CIES အဖြဲ႕ကထုတ္ျပန္လို္က္တဲ့ လက္ရွိကမာၻ႕တန္ဖိုးအရွိဆံုးကစားသမား(၅)ဦး

လက္ရွိကမာၻေပၚမွာ တန္ဖိုးအရွိဆံုးေဘာလံုးသမား ၂၀ ဦးစာရင္းတစ္ခုကို ေဘာလံုးေလ့လာေရးအဖြဲ႕ျဖစ္တဲ့ CIES က အခ်က္အလက္ေတြစုေဆာင္းျပီး ေဖာ္ျပခဲ့သည္။ ထိုစာရင္းထဲတြင္ ပရီးမီးယားလိဂ္မွကစားသမား ၁၂ ဦး၊ လီဂူး-၁ မွ ကစားသမား ၂ ဦး၊ လာလီဂါမွ ကစားသမား ၄ ဦးႏွင့္ စီးရီးေအမွ ကစားသမား ၂ ဦးတို႕ပါဝင္ပါတယ္။

ဒီစာရင္းလုပ္ဖို႕အတြက္ CIES အဖြဲ႕က အယ္လဂိုရီသမ္(ျပသာနာေျဖရွင္းနည္းေဖာ္ထုတ္ရန္နည္းလမ္း) တစ္ခုကိုအသံုးျပဳခဲ့ကာ ထုိနည္းလမ္းထဲတြင္ ကစားသမားေတြရဲ႕ လက္ရွိေဈးကြက္တန္ဖိုးကိုဆံုးျဖတ္ႏုိင္ရန္အတြက္ အသက္၊ ကစားသည့္ေနရာ၊ ကစားခဲ့သည့္ပြဲခ်ိန္၊ စာခ်ဳပ္သက္တမ္းအေျခအေန၊ အသင္းမွာေျခစြမ္းျပမူႏွင့္ ႏုိင္ငံတစ္ကာအေတြ႕အၾကံဳ စသည့္အခ်က္မ်ားကို ထိုစနစ္ထဲမွာ ထည့္သြင္းထားခဲ့ပါတယ္။ CIES အဖြဲ႕ေဖာ္ျပေပးခဲ့တဲ့ လက္ရွိေဈးကြက္ထဲမွာ တန္ဖိုးအရွိဆံုးကစားသမားေတြထဲမွ ထိပ္ဆံုး ၅ ဦးကို ကၽြန္ေတာ္တို႕ Myanball မွေရြးခ်ယ္ေဖာ္ျပေပးလုိက္ပါတယ္။

၅။ ေဂ်ာ္ဒန္ဆန္ခ်ိဳ (ဘုိရပ္ရွားေဒါ့မြန္)

ေဈးကြက္တန္ဖိုး – ယူရို ၁၅၉.၄ သန္း

ေဂ်ာ္ဒန္ဆန္ခ်ိဳဟာ မန္ခ်က္စတာစီးတီးအကယ္ဒမီရဲ႕ စိတ္လွဳပ္ရွားအေကာင္းဆံုး ကစားသမားေတြထဲမွ တစ္ဦးျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၇-၁၈ ေဘာလံုးရာသီအစတြင္ ပံုမွန္ပြဲထြက္ကစားခြင့္ရရန္အတြက္ ဂ်ာမနီဘြန္ဒက္စ္လီဂါကလပ္အသင္း ဘုိရပ္ရွားေဒါ့မြန္အသင္းသို႕ ေျပာင္းေရႊ႕သြားခဲ့သည္။ အနာဂတ္မွာေရႊေရာင္ေတြလႊမ္းမိုးေနမယ့္ ဒီလူငယ္ေလးကို ယူရို ၈ သန္းထဲနဲ႕ ေဒါ့မြန္အသင္းက ဝယ္ယူႏုိင္ခဲ့ပါတယ္။

ေဒါ့မြန္အသင္းရဲ႕ သမို္င္းေၾကာင္းကိုလည္း ၾကည့္လုိက္မယ္ဆုိရင္ ကမာၻ႕အဆင့္ေရာက္လာမယ့္ လူငယ္ကစားသမားေလးေတြကို ဖြံ႕ျဖိဳးေအာင္လုပ္ေဆာင္ႏုိင္ခဲ့တာကိုေတြ႕ရမွာပါ။ အခုလည္း အသက္ ၁၉ ႏွစ္အရြယ္အဂၤလန္ၾကယ္ပြင့္ေလးကို မွန္ကန္စြာနဲ႕ေခၚယူထားႏို္င္ခဲ့ျပီးလည္းျဖစ္ပါတယ္။ ေဒါ့မြန္အသင္းနဲ႕ ပထမဆံုးရာသီပြဲဦးထြက္တြင္ ဆန္ခ်ိဳဟာ ၁၂ ပြဲသာကစားခဲ့ရျပီး သြင္းဂိုး ၁ ဂိုးႏွင့္ ဂိုးဖန္တီးေပးမူ ၄ ၾကိမ္သာ ျပဳလုပ္ႏုိင္ခဲ့သည္။ ဒါေပမယ့္ ၂၀၁၈-၁၉ ေဘာလံုးရာသီမွာေတာ့ ဆန္ခ်ိဳဟာ အံမခန္းေျခစြမ္းျပလာႏုိင္ခဲ့ျပီး ဘြန္ဒက္စ္လီဂါ ၃၄ ပြဲကစားေပးခဲ့ရာတြင္ ၁၂ ဂိုးသြင္းယူေပးႏိုင္ခဲ့ကာ ဂိုးဖန္တီးေပးမူ ၁၄ ၾကိမ္ထိျပဳလုပ္ေပးႏုိင္ခဲ့သည္။ ဥေရာပထိပ္ဆံုး ၅ လိဂ္တြင္ ဆန္ခ်ိဳထက္ဂိုးဖန္တီးေပးႏုိင္မူပိုတဲ့ကစားသမားဟာ အီဒင္ဟာဇက္(၁၅ ၾကိမ္)တစ္ဦးတည္းသာရွိခဲ့ပါတယ္။

ကလပ္အသင္းမွာ ျပသခဲ့တဲ့ေျခစြမ္းေၾကာင့္ ဂါးရတ္ေဆာက္ဂိတ္ဟာ ဆန္ခ်ိဳအား အဂၤလန္လက္ေရြးစင္အသင္းသို႕ တာဝန္ထမ္းေဆာင္ရန္ဆင့္ေခၚခဲ့သည္။ အသက္ ၁၉ ႏွစ္သားေလးရဲ႕ ေျခစြမ္းဟာ ဥေရာပထိပ္သီးအသင္းေတြရဲ႕ မ်က္လံုးၾကားထဲ စူးဝင္ထားခဲ့ႏုိင္ခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳအား စိတ္ဝင္အစားဆံုး ကလပ္အသင္းျဖစ္တယ္လုိ႕လည္းသိရသည္။CIES ေဘာလံုးေလ့လာေရးအဖြဲ႕ရဲ႕ တန္ဖိုးသတ္မွတ္မူအရ ေဂ်ာ္ဒန္ဆနု္ခ်ိဳဟာ ယူရို ၁၅၉.၄ သန္း အဖိုးတန္ပါတယ္။

၄။ လီယြန္နယ္မက္ဆီ (ဘာစီလိုနာ)

ေဈးကြက္တန္ဖိုး – ယူရို ၁၆၇.၄ သန္း

လီယြန္နယ္မက္ဆီကို ေဘာလံုးသမားတစ္ဦးအေနနဲ႕ စကားလံုးေဖာ္ျပေပးဖို႕ရာဟာ ခက္ခဲပါတယ္။ ဒီရာသီ ေမွာ္ဆရာေလးဟာ ဘာစီလိုနာအသင္းအတြက္ ျပိဳင္ပြဲစံု၌ ၅၁ ဂိုးသြင္းယူေပးခဲ့ျပီး ၁၆ ၾကိမ္ဂိုးဖန္တီးေပးမူ ျပလုပ္ထားႏုိင္ခဲ့သည္။ ကက္တာလန္ဘီလူးၾကီးအား ၂၆ ၾကိမ္ေျမာက္ လာလီဂါဖလားကိုရေအာင္လည္း လမ္းျပေပးခဲ့ပါတယ္။ ဒါေပမယ့္ အသက္ ၃၁ ႏွစ္အရြယ္ ကစားသမားဟာ ခ်န္ပီယံလိဂ္တြင္ေတာ့ စိတ္ပ်က္စရာအေနအထားကို ၾကံဳေတြ႕ခဲ့ရသည္။ ဒါေပမယ့္လည္း ၎ရဲ႕ ကစားသမားဘဝ ၆ ၾကိမ္ေျမာက္ Ballon d’Or ဆုကို ရရွိဖို႕အတြက္ေတာ့ ေရပန္းစားေနဆဲပါ။

ေလာေလာဆယ္ အာဂ်င္တီးနားနဲ႕အတူ ကိုပါအေမရိကဖလားကုိ သိမ္းပိုက္ႏုိ္င္ဖို႕အတြက္ ၾကိဳးစားေနသည္။ အကယ္၍မ်ား အာဂ်င္တီးနားအသင္းနဲ႕အတူ ကိုပါအေမရိကဖလား သိမ္းပိုက္ႏုိင္ခဲ့ပါက ဒါဟာ ၎အတြက္ပထမဆံုး ႏုိင္ငံတစ္ကာဖလားသိမ္းပိုက္ႏုိင္မူျဖစ္လာခဲ့မွာျဖစ္သလို Ballon d’Or ဆုကိုသိမ္းပိုက္ႏုိ္င္ဖို႕အတြက္ ေရပန္းအစားဆံုုး ကစားသမားလည္းျဖစ္လာမွာပါ။ ဒီအာဂ်င္တီးနားသားအတြက္ CIES ေဘာလံုးေလ့လာေရးအဖြဲ႕က သတ္မွတ္ေပးခဲ့တဲ့ တန္ဖိုးဟာ ယူရို ၁၆၇.၄ သန္းျဖစ္ပါတယ္။

၃။ ရာဟင္စတာလင္ (မန္ခ်က္စတာစီးတီး)

ေဈးကြက္တန္ဖိုး – ယူရို ၂၀၇.၈ သန္း

အရင္တုန္းက ရာဟင္စတာလင္ဟာ ေဝဖန္မူေတြနဲ႕ရင္ဆုိင္ခဲ့ရတဲ့ ကစားသမားပါ။ ဒါေပမယ့္ အခုေတာ့အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ၎အေပၚေဝဖန္မူေတြဟာ မွားယြင္းေၾကာင္း သက္ေသျပႏုိင္ခဲ့ပါျပီ။ မန္ခ်က္စတာစီးတီးအသင္းသို႕ ပတ္ဂြာဒီယိုလာ ေရာက္ရွိခ်ိန္ကစတင္လုိ႕ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးအျဖစ္သို႕ အသြင္ေျပာင္းလဲႏုိင္ခဲ့ပါတယ္။ ဒီရာသီအျပီးတြင္အဂၤလိပ္ေတာင္ပံကစားသမားဟာ သြင္းဂိုး ၂၅ ဂိုးႏွင့္ ဂိုးဖန္တီးေပးမူ ၁၂ ၾကိမ္တို႕ျပဳလုပ္ႏုိင္ခဲ့ေၾကာင္းအား အမည္တံဆိပ္ထြင္းႏုိ္င္ခဲ့ျပီးလည္းျဖစ္တယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးလူငယ္ကစားသမားဆုကိုလည္း သိမ္းပိုက္ႏုိင္ခဲ့သည္။

အရင္ လီဗာပူးလ္ကစားသမားေဟာင္းဟာ မန္ခ်က္စတာစီိးတီးအသင္းအား ၂ ႏွစ္ဆက္တုိက္ ပရီးမီးယားလိဂ္ဖလား သိမ္းပိုက္ႏုိ္င္တာလည္းျဖစ္၊ လက္ရွိသရဖူကို ခုခံကာကြယ္ႏုိ္င္သူလည္းျဖစ္ေအာင္ ကူညီေပးႏုိင္ခဲ့ျပီး မန္ခ်က္စတာစီးတီးအသင္းအား ပထမဆံုး အဂၤလိပ္ျပည္တြင္း ဖလား ၃ လံုးသိမ္းပုိက္ႏုိင္တဲ့အသင္းျဖစ္ေအာင္ မွတ္တမ္းတင္ခဲ့ရာတြင္လည္း ကူညီေပးႏုိင္ခဲ့သည္။အဂၤလန္လက္ေရြးစင္အသင္းတြင္လည္း နည္းျပေဆာက္ဂိတ္ရဲ႕လူစာရင္းမွာ အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္ သူ႕ကိုယ္သူ ပံုေဖာ္ထားႏုိင္ခဲ့ပါတယ္။ CIES ေဘာလံုးေလ့လာေရးအဖြဲ႕ရဲ႕ စတာလင္အတြက္တန္ဖိုးသတ္မွတ္ေပးထားမူက ယူရို ၂၀၇.၈ သန္းျဖစ္ပါတယ္။

၂။ မိုဟာမက္ဆာလက္ (လီဗာပူးလ္)

ေဈးကြက္တန္ဖိုး – ယူရို ၂၁၉.၆ သန္း

ခ်ဲလ္ဆီးအသင္းမွာ ေအာင္ျမင္မူေတြမေဖာ္ေဆာင္ႏုိင္ခဲ့တဲ့ မုိဟာမက္ဆာလက္ဟာ လီဗာပူးလ္သို႕တစ္ေက်ာ႕ျပန္လာခဲ့ျပီး ပရီးမီးယားလိဂ္ခရီးသို႕ ျပန္ေရာက္လာခဲ့သည္။ လီဗာပူးလ္သို႕ ျပန္လည္ေရာက္ရွိလာခ်ိန္မွာ သူ႕အေပၚ ေဝဖန္မူေတြဟာ မွားယြင္းေၾကာင္းသက္ေသျပခဲ့ဖို႕ၾကိဳးစားခဲ့ပါတယ္။ သူရဲ႕ လီဗာပူးလ္ပထမဆံုး ရာသီဟာ ေတာက္ပမူေတြနဲ႕ျပည့္နွက္ေနခဲ့ပါတယ္။

တစ္ရာသီတည္းတြင္ ပရီးမီးယားလိဂ္သြင္းဂိုး ၃၂ ဂိုးထိသြင္းယူေပးႏုိ္င္ခဲ့ကာ ခရစ္တီယာႏုိေရာ္နယ္ဒုိ တင္ထားခဲ့တဲ့ မွတ္တမ္းအား ခ်ိဳးဖ်က္ႏုိ္္င္ခဲ့သည္။ သူရဲ႕ ဒုတိယေျမာက္လီဗာပူးလ္နဲ႕ျဖတ္သန္းခဲ့တဲ့ ရာသီဟာလည္း ဆက္လက္ထြန္းလင္းခဲ့ျပီး သြင္းဂိုး ၂၇ ဂိုးႏွင့္ ဂိုးဖန္တီးေပးမူ ၁၀ ၾကိမ္အား လီဗာပူးလ္အတြက္ ျပိဳင္ပြဲစံု၌ ျပဳလုပ္ႏုိင္ခဲ့ပါတယ္။ ဒါ့အျပင္ လီဗာပူးလ္အသင္းအား ၂၀၁၉ ခ်န္ပီယံလိဂ္ဖလားၾကီး ကိုိင္ေျမွာက္ႏုိင္ေအာင္လည္း ကူညီေပးႏုိင္ခဲ့သည္။ ျပီးခဲ့သည့္၂ ႏွစ္ကိုျပန္ၾကည့္လို္က္ပါက မုိဟာမက္ဆာလက္ကို လီဗာပူးလ္က ယူရို ၄၂  သန္းခန္႕နဲ႕ ေခၚယူခဲ့တာပါ။

ဒါဟာျပိဳင္ဆုိင္မူျပင္းထန္တဲ့ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပႏုိင္မလား မျပႏုိင္မလားမသိတဲ့ ကစားသမားတစ္ဦးအတြက္ ေပးရတာ မ်ားလြန္းတယ္လုိ႕ ထင္ေကာင္းထင္ရပါတယ္။ ဒါေပမယ့္ ဒီထင္ျမင္ခ်က္ေတြဟာအခုေတာ့ ေျပာင္းလဲခဲ့ပါျပီ။ လီဗာပူးလ္အသင္းရဲ႕ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူရို ၄၂ သန္းသံုးခဲ့ရတာ မမွားယြင္းခဲ့ေၾကာင္း ကစားသမားကသက္ေသျပျပီးျဖစ္ပါတယ္။ CIES ေဘာလံုးေလ့လာေရးအဖြဲ႕ရဲ႕ တန္ဖိုးသတ္မွတ္ေပးမူအရ မိုဟာမက္ဆာလက္ဟာ ယူရို ၂၁၉.၆ သန္းတန္ပါတယ္။

၁။ ကိုင္လီယန္အမ္ဘတ္ပီ (ပီအက္စ္ဂ်ီ)

ေဈးကြက္တန္ဖိုး – ယူရို ၂၅၂ သန္း

၂၀၁၆-၁၇ ေဘာလံုးရာသီအတြင္း မိုနာကိုအသင္းနဲ႕အတူ မိုးေပၚပ်ံတက္လာခဲ့တဲ့ ကိုင္လီယန္အမ္ဘတ္ပီဟာ အဲဒီရာသီမွာပဲ မိုနာကိုအသင္းနဲ႕အတူ လီဂူး-၁ ႏွင့္ ခ်န္ပီယံလိဂ္တို႕၌ ၄၄ ပြဲကစားေပးခဲ့ရာတြင္ သြင္းဂိုး ၂၆ ဂိုးထိသြင္းယူေပးႏုိင္ခဲ့သည္။ မိုနာကိုအသင္းကိုလည္း အဲဒီနွစ္မွာပဲ လီဂူး-၁ဖလားကို ကိုင္ေျမွာက္ေပးေစႏုိင္ခဲ့သည္။ ဥေရာပရဲ႕ အထြန္းေတာက္ဆံုးလူငယ္ကစားသမားေလးတစ္ဦးျဖစ္လာခဲ့ကာ အဲဒီတုန္းက ရီးရဲလ္မက္ဒရစ္ႏွင့္ ပီအက္စ္ဂ်ီအသင္းတို႕က ၎အား အျပိဳင္အဆိုင္ လက္မွတ္ထိုးဖို႕ ၾကိဳးစားခဲ့ၾကပါတယ္။

ထုိျပိဳင္ပြဲတြင္ ပီအက္စ္ဂ်ီအသင္းက အႏုိင္ရခဲ့ကာ ၁ ရာသီအငွားျဖင့္ေခၚယူႏုိင္ခဲ့ျပီးအဲဒီေနာက္ စာခ်ဳပ္ပါအခ်က္အရ အငွားသက္တမ္းကုန္ဆံုးပါက ယူရုိသန္း ၁၈၀ နဲ႕အျပီးသတ္ဝယ္ယူခြင့္ရွိပါသည္ဆုိသည့္အခ်က္ပါစာခ်ဳပ္နဲ႕ ေခၚယူႏုိင္ခဲ့သည္။ ပီအက္စ္ဂ်ီအသင္းနဲ႕အတူ ၂၀၁၇-၁၈ ေဘာလံုးရာသီတြင္ ျပိဳင္ပြဲစံု၌ သြင္းဂိုး ၂၁ ဂိုးႏွင့္ ၂၀၁၈-၁၉ ေဘာလံုးရာသီတြင္ ျပိဳင္ပြဲစံု၌ သြင္းဂိုး ၃၉ ဂိုးသြင္းယူေပးခဲ့ကာအဲဒီ ၂ ရာသီစလံုး၌ ပီအက္စ္ဂ်ီအသင္းနဲ႕အတူ လီဂူး-၁ ဖလားကို္င္ေျမွာက္ေပးႏုိင္ခဲ့သည္။ ကိုင္လီယန္အမ္ဘတ္ပီဟာ ဥေရာပတြင္အလိုအရွိဆံုး ကစားသမားအျဖစ္ ဆက္လက္ရပ္တည္ေနျပီး CIES ေဘာလံုးေလ့လာေရးအဖြဲ႕ရဲ႕ တန္ဖိုးသတ္မွတ္ေပးမူအရ ယူရို ၂၅၂ သန္းတန္ေၾကးရွိပါတယ္။

#uefa #CIES #value #soenaywin

လက်ရှိကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးဘောလုံးသမား ၂၀ ဦးစာရင်းတစ်ခုကို ဘောလုံးလေ့လာရေးအဖွဲ့ဖြစ်တဲ့ CIES က အချက်အလက်တွေစုဆောင်းပြီး ဖော်ပြခဲ့သည်။ ထိုစာရင်းထဲတွင် ပရီးမီးယားလိဂ်မှကစားသမား ၁၂ ဦး၊ လီဂူး-၁ မှ ကစားသမား ၂ ဦး၊ လာလီဂါမှ ကစားသမား ၄ ဦးနှင့် စီးရီးအေမှ ကစားသမား ၂ ဦးတို့ပါဝင်ပါတယ်။

ဒီစာရင်းလုပ်ဖို့အတွက် CIES အဖွဲ့က အယ်လဂိုရီသမ်(ပြသာနာဖြေရှင်းနည်းဖော်ထုတ်ရန်နည်းလမ်း) တစ်ခုကိုအသုံးပြုခဲ့ကာ ထိုနည်းလမ်းထဲတွင် ကစားသမားတွေရဲ့ လက်ရှိဈေးကွက်တန်ဖိုးကိုဆုံးဖြတ်နိုင်ရန်အတွက် အသက်၊ ကစားသည့်နေရာ၊ ကစားခဲ့သည့်ပွဲချိန်၊ စာချုပ်သက်တမ်းအခြေအနေ၊ အသင်းမှာခြေစွမ်းပြမူနှင့် နိုင်ငံတစ်ကာအတွေ့အကြုံ စသည့်အချက်များကို ထိုစနစ်ထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။ CIES အဖွဲ့ဖော်ပြပေးခဲ့တဲ့ လက်ရှိဈေးကွက်ထဲမှာ တန်ဖိုးအရှိဆုံးကစားသမားတွေထဲမှ ထိပ်ဆုံး ၅ ဦးကို ကျွန်တော်တို့ Myanball မှရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

Unicode

၅။ ဂျော်ဒန်ဆန်ချို (ဘိုရပ်ရှားဒေါ့မွန်)
ဈေးကွက်တန်ဖိုး – ယူရို ၁၅၉.၄ သန်း

ဂျော်ဒန်ဆန်ချိုဟာ မန်ချက်စတာစီးတီးအကယ်ဒမီရဲ့ စိတ်လှုပ်ရှားအကောင်းဆုံး ကစားသမားတွေထဲမှ တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၇-၁၈ ဘောလုံးရာသီအစတွင် ပုံမှန်ပွဲထွက်ကစားခွင့်ရရန်အတွက် ဂျာမနီဘွန်ဒက်စ်လီဂါကလပ်အသင်း ဘိုရပ်ရှားဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ အနာဂတ်မှာရွှေရောင်တွေလွှမ်းမိုးနေမယ့် ဒီလူငယ်လေးကို ယူရို ၈ သန်းထဲနဲ့ ဒေါ့မွန်အသင်းက ဝယ်ယူနိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းရဲ့ သမိုင်းကြောင်းကိုလည်း ကြည့်လိုက်မယ်ဆိုရင် ကမ္ဘာ့အဆင့်ရောက်လာမယ့် လူငယ်ကစားသမားလေးတွေကို ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ရမှာပါ။ အခုလည်း အသက် ၁၉ နှစ်အရွယ်အင်္ဂလန်ကြယ်ပွင့်လေးကို မှန်ကန်စွာနဲ့ခေါ်ယူထားနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒေါ့မွန်အသင်းနဲ့ ပထမဆုံးရာသီပွဲဦးထွက်တွင် ဆန်ချိုဟာ ၁၂ ပွဲသာကစားခဲ့ရပြီး သွင်းဂိုး ၁ ဂိုးနှင့် ဂိုးဖန်တီးပေးမူ ၄ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။ ဒါပေမယ့် ၂၀၁၈-၁၉ ဘောလုံးရာသီမှာတော့ ဆန်ချိုဟာ အံမခန်းခြေစွမ်းပြလာနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ၃၄ ပွဲကစားပေးခဲ့ရာတွင် ၁၂ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးပေးမူ ၁၄ ကြိမ်ထိပြုလုပ်ပေးနိုင်ခဲ့သည်။ ဥရောပထိပ်ဆုံး ၅ လိဂ်တွင် ဆန်ချိုထက်ဂိုးဖန်တီးပေးနိုင်မူပိုတဲ့ကစားသမားဟာ အီဒင်ဟာဇက်(၁၅ ကြိမ်)တစ်ဦးတည်းသာရှိခဲ့ပါတယ်။

ကလပ်အသင်းမှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့် ဂါးရတ်ဆောက်ဂိတ်ဟာ ဆန်ချိုအား အင်္ဂလန်လက်ရွေးစင်အသင်းသို့ တာဝန်ထမ်းဆောင်ရန်ဆင့်ခေါ်ခဲ့သည်။ အသက် ၁၉ နှစ်သားလေးရဲ့ ခြေစွမ်းဟာ ဥရောပထိပ်သီးအသင်းတွေရဲ့ မျက်လုံးကြားထဲ စူးဝင်ထားခဲ့နိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်ချိုအား စိတ်ဝင်အစားဆုံး ကလပ်အသင်းဖြစ်တယ်လို့လည်းသိရသည်။CIES ဘောလုံးလေ့လာရေးအဖွဲ့ရဲ့ တန်ဖိုးသတ်မှတ်မူအရ ဂျော်ဒန်ဆနု်ချိုဟာ ယူရို ၁၅၉.၄ သန်း အဖိုးတန်ပါတယ်။

၄။ လီယွန်နယ်မက်ဆီ (ဘာစီလိုနာ)
ဈေးကွက်တန်ဖိုး – ယူရို ၁၆၇.၄ သန်း

လီယွန်နယ်မက်ဆီကို ဘောလုံးသမားတစ်ဦးအနေနဲ့ စကားလုံးဖော်ပြပေးဖို့ရာဟာ ခက်ခဲပါတယ်။ ဒီရာသီ မှော်ဆရာလေးဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ၌ ၅၁ ဂိုးသွင်းယူပေးခဲ့ပြီး ၁၆ ကြိမ်ဂိုးဖန်တီးပေးမူ ပြလုပ်ထားနိုင်ခဲ့သည်။ ကက်တာလန်ဘီလူးကြီးအား ၂၆ ကြိမ်မြောက် လာလီဂါဖလားကိုရအောင်လည်း လမ်းပြပေးခဲ့ပါတယ်။ ဒါပေမယ့် အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ချန်ပီယံလိဂ်တွင်တော့ စိတ်ပျက်စရာအနေအထားကို ကြုံတွေ့ခဲ့ရသည်။ ဒါပေမယ့်လည်း ၎င်းရဲ့ ကစားသမားဘဝ ၆ ကြိမ်မြောက် Ballon d’Or ဆုကို ရရှိဖို့အတွက်တော့ ရေပန်းစားနေဆဲပါ။

လောလောဆယ် အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားကို သိမ်းပိုက်နိုင်ဖို့အတွက် ကြိုးစားနေသည်။ အကယ်၍များ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလား သိမ်းပိုက်နိုင်ခဲ့ပါက ဒါဟာ ၎င်းအတွက်ပထမဆုံး နိုင်ငံတစ်ကာဖလားသိမ်းပိုက်နိုင်မူဖြစ်လာခဲ့မှာဖြစ်သလို Ballon d’Or ဆုကိုသိမ်းပိုက်နိုင်ဖို့အတွက် ရေပန်းအစားဆုံး ကစားသမားလည်းဖြစ်လာမှာပါ။ ဒီအာဂျင်တီးနားသားအတွက် CIES ဘောလုံးလေ့လာရေးအဖွဲ့က သတ်မှတ်ပေးခဲ့တဲ့ တန်ဖိုးဟာ ယူရို ၁၆၇.၄ သန်းဖြစ်ပါတယ်။

၃။ ရာဟင်စတာလင် (မန်ချက်စတာစီးတီး)
ဈေးကွက်တန်ဖိုး – ယူရို ၂၀၇.၈ သန်း

အရင်တုန်းက ရာဟင်စတာလင်ဟာ ဝေဖန်မူတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားပါ။ ဒါပေမယ့် အခုတော့အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ၎င်းအပေါ်ဝေဖန်မူတွေဟာ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။ မန်ချက်စတာစီးတီးအသင်းသို့ ပတ်ဂွာဒီယိုလာ ရောက်ရှိချိန်ကစတင်လို့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ်သို့ အသွင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီရာသီအပြီးတွင်အင်္ဂလိပ်တောင်ပံကစားသမားဟာ သွင်းဂိုး ၂၅ ဂိုးနှင့် ဂိုးဖန်တီးပေးမူ ၁၂ ကြိမ်တို့ပြုလုပ်နိုင်ခဲ့ကြောင်းအား အမည်တံဆိပ်ထွင်းနိုင်ခဲ့ပြီးလည်းဖြစ်တယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

အရင် လီဗာပူးလ်ကစားသမားဟောင်းဟာ မန်ချက်စတာစီးတီးအသင်းအား ၂ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလား သိမ်းပိုက်နိုင်တာလည်းဖြစ်၊ လက်ရှိသရဖူကို ခုခံကာကွယ်နိုင်သူလည်းဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းအား ပထမဆုံး အင်္ဂလိပ်ပြည်တွင်း ဖလား ၃ လုံးသိမ်းပိုက်နိုင်တဲ့အသင်းဖြစ်အောင် မှတ်တမ်းတင်ခဲ့ရာတွင်လည်း ကူညီပေးနိုင်ခဲ့သည်။အင်္ဂလန်လက်ရွေးစင်အသင်းတွင်လည်း နည်းပြဆောက်ဂိတ်ရဲ့လူစာရင်းမှာ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် သူ့ကိုယ်သူ ပုံဖော်ထားနိုင်ခဲ့ပါတယ်။ CIES ဘောလုံးလေ့လာရေးအဖွဲ့ရဲ့ စတာလင်အတွက်တန်ဖိုးသတ်မှတ်ပေးထားမူက ယူရို ၂၀၇.၈ သန်းဖြစ်ပါတယ်။

၂။ မိုဟာမက်ဆာလက် (လီဗာပူးလ်)
ဈေးကွက်တန်ဖိုး – ယူရို ၂၁၉.၆ သန်း

ချဲလ်ဆီးအသင်းမှာ အောင်မြင်မူတွေမဖော်ဆောင်နိုင်ခဲ့တဲ့ မိုဟာမက်ဆာလက်ဟာ လီဗာပူးလ်သို့တစ်ကျော့ပြန်လာခဲ့ပြီး ပရီးမီးယားလိဂ်ခရီးသို့ ပြန်ရောက်လာခဲ့သည်။ လီဗာပူးလ်သို့ ပြန်လည်ရောက်ရှိလာချိန်မှာ သူ့အပေါ် ဝေဖန်မူတွေဟာ မှားယွင်းကြောင်းသက်သေပြခဲ့ဖို့ကြိုးစားခဲ့ပါတယ်။ သူရဲ့ လီဗာပူးလ်ပထမဆုံး ရာသီဟာ တောက်ပမူတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။

တစ်ရာသီတည်းတွင် ပရီးမီးယားလိဂ်သွင်းဂိုး ၃၂ ဂိုးထိသွင်းယူပေးနိုင်ခဲ့ကာ ခရစ်တီယာနိုရော်နယ်ဒို တင်ထားခဲ့တဲ့ မှတ်တမ်းအား ချိုးဖျက်နို်င်ခဲ့သည်။ သူရဲ့ ဒုတိယမြောက်လီဗာပူးလ်နဲ့ဖြတ်သန်းခဲ့တဲ့ ရာသီဟာလည်း ဆက်လက်ထွန်းလင်းခဲ့ပြီး သွင်းဂိုး ၂၇ ဂိုးနှင့် ဂိုးဖန်တီးပေးမူ ၁၀ ကြိမ်အား လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ၌ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းအား ၂၀၁၉ ချန်ပီယံလိဂ်ဖလားကြီး ကိုင်မြှောက်နိုင်အောင်လည်း ကူညီပေးနိုင်ခဲ့သည်။ ပြီးခဲ့သည့်၂ နှစ်ကိုပြန်ကြည့်လိုက်ပါက မိုဟာမက်ဆာလက်ကို လီဗာပူးလ်က ယူရို ၄၂  သန်းခန့်နဲ့ ခေါ်ယူခဲ့တာပါ။

ဒါဟာပြိုင်ဆိုင်မူပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်မလား မပြနိုင်မလားမသိတဲ့ ကစားသမားတစ်ဦးအတွက် ပေးရတာ များလွန်းတယ်လို့ ထင်ကောင်းထင်ရပါတယ်။ ဒါပေမယ့် ဒီထင်မြင်ချက်တွေဟာအခုတော့ ပြောင်းလဲခဲ့ပါပြီ။ လီဗာပူးလ်အသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၄၂ သန်းသုံးခဲ့ရတာ မမှားယွင်းခဲ့ကြောင်း ကစားသမားကသက်သေပြပြီးဖြစ်ပါတယ်။ CIES ဘောလုံးလေ့လာရေးအဖွဲ့ရဲ့ တန်ဖိုးသတ်မှတ်ပေးမူအရ မိုဟာမက်ဆာလက်ဟာ ယူရို ၂၁၉.၆ သန်းတန်ပါတယ်။

၁။ ကိုင်လီယန်အမ်ဘတ်ပီ (ပီအက်စ်ဂျီ)
ဈေးကွက်တန်ဖိုး – ယူရို ၂၅၂ သန်း

၂၀၁၆-၁၇ ဘောလုံးရာသီအတွင်း မိုနာကိုအသင်းနဲ့အတူ မိုးပေါ်ပျံတက်လာခဲ့တဲ့ ကိုင်လီယန်အမ်ဘတ်ပီဟာ အဲဒီရာသီမှာပဲ မိုနာကိုအသင်းနဲ့အတူ လီဂူး-၁ နှင့် ချန်ပီယံလိဂ်တို့၌ ၄၄ ပွဲကစားပေးခဲ့ရာတွင် သွင်းဂိုး ၂၆ ဂိုးထိသွင်းယူပေးနိုင်ခဲ့သည်။ မိုနာကိုအသင်းကိုလည်း အဲဒီနှစ်မှာပဲ လီဂူး-၁ဖလားကို ကိုင်မြှောက်ပေးစေနိုင်ခဲ့သည်။ ဥရောပရဲ့ အထွန်းတောက်ဆုံးလူငယ်ကစားသမားလေးတစ်ဦးဖြစ်လာခဲ့ကာ အဲဒီတုန်းက ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီအသင်းတို့က ၎င်းအား အပြိုင်အဆိုင် လက်မှတ်ထိုးဖို့ ကြိုးစားခဲ့ကြပါတယ်။

ထိုပြိုင်ပွဲတွင် ပီအက်စ်ဂျီအသင်းက အနိုင်ရခဲ့ကာ ၁ ရာသီအငှားဖြင့်ခေါ်ယူနိုင်ခဲ့ပြီးအဲဒီနောက် စာချုပ်ပါအချက်အရ အငှားသက်တမ်းကုန်ဆုံးပါက ယူရိုသန်း ၁၈၀ နဲ့အပြီးသတ်ဝယ်ယူခွင့်ရှိပါသည်ဆိုသည့်အချက်ပါစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့သည်။ ပီအက်စ်ဂျီအသင်းနဲ့အတူ ၂၀၁၇-၁၈ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ၌ သွင်းဂိုး ၂၁ ဂိုးနှင့် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ၌ သွင်းဂိုး ၃၉ ဂိုးသွင်းယူပေးခဲ့ကာအဲဒီ ၂ ရာသီစလုံး၌ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူး-၁ ဖလားကိုင်မြှောက်ပေးနိုင်ခဲ့သည်။ ကိုင်လီယန်အမ်ဘတ်ပီဟာ ဥရောပတွင်အလိုအရှိဆုံး ကစားသမားအဖြစ် ဆက်လက်ရပ်တည်နေပြီး CIES ဘောလုံးလေ့လာရေးအဖွဲ့ရဲ့ တန်ဖိုးသတ်မှတ်ပေးမူအရ ယူရို ၂၅၂ သန်းတန်ကြေးရှိပါတယ်။

#uefa #CIES #value #soenaywin