မန္ခ်က္စတာယူႏိုက္တက္ဆီကို ေျပာင္းခြင့္ေပးဖို႔ ေတာင္းဆိုလိုက္တဲ့ ၀မ္ဘစ္ဆကာ

ခရစၥတယ္ပဲေလ့စ္ေနာက္ခံလူ ၀မ္ဘစ္ဆကာက သူ႔ကို မန္ခ်က္စတာယူႏိုက္တက္ဆီ ေျပာင္းေ႐ႊ႕ခြင့္ေပးဖို႔ အသင္းတာ၀န္ရွိသူေတြကို ေတာင္းဆိုလိုက္ၿပီပဲျဖစ္ပါတယ္။ အဂၤလန္ ယူ-၂၁ လက္ေ႐ြးစင္ကစားသမားျဖစ္တဲ့ ၀မ္ဘစ္ဆကာကို မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အလြန္အမင္း ေခၚယူလိုေနၿပီး ခရစၥတယ္ပဲေလ့စ္ကေတာ့ ၀မ္ဘစ္ဆကာထက္ ဇာဟာကိုသာ ေရာင္းထုတ္လိုက္ဖို႔ ဆႏၵရွိေနပါတယ္။

၀မ္ဘစ္ဆကာဟာ ညာေနာက္ခံလူအျဖစ္သာမကဘဲ ဗဟိုခံစစ္မႉးအျဖစ္ပါ ကစားႏိုင္စြမ္းရွိသူျဖစ္ၿပီး အခုအခ်ိန္မွာ ၀မ္ဘစ္ဆကာကို မေခၚယူဘူးဆိုရင္ လာမယ့္ေဘာလုံးရာသီမွာ တန္ေၾကးပိုျမင့္သြားႏိုင္လို႔ ေခၚႏိုင္ဖို႔ ပိုခက္သြားမွာျဖစ္ေၾကာင္း ၀မ္ဘစ္ဆကာက ေျပာၾကားထားပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ၀မ္ဘစ္ဆကာအတြက္ ခရစၥတယ္ပဲေလ့စ္ဆီကို ေပါင္သန္း ၄၀ နဲ႔ ဆက္သြယ္ကမ္းလွမ္းခဲ့ေပမယ့္ ခရစၥတယ္ပဲေလ့စ္ဘက္က အနိမ့္ဆုံးအျဖစ္ ေပါင္သန္း ၆၀ ရမွာသည ၀မ္ဘစ္ဆကာကို လက္လႊတ္ေပးႏိုင္မယ္လို႔ အေၾကာင္းျပန္ၿပီး အဲ့ဒီကမ္းလွမ္းမႈကို ျငင္းဆန္ပယ္ခ်ပစ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဗလင္စီယာက အသင္းက ထြက္သြားၿပီျဖစ္သလို ဒါမီယန္ကိုလည္း လက္လႊတ္ရဖို႔ ရွိေနတာေၾကာင့္ အဲ့ဒီကြက္လပ္ေတြကို အစားျပန္ျဖည့္ဖို႔အတြက္ ၀မ္ဘစ္ဆကာနဲ႔အတူ ပီအက္စ္ဂ်ီေနာက္ခံလူ မူနီယာတို႔ကို ေခၚယူလိုေနတာျဖစ္ပါတယ္။ ခရစၥတယ္ပဲေလ့စ္ဟာ လက္ရွိမွာ မႏွစ္ကေဘာလုံးရာသီတုန္းက အဂၤလန္ခ်န္ပီယံရွစ္ တစ္ႏွစ္တာအေကာင္းဆုံး လူငယ္ကစားသမားဆုကို ဆြတ္ခူးရယူႏိုင္တဲ့အထိ ေအာင္ျမင္ခဲ့တဲ့ ေနာ၀စ္ခ်္ေနာက္ခံလူ မက္ခ္ေအ႐ြန္းကို ေျပာင္းေ႐ႊ႕ေၾကးပမာဏ ေပါင္ ၁၅ သန္းနဲ႔ ၀ယ္ယူဖို႔ ႀကိဳးပမ္းေနၿပီး ေအ႐ြန္းကို ရရွိခဲ့မယ္ဆိုရင္ ၀မ္ဘစ္ဆကာကို ခရစၥတယ္ပဲေလ့စ္က ေရာင္းထုတ္ေပးလိုက္ဖြယ္ ရွိေနပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်ဆီကို ပြောင်းခွင့်ပေးဖို့ တောင်းဆိုလိုက်တဲ့ ဝမ်ဘစ်ဆကာ

ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဝမ်ဘစ်ဆကာက သူ့ကို မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ အသင်းတာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပြီပဲဖြစ်ပါတယ်။ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ကစားသမားဖြစ်တဲ့ ဝမ်ဘစ်ဆကာကို မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အလွန်အမင်း ခေါ်ယူလိုနေပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ဝမ်ဘစ်ဆကာထက် ဇာဟာကိုသာ ရောင်းထုတ်လိုက်ဖို့ ဆန္ဒရှိနေပါတယ်။


ဝမ်ဘစ်ဆကာဟာ ညာနောက်ခံလူအဖြစ်သာမကဘဲ ဗဟိုခံစစ်မှူးအဖြစ်ပါ ကစားနိုင်စွမ်းရှိသူဖြစ်ပြီး အခုအချိန်မှာ ဝမ်ဘစ်ဆကာကို မခေါ်ယူဘူးဆိုရင် လာမယ့်ဘောလုံးရာသီမှာ တန်ကြေးပိုမြင့်သွားနိုင်လို့ ခေါ်နိုင်ဖို့ ပိုခက်သွားမှာဖြစ်ကြောင်း ဝမ်ဘစ်ဆကာက ပြောကြားထားပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဝမ်ဘစ်ဆကာအတွက် ခရစ္စတယ်ပဲလေ့စ်ဆီကို ပေါင်သန်း ၄၀ နဲ့ ဆက်သွယ်ကမ်းလှမ်းခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်ဘက်က အနိမ့်ဆုံးအဖြစ် ပေါင်သန်း ၆၀ ရမှာသည ဝမ်ဘစ်ဆကာကို လက်လွှတ်ပေးနိုင်မယ်လို့ အကြောင်းပြန်ပြီး အဲ့ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချပစ်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်ဟာ ဗလင်စီယာက အသင်းက ထွက်သွားပြီဖြစ်သလို ဒါမီယန်ကိုလည်း လက်လွှတ်ရဖို့ ရှိနေတာကြောင့် အဲ့ဒီကွက်လပ်တွေကို အစားပြန်ဖြည့်ဖို့အတွက် ဝမ်ဘစ်ဆကာနဲ့အတူ ပီအက်စ်ဂျီနောက်ခံလူ မူနီယာတို့ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ လက်ရှိမှာ မနှစ်ကဘောလုံးရာသီတုန်းက အင်္ဂလန်ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးရယူနိုင်တဲ့အထိ အောင်မြင်ခဲ့တဲ့ နောဝစ်ချ်နောက်ခံလူ မက်ခ်အေရွန်းကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၅ သန်းနဲ့ ဝယ်ယူဖို့ ကြိုးပမ်းနေပြီး အေရွန်းကို ရရှိခဲ့မယ်ဆိုရင် ဝမ်ဘစ်ဆကာကို ခရစ္စတယ်ပဲလေ့စ်က ရောင်းထုတ်ပေးလိုက်ဖွယ် ရှိနေပါတယ်။