ဒီကစားသမား ၃ ဦးကိုေခၚလုိက္ပါက ဘာစီလိုနာအား unstoppable ျဖစ္ေစႏုိင္ပါလိမ့္မယ္

၂၀၁၈-၁၉ ေဘာလံုးရာသီျပီးသြားေတာ့ ဘာစီလိုနာအတြက္ မခ်ိဳမခါးရာသီေလးျဖစ္ခဲ့ပါတယ္။ လာလီဂါဖလားကို သိမ္းပိုက္ႏုိင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ႏွင့္ ကုိပါဒယ္ေရးဖလားေတြကုိေတာ့ ဆံုးရွွံဴးခဲ့ရသည္။ ရလဒ္ေတြအရ.. နည္းျပ ဗယ္ဗာဒီႏွင့္အေပါင္းအပါေတြက ေနာက္ရာသီ အသင္းရဲ႕ လူအင္အားစာရင္းကိုေတာင့္တင္းေအာင္ျပင္ဆင္ဖုိ႕ လုပ္ေဆာင္ေနၾကပါျပီ။ ေနာက္ရာသီက်ရင္ ဥေရာပမွာ ပိုမုိစိန္ေခၚႏုိင္ေအာင္ ျပင္ဆင္ၾကမွာပါ။

ဒီေႏြရာသီအေျပာင္းအေရႊ႕ေဈးကြက္တြင္ ကစားသမားအခ်ိဳ႕အား ေခၚယူဖို႕ ဘာစီလိုနာက ခ်ိတ္ဆက္မူလုပ္ေနပါတယ္။ ကစားသမားအခ်ိဳ႕ကလည္း အသင္းကေန ထြက္ခြာၾကဖို႕ေမွ်ာ္လင့္ရသည္။ ႏူးကမ့္ကြင္းၾကီးထဲသို႕ ကစားသမားအသစ္ခ်ိဳ႕ေရာက္ရွိလာဖို႕အား ပရိတ္သတ္ေတြကလည္း ေမွ်ာ္လင့္ေနၾကပါတယ္။ အေျပာင္းအေရႊ႕ေဈးကြက္အေနအထားရယ္ ၊ ကစားသမားေတြကိုေခၚယူဖုိ႕ အခြင့္အလမ္းအေနအထားရယ္ အေပၚမူတည္ျပီး ဘယ္ကစားသမား ၃ ေယာက္ကုိ ဘာစီလိုနာက လက္မွတ္ထုိးေခၚယူႏုိင္ခဲ့ရင္ ဘာစီလိုနာအသင္းကို သိသာထင္ရွားလာေစမလဲဆုိတာကို ၾကည့္လုိက္ရေအာင္။

၃။ လာရြိဳင္းဆာေနး (မန္ခ်က္စတာစီးတီး)

မန္ခ်က္စတာစီးတီးအသင္းရဲ႕ အနာဂတ္ၾကယ္ပြင့္အျဖစ္ဆက္လက္တည္ရွိေနတဲ့ လာရြိဳင္းဆာေနးပါ။ နည္းျပ ဂြာဒီယိုလာရဲ႕ယံုၾကည္မူကိုေပ်ာက္ဆံုးခဲ့ရျပီးေနာက္ အသင္းရဲ႕ ပြဲထြက္ ၁၁ ေယာက္မွာ ေဝးကြာခဲ့ရတဲ့ ကစားသမားဟာ အသင္းနဲ႕ေဝးရာသို႕ ထြက္ခြာဖို႕ျပင္ဆင္ေနပါတယ္။ ဂ်ာမန္ တုိက္စစ္ကစားသမားကုိ လက္မွတ္ထိုးေခၚယူဖို႕ ဘုိင္ယန္ျမဴးနစ္က ၾကိဳးစားေနပါတယ္။ အသင္းရဲ႕ စစ္သည္ေတာ္ ဖရန္႕ရစ္ဘာရီရဲ႕ ေနရာကိုအစားထုိးဖို႕အတြက္ ဘုိင္ယန္ျမဴးနစ္က ရည္ရြယ္ေနတာပါ။ ဒါေၾကာင့္ ဘာစီလိုနာအသင္းက ၾကားျဖတ္ခုတ္ဖို႕အခြင့္အေရးေတြရွိေနပါတယ္။ ဘာစီလိုနာအသင္းဟာ ၄-၃-၃ ကစားကြက္နဲ႕ လုပ္ေဆာင္လည္ပတ္တဲ့အသင္းပါ။ ဘယ္ဘက္အျခမ္းက ကစားသမားေတြကိုေခၚယူဖို႕အတြက္က ဘာစီလိုနာက လက္မတြန္႕ခဲ့ပါဘူး။

အခုလည္း အသင္းရဲ႕သမုိင္းတစ္ေလွ်ာက္ ေဈးအၾကီးဆံုး ကစားသမား ဖီလစ္ပီေကာ္တင္ဟိုက ဘယ္ဘက္အျခမ္းမွာရွိေနပါတယ္။ ဒါေပမယ့္ ဘရာဇီးလ္ကစားသမားဟာ လီဗာပူးလ္အသင္းမွာကစားခဲ့ရစဥ္တုန္းကလို တာဝန္ယူမူေတြအမ်ားၾကီးမရထားခဲ့ပါဘူး။ တူညီေသာ ေျခစြမ္းမိ်ဳးကုိလည္း မျပႏုိင္ေသးပါဘူး။ ေနမာရဲ႕ ေနရာကိုအစားထိုးႏုိင္ဖို႕ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ မျဖစ္လာေသးပါဘူး။ ဆာေနးဟာ ဒီေနရာတြင္ ပရီးမီးယားလိဂ္ရဲ႕ အကောင္းဆံုးကစားသမာေတြထဲက တစ္ဦးျဖစ္ျပီး ဘာစီလိုနာနဲ႕ အံဝင္ဂြင္က်ျဖစ္လာႏုိင္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ တုိက္စစ္ကစားသမားဟာ သူရဲ႕ေျပးႏွဳန္းကို ဘာစီလိုနာရဲ႕တုိက္စစ္ပုိင္းတြင္ေပါင္းထည့္ေပးႏုိင္ကာ ေနမာထြက္ခြာသြားခဲ့လို႕ ေပ်ာက္ဆံုးေနခဲ့တဲ့ အရာေတြကို ျဖည့္ဆည္းေပးႏုိင္မယ့္သူအျဖစ္ ေမွ်ာ္လင့္ရသည္။

၂။ ခရစ္တီယန္ အဲရစ္ဆင္ (ေတာ့တင္ဟမ္စပါး)

ဒီေႏြရာသီ အျေပာင္းအေရႊ႕ေဈးကြက္တြင္ ကြင္းလယ္ကစားသမား တစ္ဦး သို႕မဟုတ္ ႏွစ္ဦးအား ေခၚယူဖို႕ ဘာစီလိုနာ ၾကိဳးစားလာႏုိင္ပါတယ္။ ဘာလို႕လည္းဆုိေတာ့ အသက္အရြယ္အရ စဥ္းစားလာေပးရေတာ့မယ့္ ဆာဂ်ီယိုဘတ္ကြြက္စ္ႏွင့္ အုိင္ဗန္ရာကီတစ္တို႕ေနရာ အစားထုိးဖို႕လုိအပ္လာပါျပီ။ ဒါေၾကာင့္ စပါးကြင္းလယ္လူ အဲရစ္ဆင္ဟာ အသင့္ေတာ္ဆံုးပါပဲ။ အဲရစ္ဆင္ ေရာက္လာခဲ့ပါက ရာကီတစ္ကို ဘာစီလိုနာက ထုတ္ေရာင္းခ်သြားႏုိင္ပါတယ္။ စပါးအသင္း ဒီရာသီ ခ်န္ပီယံ ဗိုလ္လုပြဲေရာက္ခဲ့ရာ နည္းျပပိုခ်က္တီႏုိရဲ႕ အလယ္တန္းတြင္ ဒီ ဒိန္းမတ္လက္ေရြးစင္ဟာ အဓိကက်ခဲ့ပါတယ္။

အရင္တုန္းက အဲရစ္ဆင္ရဲ႕ဝန္ေဆာင္မူေတြကို လုိခ်င္ေၾကာင္း ဘာစီလိုနာဘက္ကေန ျပသခဲ့ျပီးျဖစ္ပါတယ္။ ကစားသမားကလည္း စပါးအသင္းကထြက္ခြာဖို႕ဆႏၵရွိကာ စိန္ေခၚမူအသစ္ေတြကို ျပဳလုပ္ဖို႕အတြက္ အလိုရွိေနသည္။ ဒါေပမယ့္ အဲရစ္ဆင္ကိုေခၚယူမည္ဆုိပါ စပါးဥကၠ႒ ဒန္နီယဲလ္လီဗိုင္းနဲ႕ စကားအမ်ားၾကီးေျပာရဖို႕ရွိေနျပီး ဘာလို႕လည္းဆုိေတာ့  လီဗုိင္းက ၎ရဲ႕ကစားသမားေတြကို ေဈးေပါေပါနဲ႕ ေရာင္းေလ့မရွိလို႕ပါ။

၁။ မတ္သီးစ္ဒီလစ္ (ေအဂ်က္စ္)

ဒီေႏြရာသီအေျပာင္းအေရႊ႕ေဈးကြင္တြင္ အေျပာင္းအေရႊ႕ပံုျပင္ေတြဟာ ေဘာလံုးပရိတ္သတ္ေတြအားလံုးအတြက္ စိတ္ဝင္စားစရာျဖစ္ေနခဲ့သည္။ ေလးစားဖြယ္ေျခစြမ္းေတြကိုျပသႏုိင္ခဲ့ျပီးေနာက္ မတ္သီးစ္ဒီလစ္ဟာ ကမာၻ႕ေဘာလံုးအေျပာင္းအေရႊ႕ေဈးကြက္ကို ရုိက္ခတ္ေစႏုိင္ခဲ့ပါတယ္။ ကစားသမားကိုယ္ေခၚယူဖို႕အတြက္ ဥေရာပ အသင္းၾကီးေတြျဖစ္ၾကတဲ့ မန္ခ်က္စတာယူႏုိက္တက္၊ ဂ်ဴဗင္တပ္္စ္၊ ပီအက္စ္ဂ်ီ၊ ဘာစီလိုနာႏွင့္ လီဗာပူးလ္တုိ႕ က ၾကိဳးစားေနၾကသည္။ ကစားသမားကိုယ္ေခၚယူဖုိ႕အတြက္ ဘာစီလုိနာက ထိပ္ဆံုးကေဦးေဆာင္လုပ္ေဆာင္ခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ႏွင့္ ပီအက္စ္ဂ်ီတို႕ပါ ဝင္လာဖုိ႕ ခ်ိန္ခြင္လွ်ာေတြက ေျပာင္းလဲလာခဲ့ပါျပီ။

ဒါေပမယ့္လည္း ဘာစီလိုနာက ျပိဳင္ပြဲကေန ထြက္ခြာသြားတာမ်ိဳးမရွိခဲ့ပဲ လက္ဦးမူရယူဖုိ႕ အမ်ိဳးမ်ိဳးၾကိဳးစားေနပါတယ္။ ေအဂ်က္စ္အသင္းေဖာ္ ဒီေဂ်ာင္က ဘာစီလုိနာသို႕ ေျပာင္းခဲ့ျပီးျဖစ္လို႕ ဒီလစ္လည္း သြားေရာက္ပူးေပါင္းႏုိင္သည္။ ဘာစီလိုနာသို႕ေရာက္လာခဲ့ပါ ဒီလစ္ဟာ အမ်ားၾကီးတုိးတက္မူေတြရွိလာမွာပါ။ အသင္းရဲ႕ေအာင္ျမင္မူေတြရရွိခဲ့တဲ့ ဂ်ာရတ္ပီေကးႏွင့္ တြဲကစားႏုိင္သလုိ၊ ဒဏ္ရာေၾကာင့္ ေျခစြမ္းမျပႏုိ္င္ျဖစ္ေနတဲ့ အြမ္တီတီရဲ႕ေနရာကိုလည္း ျဖည့္တင္းႏုိင္မွာျဖစ္ပါတယ္။ မတ္သီးစ္ဒီလစ္ရဲ႕ ဝန္ေဆာင္မူကို ဘာစီလုိနာအေနနဲ႕ ရယူလုိပါက အခ်ိန္ကသာ စကားေျပာႏုိင္မွာျဖစ္ပါတယ္။
#barcelona #soenaywin

Unicode

၂၀၁၈-၁၉ ဘောလုံးရာသီပြီးသွားတော့ ဘာစီလိုနာအတွက် မချိုမခါးရာသီလေးဖြစ်ခဲ့ပါတယ်။ လာလီဂါဖလားကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်နှင့် ကိုပါဒယ်ရေးဖလားတွေကိုတော့ ဆုံးရှူံးခဲ့ရသည်။ ရလဒ်တွေအရ.. နည်းပြ ဗယ်ဗာဒီနှင့်အပေါင်းအပါတွေက နောက်ရာသီ အသင်းရဲ့ လူအင်အားစာရင်းကိုတောင့်တင်းအောင်ပြင်ဆင်ဖို့ လုပ်ဆောင်နေကြပါပြီ။ နောက်ရာသီကျရင် ဥရောပမှာ ပိုမိုစိန်ခေါ်နိုင်အောင် ပြင်ဆင်ကြမှာပါ။ ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားအချို့အား ခေါ်ယူဖို့ ဘာစီလိုနာက ချိတ်ဆက်မူလုပ်နေပါတယ်။

ကစားသမားအချို့ကလည်း အသင်းကနေ ထွက်ခွာကြဖို့မျှော်လင့်ရသည်။ နူးကမ့်ကွင်းကြီးထဲသို့ ကစားသမားအသစ်ချို့ရောက်ရှိလာဖို့အား ပရိတ်သတ်တွေကလည်း မျှော်လင့်နေကြပါတယ်။ အပြောင်းအရွှေ့ဈေးကွက်အနေအထားရယ် ၊ ကစားသမားတွေကိုခေါ်ယူဖို့ အခွင့်အလမ်းအနေအထားရယ် အပေါ်မူတည်ပြီး ဘယ်ကစားသမား ၃ ယောက်ကို ဘာစီလိုနာက လက်မှတ်ထိုးခေါ်ယူနိုင်ခဲ့ရင် ဘာစီလိုနာအသင်းကို သိသာထင်ရှားလာစေမလဲဆိုတာကို ကြည့်လိုက်ရအောင်။

၃။ လာရွိုင်းဆာနေး (မန်ချက်စတာစီးတီး)
မန်ချက်စတာစီးတီးအသင်းရဲ့ အနာဂတ်ကြယ်ပွင့်အဖြစ်ဆက်လက်တည်ရှိနေတဲ့ လာရွိုင်းဆာနေးပါ။ နည်းပြ ဂွာဒီယိုလာရဲ့ယုံကြည်မူကိုပျောက်ဆုံးခဲ့ရပြီးနောက် အသင်းရဲ့ ပွဲထွက် ၁၁ ယောက်မှာ ဝေးကွာခဲ့ရတဲ့ ကစားသမားဟာ အသင်းနဲ့ဝေးရာသို့ ထွက်ခွာဖို့ပြင်ဆင်နေပါတယ်။ ဂျာမန် တိုက်စစ်ကစားသမားကို လက်မှတ်ထိုးခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က ကြိုးစားနေပါတယ်။ အသင်းရဲ့ စစ်သည်တော် ဖရန့်ရစ်ဘာရီရဲ့ နေရာကိုအစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ်က ရည်ရွယ်နေတာပါ။ ဒါကြောင့် ဘာစီလိုနာအသင်းက ကြားဖြတ်ခုတ်ဖို့အခွင့်အရေးတွေရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ၄-၃-၃ ကစားကွက်နဲ့ လုပ်ဆောင်လည်ပတ်တဲ့အသင်းပါ။ ဘယ်ဘက်အခြမ်းက ကစားသမားတွေကိုခေါ်ယူဖို့အတွက်က ဘာစီလိုနာက လက်မတွန့်ခဲ့ပါဘူး။ အခုလည်း အသင်းရဲ့သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ကစားသမား ဖီလစ်ပီကော်တင်ဟိုက ဘယ်ဘက်အခြမ်းမှာရှိနေပါတယ်။ ဒါပေမယ့် ဘရာဇီးလ်ကစားသမားဟာ လီဗာပူးလ်အသင်းမှာကစားခဲ့ရစဉ်တုန်းကလို တာဝန်ယူမူတွေအများကြီးမရထားခဲ့ပါဘူး။ တူညီသော ခြေစွမ်းမျိုးကိုလည်း မပြနိုင်သေးပါဘူး။ နေမာရဲ့ နေရာကိုအစားထိုးနိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် မဖြစ်လာသေးပါဘူး။ ဆာနေးဟာ ဒီနေရာတွင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမာတွေထဲက တစ်ဦးဖြစ်ပြီး ဘာစီလိုနာနဲ့ အံဝင်ဂွင်ကျဖြစ်လာနိုင်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ သူရဲ့ပြေးနှုန်းကို ဘာစီလိုနာရဲ့တိုက်စစ်ပိုင်းတွင်ပေါင်းထည့်ပေးနိုင်ကာ နေမာထွက်ခွာသွားခဲ့လို့ ပျောက်ဆုံးနေခဲ့တဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်မယ့်သူအဖြစ် မျှော်လင့်ရသည်။

၂။ ခရစ်တီယန် အဲရစ်ဆင် (တော့တင်ဟမ်စပါး)
ဒီနွေရာသီ အြပောင်းအရွှေ့ဈေးကွက်တွင် ကွင်းလယ်ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦးအား ခေါ်ယူဖို့ ဘာစီလိုနာ ကြိုးစားလာနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ အသက်အရွယ်အရ စဉ်းစားလာပေးရတော့မယ့် ဆာဂျီယိုဘတ်ကွက်စ်နှင့် အိုင်ဗန်ရာကီတစ်တို့နေရာ အစားထိုးဖို့လိုအပ်လာပါပြီ။ ဒါကြောင့် စပါးကွင်းလယ်လူ အဲရစ်ဆင်ဟာ အသင့်တော်ဆုံးပါပဲ။ အဲရစ်ဆင် ရောက်လာခဲ့ပါက ရာကီတစ်ကို ဘာစီလိုနာက ထုတ်ရောင်းချသွားနိုင်ပါတယ်။

စပါးအသင်း ဒီရာသီ ချန်ပီယံ ဗိုလ်လုပွဲရောက်ခဲ့ရာ နည်းပြပိုချက်တီနိုရဲ့ အလယ်တန်းတွင် ဒီ ဒိန်းမတ်လက်ရွေးစင်ဟာ အဓိကကျခဲ့ပါတယ်။ အရင်တုန်းက အဲရစ်ဆင်ရဲ့ဝန်ဆောင်မူတွေကို လိုချင်ကြောင်း ဘာစီလိုနာဘက်ကနေ ပြသခဲ့ပြီးဖြစ်ပါတယ်။ ကစားသမားကလည်း စပါးအသင်းကထွက်ခွာဖို့ဆန္ဒရှိကာ စိန်ခေါ်မူအသစ်တွေကို ပြုလုပ်ဖို့အတွက် အလိုရှိနေသည်။ ဒါပေမယ့် အဲရစ်ဆင်ကိုခေါ်ယူမည်ဆိုပါ စပါးဥက္ကဋ္ဌ ဒန်နီယဲလ်လီဗိုင်းနဲ့ စကားအများကြီးပြောရဖို့ရှိနေပြီး ဘာလို့လည်းဆိုတော့  လီဗိုင်းက ၎င်းရဲ့ကစားသမားတွေကို ဈေးပေါပေါနဲ့ ရောင်းလေ့မရှိလို့ပါ။

၁။ မတ်သီးစ်ဒီလစ် (အေဂျက်စ်)
ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွင်တွင် အပြောင်းအရွှေ့ပုံပြင်တွေဟာ ဘောလုံးပရိတ်သတ်တွေအားလုံးအတွက် စိတ်ဝင်စားစရာဖြစ်နေခဲ့သည်။ လေးစားဖွယ်ခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီးနောက် မတ်သီးစ်ဒီလစ်ဟာ ကမ္ဘာ့ဘောလုံးအပြောင်းအရွှေ့ဈေးကွက်ကို ရိုက်ခတ်စေနိုင်ခဲ့ပါတယ်။ ကစားသမားကိုယ်ခေါ်ယူဖို့အတွက် ဥရောပ အသင်းကြီးတွေဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာနှင့် လီဗာပူးလ်တို့ က ကြိုးစားနေကြသည်။ ကစားသမားကိုယ်ခေါ်ယူဖို့အတွက် ဘာစီလိုနာက ထိပ်ဆုံးကေဦးဆောင်လုပ်ဆောင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်နှင့် ပီအက်စ်ဂျီတို့ပါ ဝင်လာဖို့ ချိန်ခွင်လျှာတွေက ပြောင်းလဲလာခဲ့ပါပြီ။

ဒါပေမယ့်လည်း ဘာစီလိုနာက ပြိုင်ပွဲကနေ ထွက်ခွာသွားတာမျိုးမရှိခဲ့ပဲ လက်ဦးမူရယူဖို့ အမျိုးမျိုးကြိုးစားနေပါတယ်။ အေဂျက်စ်အသင်းဖော် ဒီဂျေြ်င်က ဘာစီလိုနာသို့ ပြောင်းခဲ့ပြီးဖြစ်လို့ ဒီလစ်လည်း သွားရောက်ပူးပေါင်းနိုင်သည်။ ဘာစီလိုနာသို့ရောက်လာခဲ့ပါ ဒီလစ်ဟာ အများကြီးတိုးတက်မူတွေရှိလာမှာပါ။ အသင်းရဲ့အောင်မြင်မူတွေရရှိခဲ့တဲ့ ဂျာရတ်ပီကေးနှင့် တွဲကစားနိုင်သလို၊ ဒဏ်ရာကြောင့် ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ အွမ်တီတီရဲ့နေရာကိုလည်း ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။ မတ်သီးစ်ဒီလစ်ရဲ့ ဝန်ဆောင်မူကို ဘာစီလိုနာအနေနဲ့ ရယူလိုပါက အချိန်ကသာ စကားပြောနိုင်မှာဖြစ်ပါတယ်။
#barcelona #soenaywin