ေရာ္နယ္ဒိုု ရွိတဲ့ အိမ္ရွင္ေပၚတူဂီကိုုပဲ ေရြးခ်ယ္ရမည့္ ဗိုုလ္လုုပြဲ

ေပၚတူဂီဟာ စီေရာ္နယ္ဒိုုေၾကာင့္ ဗိုုလ္လုုပြဲေရာက္လာတာမွန္ေပမယ့္ အရင္လိုု တစ္ဦးတစ္ေယာက္ေကာင္းေပၚ မွီခိုေနတာမ်ိဳးမဟုုတ္ဘဲ ဘာနာဒိုုေဆးလ္ဗား၊ ဂ်ာအိုုဖီးလ္စ္၊ ဂူဒက္စ္၊ ဂြါရဲရိုုး၊ ကာဗယ္ဟိုုတိုု႔အျပင္ ပရီးမီးယားလိဂ္မွာ ၀ုုဗ္အသင္းနဲ႔ ေျခစြမ္းျပခဲ့ၾကတဲ့ ေမာ္တင္ဟိုု၊ ဂ်ိဳတာ၊ နီဗက္စ္တိုု႔လိုု  ပါရမီရွင္ကစားသမားေတြ အမ်ားအျပားနဲ႔ စုုဖြဲ႔ထားေသာ ေၾကာက္စရာေကာင္းတဲ့ အသင္းျဖစ္ေနပါျပီ။ ဆီမီးဖိုုင္နယ္တုုန္းက ဆြစ္ဇာလန္ လိုု အရမ္းေကာင္းတဲ့ အသင္းကိုုေတာင္ ေပၚတူဂီဟာ ေျခစြမ္းအသာနဲ႔ ေတာက္ေလ ွ်ာက္ဖိကစားခဲ့တာပါ။ ဒါ့အျပင္ ေရာ္နယ္ဒိုုကလည္း အထိုုင္မကစားပဲ အရင္လိုု ငယ္ရြယ္စဥ္ကလိုု ေတာင္ပံထြက္ ကစားျပီး အသက္အရြယ္နဲ႔မလိုုက္ေအာင္ ေျခစြမ္းျပျပီး ဂိုုးေတြ တစ္ဒိုုင္းဒိုုင္း သြင္းျပေနပါတယ္။

နယ္သာလန္ကေတာ့ အဂၤလန္နဲ႔ ပြဲမွာ ကစားပံုု အားနည္းေနတာကိုု ေတြ႕ရပါတယ္။ အဂၤလန္ေနာက္တန္း နဲ႔ ကြင္းလယ္က ေပါ့ဆလိုု႔သာ နယ္သာလန္အသင္း ဗိုုလ္လုုပြဲကိုု တက္ေရာက္လာခဲ့တာပါ။ နယ္သာလန္အသင္းဟာ ေရွ႕တန္းမွာလည္း ဂိုုးသြင္းေသခ်ာတဲ့ ကစားသမား မရွိေသးပါဘူး။

ေပၚတူဂီဟာ အိမ္ရွင္လည္းျဖစ္တယ္။ ေျခစြမ္းကလည္း အတက္ဘက္ေရာက္ေနျပီး နယ္သာလန္ကိုု အိမ္ကြင္းမွာ ကစားခဲ့တဲ့ တစ္ေလ ွ်ာက္မွာလည္း ေပၚတူဂီပဲ ရလဒ္ေကာင္းတာကိုု ေတြ႕ရပါတယ္။ အခုုပြဲမွာလည္း ပြဲအေျဖကိုု ေျပာင္းလဲႏိုုင္တဲ့ ေရာ္နယ္ဒိုုအပါအ၀င္ အသင္းလိုုက္ကစားပံုုေကာင္းတဲ့ ကစားသမားအမ်ားစုုပါ၀င္တဲ့ ေပၚတူဂီပဲ ဖလားရသြားမယ္လိုု႔ ယံုုၾကည္မိပါတယ္။

ပြဲခန္႔မွန္းအေျဖရလဒ္

ေပၚတူဂီ ၂-၁ နယ္သာလန္

Unicode

ရော်နယ်ဒို ရှိတဲ့ အိမ်ရှင်ပေါ်တူဂီကိုပဲ ရွေးချယ်ရမည့် ဗိုလ်လုပွဲ

ပေါ်တူဂီဟာ စီရော်နယ်ဒိုကြောင့် ဗိုလ်လုပွဲရောက်လာတာမှန်ပေမယ့် အရင်လို တစ်ဦးတစ်ယောက်ကောင်းပေါ် မှီခိုနေတာမျိုးမဟုတ်ဘဲ ဘာနာဒိုဆေးလ်ဗား၊ ဂျာအိုဖီးလ်စ်၊ ဂူဒက်စ်၊ ဂွါရဲရိုး၊ ကာဗယ်ဟိုတို့အပြင် ပရီးမီးယားလိဂ်မှာ ဝုဗ်အသင်းနဲ့ ခြေစွမ်းပြခဲ့ကြတဲ့ မော်တင်ဟို၊ ဂျိုတာ၊ နီဗက်စ်တို့လို  ပါရမီရှင်ကစားသမားတွေ အများအပြားနဲ့ စုဖွဲ့ထားသော ကြောက်စရာကောင်းတဲ့ အသင်းဖြစ်နေပါပြီ။ ဆီမီးဖိုင်နယ်တုန်းက ဆွစ်ဇာလန် လို အရမ်းကောင်းတဲ့ အသင်းကိုတောင် ပေါ်တူဂီဟာ ခြေစွမ်းအသာနဲ့ တောက်လေ ျှာက်ဖိကစားခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုကလည်း အထိုင်မကစားပဲ အရင်လို ငယ်ရွယ်စဉ်ကလို တောင်ပံထွက် ကစားပြီး အသက်အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြပြီး ဂိုးတွေ တစ်ဒိုင်းဒိုင်း သွင်းပြနေပါတယ်။

နယ်သာလန်ကတော့ အင်္ဂလန်နဲ့ ပွဲမှာ ကစားပုံ အားနည်းနေတာကို တွေ့ရပါတယ်။ အင်္ဂလန်နောက်တန်း နဲ့ ကွင်းလယ်က ပေါ့ဆလို့သာ နယ်သာလန်အသင်း ဗိုလ်လုပွဲကို တက်ရောက်လာခဲ့တာပါ။ နယ်သာလန်အသင်းဟာ ရှေ့တန်းမှာလည်း ဂိုးသွင်းသေချာတဲ့ ကစားသမား မရှိသေးပါဘူး။

ပေါ်တူဂီဟာ အိမ်ရှင်လည်းဖြစ်တယ်။ ခြေစွမ်းကလည်း အတက်ဘက်ရောက်နေပြီး နယ်သာလန်ကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ တစ်လေ ျှာက်မှာလည်း ပေါ်တူဂီပဲ ရလဒ်ကောင်းတာကို တွေ့ရပါတယ်။ အခုပွဲမှာလည်း ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ရော်နယ်ဒိုအပါအဝင် အသင်းလိုက်ကစားပုံကောင်းတဲ့ ကစားသမားအများစုပါဝင်တဲ့ ပေါ်တူဂီပဲ ဖလားရသွားမယ်လို့ ယုံကြည်မိပါတယ်။

ပွဲခန့်မှန်းအဖြေရလဒ်

ပေါ်တူဂီ ၂-၁ နယ်သာလန်