ကမာၻ႕အေကာင္းဆံုးဆု နဲ႔ ပတ္သက္ၿပီး ေရာ္နယ္ဒိုရဲ႕ ဖြင့္ဟဝန္ခံခ်က္

ဂ်ဴဗင္တပ္စ္ အသင္းရဲ႕ တိုက္စစ္မွဴး ျဖစ္သူ ေရာ္နယ္ဒိုက (၂၀၁၉) ခုႏွစ္ရဲ႕ ကမာၻ႕ အေကာင္းဆံုး ကစားသမားဆု နဲ႔ ပတ္သက္ၿပီး ဖြင့္ဟ ေျပာၾကားမႈမ်ား ျပဳလုပ္ သြားခ့ဲေၾကာင္း သိရွိ ရပါတယ္။ ေရာ္နယ္ဒို နဲ႔ မက္ဆီတုိ႔ ႏွစ္ဦးဟာ ကမာၻ႕အေကာင္းဆံုး ကစားသမားဆုကို (၁၀) ႏွစ္ ၾကာ လႊမ္းမုိးခ့ဲၾကၿပီး ၿပီးခ့ဲတ့ဲ ႏွစ္ကမွသာ ရီးရဲယ္မက္ဒရစ္ နဲ႔ ခရိုေအးရွား ကြင္းလယ္လူ မိုဒရစ္က ေဖာက္ထြက္ကာ ရယူႏုိင္ခ့ဲျခင္း ျဖစ္ပါတယ္။

လက္ရွိ အခ်ိန္မွာေတာ့ (၂၀၁၉) ခုႏွစ္ရဲ႕ ကမာၻ႕ အေကာင္းဆံုး ကစားသမားဆုကို ရရွိဖုိ႔ မက္ဆီ နဲ႔ ဗန္ဒုိက္ခ်္တုိ႔က ေရပန္းစားေနၾကၿပီး ေရာ္နယ္ဒုိ အတြက္ေတာ့ ဒီႏွစ္  ကမာၻ႕ အေကာင္းဆံုး ကစားသမားဆု ေမွ်ာ္လင့္ခ်က္ က နည္းပါး ေနၿပီလည္း ျဖစ္ပါတယ္။ ေရာ္နယ္ဒို အေနနဲ႔ ဂ်ဴဗင္တပ္စ္ အသင္းနဲ႔ အတူ စီးရီးေအ အမွတ္ေပး ခ်န္ပီယံဆုကိုသာ ရရွိခ့ဲေပမယ့္ ၿပီးခ့ဲတ့ဲ တနဂၤေႏြေန႔က ကစားခ့ဲတ့ဲ နယ္သာလန္ အသင္းနဲ႔ ေနးရွင္းလိဂ္ ဗုိ္လ္လုပြဲမွာ အသင္းနဲ႔ အတူ အႏုိင္ရ ဗုိလ္စဲြခ့ဲတာေၾကာင့္ အခုလိုပဲ သူ႔အတြက္ ကမာၻ႕ အေကာင္းဆံုး ကစားသမားဆု ေမွ်ာ္လင့္ခ်က္က ျပန္လည္ ရွင္သန္ လာခ့ဲတာ ျဖစ္ပါတယ္။

ေရာ္နယ္ဒို အေနနဲ႔ အခုလိုပဲ ေပၚတူဂီ လက္ေရြးစင္ အသင္းနဲ႔ ဆုဖလား ရယူနုိင္ခ့ဲျခင္းဟာ ဒုတိယအႀကိမ္ေျမာက္ျဖစ္ၿပီး ၿပီးခ့ဲတ့ဲ ယူရို- ၂၀၁၆ ခုႏွစ္မွာလည္း ေပၚတူဂီ အသင္းနဲ႔ အတူ ဗို္လ္စြဲ ႏုိိင္ခ့ဲပါေသးတယ္။ ဒီလိုမ်ိဳး သူ႔ရဲ႕ ကမာၻ႕ အေကာင္းဆံုးဆု ေမွ်ာ္လင့္ခ်က္နဲ႔ ပတ္သက္ၿပီး ေရာ္နယ္ဒိုက “ႏုိး။ ကမာၻ႕ အေကာင္းဆံုး ဆု နဲ႔ ပတ္သက္ၿပီး ကြ်န္ေတာ္ ဘာမွ ေျပာမွာ မဟုတ္ပါဘူး။” ဟု ဖြင့္ဟ ေျပာၾကား မႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္း သိရွိ ရပါတယ္။

Unicode

ဂျူဗင်တပ်စ် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ရော်နယ်ဒိုက (၂၀၁၉) ခုနှစ်ရဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု နဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောကြားမှုများ ပြုလုပ် သွားခဲ့ကြောင်း သိရှိ ရပါတယ်။ ရော်နယ်ဒို နဲ့ မက်ဆီတို့ နှစ်ဦးဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို (၁၀) နှစ် ကြာ လွှမ်းမိုးခဲ့ကြပြီး ပြီးခဲ့တဲ့ နှစ်ကမှသာ ရီးရဲယ်မက်ဒရစ် နဲ့ ခရိုအေးရှား ကွင်းလယ်လူ မိုဒရစ်က ဖောက်ထွက်ကာ ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ (၂၀၁၉) ခုနှစ်ရဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ မက်ဆီ နဲ့ ဗန်ဒိုက်ချ်တို့က ရေပန်းစားနေကြပြီး ရော်နယ်ဒို အတွက်တော့ ဒီနှစ်  ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု မျှော်လင့်ချက် က နည်းပါး နေပြီလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ ဂျူဗင်တပ်စ် အသင်းနဲ့ အတူ စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကိုသာ ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ နယ်သာလန် အသင်းနဲ့ နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ အသင်းနဲ့ အတူ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် အခုလိုပဲ သူ့အတွက် ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု မျှော်လင့်ချက်က ပြန်လည် ရှင်သန် လာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို အနေနဲ့ အခုလိုပဲ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ ဆုဖလား ရယူနိုင်ခဲ့ခြင်းဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ယူရို- ၂၀၁၆ ခုနှစ်မှာလည်း ပေါ်တူဂီ အသင်းနဲ့ အတူ ဗိုလ်စွဲ နိုင်ခဲ့ပါသေးတယ်။ ဒီလိုမျိုး သူ့ရဲ့ ကမ္ဘာ့ အကောင်းဆုံးဆု မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက “နိုး။ ကမ္ဘာ့ အကောင်းဆုံး ဆု နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ ပြောမှာ မဟုတ်ပါဘူး။” ဟု ဖွင့်ဟ ပြောကြား မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိ ရပါတယ်။