ဂရစ္ဇ္မန္း နဲ႔ ဒီလစ္ကို ေခၚယူဖို႔ ပိုက္ဆံလိုေနတဲ့ ဘာစီလိုနာအသင္းထံမွ ရာကီတစ္ကို ေခၚယူခ်င္ေနတဲ့ မန္ယူအသင္း

မန္ယူႏိုက္တက္အသင္းသည္ ဘာစီလိုနာအသင္းထံမွ ရာကီတစ္ကို ေခၚယူခ်င္ေနပါတယ္။ အိုလီဂန္နာဆိုးလ္ရွားသည္ အသင္းကို ယခုေႏြတြင္ အရည္အေသြးျပည့္၀ရန္အတြက္ ျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္လိုေနျခငး္ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းသည္ ေအဂ်က္စ္ေနာက္ခံလူ မက္သီးယပ္စ္ဒီလစ္ ႏွင့္ အန္တိုနီဂရစ္ဇ္မန္းကို ေခၚယူရန္အတြက္ ရန္ပံုေငြ လိုအပ္ႏိုင္ဖြယ္ရွီေနေသာေၾကာင့္ အသက္ ၃၁ ႏွစ္အရြယ္ကစားသမားကို အသင္းမွ ေရာင္းခ်သြားဖြယ္ရွိေနပါတယ္။

Sport မွ အဆိုအရ ယူႏိုက္တက္သည္ ခရိုေအးရွားကစားသမားကို ထိပ္တန္းပစ္မွတ္ထားေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ရာကီတစ္သည္ ဘာစီလိုနာအသင္းသည္ ၂၀၁၄ ခုႏွစ္က ေရာက္ရွိလာသူျဖစ္ျပီး ေအာင္ျမင္ေနေသာ ကစားသမားဘ၀ကို ပိုင္ဆိုင္ခဲ့သူျဖစ္ပါတယ္။ ၄င္းသည္ လာလီဂါဖလား ၄ ၾကိမ္ ႏွင့္ ခ်န္ပီယံလိဂ္ဖလား တစ္ၾကိမ္ ရရွိထားသူျဖစ္ပါတယ္။

ရာကီတစ္အတြက္ အသင္းမွ ထြက္ခြာရန္အတြက္ ၀န္ထုတ္၀န္ပိုးမရွိႏိုင္ျပီး အသင္းေျပာင္းပါက လစာတိုးရဖြယ္ရွိေနပါတယ္။ ဘာစီလိုနာအသင္းမွ ရာကီတစ္အတြက္ ေပါင္သန္း ၅၀ ၀န္းက်င္ေလာက္အလိုရွိေနျပီး ဒီေဂ်ာင္အသင္းကို ေရာက္ရွိလာျခင္းေၾကာင့္ ယူႏိုက္တက္အေနျဖင့္ ၄င္းကို ေခၚယူရန္တြင္ ပိုျပီး အဆင္ေျပႏိုင္ဖြယ္ရွိေနပါတယ္။

Unicode

ဂရစ်ဇ်မန်း နဲ့ ဒီလစ်ကို ခေါ်ယူဖို့ ပိုက်ဆံလိုနေတဲ့ ဘာစီလိုနာအသင်းထံမှ ရာကီတစ်ကို ခေါ်ယူချင်နေတဲ့ မန်ယူအသင်း

မန်ယူနိုက်တက်အသင်းသည် ဘာစီလိုနာအသင်းထံမှ ရာကီတစ်ကို ခေါ်ယူချင်နေပါတယ်။ အိုလီဂန်နာဆိုးလ်ရှားသည် အသင်းကို ယခုနွေတွင် အရည်အသွေးပြည့်ဝရန်အတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်လိုနေခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းသည် အေဂျက်စ်နောက်ခံလူ မက်သီးယပ်စ်ဒီလစ် နှင့် အန်တိုနီဂရစ်ဇ်မန်းကို ခေါ်ယူရန်အတွက် ရန်ပုံငွေ လိုအပ်နိုင်ဖွယ်ရှီနေသောကြောင့် အသက် ၃၁ နှစ်အရွယ်ကစားသမားကို အသင်းမှ ရောင်းချသွားဖွယ်ရှိနေပါတယ်။

Sport မှ အဆိုအရ ယူနိုက်တက်သည် ခရိုအေးရှားကစားသမားကို ထိပ်တန်းပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရာကီတစ်သည် ဘာစီလိုနာအသင်းသည် ၂၀၁၄ ခုနှစ်က ရောက်ရှိလာသူဖြစ်ပြီး အောင်မြင်နေသော ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ ၎င်းသည် လာလီဂါဖလား ၄ ကြိမ် နှင့် ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရရှိထားသူဖြစ်ပါတယ်။

ရာကီတစ်အတွက် အသင်းမှ ထွက်ခွာရန်အတွက် ဝန်ထုတ်ဝန်ပိုးမရှိနိုင်ပြီး အသင်းပြောင်းပါက လစာတိုးရဖွယ်ရှိနေပါတယ်။ ဘာစီလိုနာအသင်းမှ ရာကီတစ်အတွက် ပေါင်သန်း ၅၀ ဝန်းကျင်လောက်အလိုရှိနေပြီး ဒီဂျောင်အသင်းကို ရောက်ရှိလာခြင်းကြောင့် ယူနိုက်တက်အနေဖြင့် ၎င်းကို ခေါ်ယူရန်တွင် ပိုပြီး အဆင်ပြေနိုင်ဖွယ်ရှိနေပါတယ်။