လိုက်တဲ့ နီကီဘောလုံးသစ်

နီကီ အားကစားအသုံးအဆောင်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းစုဟာ လာမယ့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အသုံးပြုသွားမယ့် ဘောလုံးသစ်ကို မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီဘောလုံးရဲ့အရောင်ကို ပန်းရောင်နဲ့ အဖြူရောင် အဓိက အသားပေးပြီး နီကီက ပုံဖော်ထားတာပါ။ ဘောလုံးရဲ့နာမည်ကိုတော့ နီကီမာလင်(Nike Merlin)လို့ ပေးအပ်မှည့်ခေါ်ထားပါတယ်။

ပရီးမီးယားလိဂ်နဲ့ နီကီအကြား ပေါင်းစည်းမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ဒီဘောလုံးကို အထူးချုပ်လုပ်ဖန်တီးခဲ့တာဖြစ်တယ်လို့ နီကီက သတင်းထုတ်ပြန်ထားပါတယ်။ ဘောလုံးကို ရှုပ်ထွေးတဲ့ လမ်းကြောင်းလမ်းခုနဲ့ ပုံဖော်ဖန်တီးထားပြီး လေဝင်လေထွက် အသေးစားမြောင်းငယ်လေးတွေ ထည့်သွင်းဖန်တီးထားလို့ ပေါ့ပါးတဲ့ အထိအတွေ့ကို ခံစားရလိမ့်မယ်လို့လည်း နီကီက ဆိုပါတယ်။ ဘောလုံးဟာ မြက်ခင်းထက် လိမ့်နေချိန်မှာ အရောင်အသွေးစုံလင်စွာကို ပရိသတ်မြင်တွေ့ရမှာဖြစ်လို့ တစ်မျိုးဆန်းသစ်သွားလိမ့်မယ်လို့လည်း နီကီက အသိပေးထားပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မနှစ်တုန်းက သွင်းဂိုးစုစုပေါင်း ၁၀၇၂ ဂိုးရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်မှာ စံချိန်တင်သွင်းဂိုးအရေအတွက်အဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ နီကီမာလင် ဘောလုံးသစ်ဟာ ဂိုးများများသွင်းယူနိုင်ဖို့အတွက် အထောက်အပံ့ပေးမှာဖြစ်လို့ လာမယ့်ဘောလုံးရာသီမှာ သွင်းဂိုးအများအပြားကို ဆက်လက်မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါကြောင်းလည်း နီကီက ပြောကြားထားပါတယ်။