“ဗန္ုဒိုက္ခ်္နဲ႔ ဒီလစ္ဂ္တို႔က ေရာ္နယ္ဒိုကုို ရပ္တန္႔ႏုိင္ပါလိမ့္မယ္။” #ေရာ္နယ္ကုိးမန္း

နယ္သာလန္ လက္ေရြးစင္ အသင္းရဲ႕ နည္းျပ ျဖစ္သူ ေရာ္နယ္ကိုးမန္းက ဒီေန႔ညမွာ ကစားမယ့္ ေပၚတူဂီ အသင္းနဲ႔ နယ္သာလန္ အသင္းတုိ႔ရဲ႕ ေနးရွင္းလိဂ္ ၿပိဳင္ပြဲ ဗုိ္လ္လုပြဲမွာ သူ႔အသင္းရဲ႕ အဓိက ဗဟို ခံစစ္မွဴး ႏွစ္ေယာက္ ျဖစ္တ့ဲ ဒီလစ္ဂ္ နဲ႔ ဗန္ဒုိက္ခ်္တို႔ ႏွစ္ဦးဟာ ၿပိဳင္ဘက္ ေပၚတူဂီ အသင္းရဲ႕ အသင္း ေခါင္းေဆာင္ တုိက္စစ္မွဴး ေရာ္နယ္ဒိုကို ရပ္တန္႔ႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ဖြင့္ဟ ေျပာၾကားသြားခ့ဲပါတယ္။ နယ္သာလန္ အသင္းဟာ ၿပီးခ့ဲတ့ဲ ဆီမီးဖုိင္နယ္ အဆင့္မွာ နာမည္ႀကီး အဂၤလန္ လက္ေရြးစင္ အသင္းကို အခ်ိန္ပို ေရာက္တ့ဲ အထိ အႀကိတ္ အနယ္ ကစားခ့ဲရၿပီး ၃-၁ ဂုိးနဲ႔ အႏုိင္ရရွိကာ အခုလုိပဲ ဗုိလ္လုပြဲကို တက္ေရာက္ လာႏုိင္ ခ့ဲျခင္း ျဖစ္သလို တစ္ဖက္က ေပၚတူဂီ အသင္းကလည္း ေရာ္နယ္ဒိုရဲ႕ ေျခစြမ္းျပ ဟက္ထရစ္ သြင္းဂုိး နဲ႔အတူ ဆြစ္ဇာလန္ အသင္းကို ၃-၁ ဂုိးနဲ႔ အႏုိင္ရရွိကာ အခုလုိပဲ ဗုိလ္လုပြဲ အဆင့္ကုိ အသီးသီး တက္ေရာက္ လာႏုိင္ ခ့ဲၾက တာလည္း ျဖစ္ပါတယ္။

နယ္သာလန္ အသင္းရဲ႕ ဗဟို ခံစစ္မွဴး ႏွစ္ေယာက္ ျဖစ္တ့ဲ ဒီလစ္ဂ္ နဲ႔ ဗန္ဒိုက္ခ်္တုိ႔ ႏွစ္ဦးဟာ ၿပီးခ့ဲတ့ဲ ေဘာလံုး ရာသီ တစ္ေလွ်ာက္ သက္ဆုိင္ရာ ကလပ္ အသင္းမ်ားအတြက္ အေကာင္းဆံုး ေျခစြမ္းျပ ကစားႏုိင္ခ့ဲၾကၿပီး လတ္တေလာ ကမာၻ႕အေကာင္းဆံုး ဗဟို ခံစစ္ အတြဲ အျဖစ္လည္း ပရိသတ္ေတြက လက္ခံထားၾကပါတယ္။ ဒီလိုမ်ိဳး အေနအထားမွာ တစ္ဖက္က ကမာၻေက်ာ္ တုိက္စစ္မွဴး ျဖစ္တ့ဲ ေရာ္နယ္ဒုိနဲ႔ ဗိုလ္လုပြဲလို အဆင့္မ်ိဳးမွာ ထိပ္တိုက္ေတြ႕ဆံုရတာက ႏွစ္ဖက္လံုး အတြက္ ႀကီးမားတ့ဲ စမ္းသပ္မႈ တစ္ခု ျဖစ္ၿပီး နယ္သာလန္ နည္းျပ ေရာ္နယ္ကိုးမန္းကေတာ့ သူ႔ရဲ႕ ကစားသမားေတြ အေပၚ ယံုၾကည္ခ်က္ ရွိေၾကာင္း ဖြင့္ဟ ေျပာၾကား ခ့ဲတာ ျဖစ္ပါတယ္။

ေရာ္နယ္ကိုးမန္းက “ကြ်န္ေတာ္တို႔ ဆြစ္ဇာလန္ နဲ႔ ခ်စ္ၾကည္ေရးပြဲ ကစားခ့ဲဖူးၿပီး သိပ္ေတာ့ မၾကာေသးပါဘူး။ ဗန္ဒုိက္ခ်္ တစ္ေယာက္တည္း ေရာ္နယ္ဒိုကုိ ရပ္တန္႔ႏုိင္တာ မဟုတ္ပါဘူး။ ဒီလစ္ဂ္ကလည္း ေရာ္နယ္ဒိုကို အေကာင္းဆံုး ရပ္တန္႔ႏုိင္ခ့ဲဖူးပါတယ္။ (ၿပီးခ့ဲတ့ဲ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္တြင္ ဒီလစ္ဂ္ရဲ႕ ေအဂ်က္စ္ အသင္းက ေရာ္နယ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္ အသင္းကို ကြာတားဖိုင္နယ္ အဆင့္တြင္ ျဖဳတ္ခ်ခ့ဲဖူးသည္)  ဒါေပမယ့္ ေရာ္နယ္ဒိုကလည္း ေကာင္းမြန္တ့ဲ ခံစစ္ ကစားသမားေတြနဲ႔ ေတြ႕တ့ဲ အခ်ိန္မွာ တကယ္ကို ပုံစံေကာင္း ျပသႏုိင္တ့ဲ ကစားသမား တစ္ေယာက္ ျဖစ္ၿပီး ဒါက ေဘာလံုး ေလာကမွာ တကယ္ကို အေကာင္းဆံုး အစိတ္အပိုင္းေတြလုိ႔ ေျပာရမွာပါ။” ဟု ေျပာၾကားခ့ဲသလို

“ခင္ဗ်ား အေနနဲ႔ ေရာ္နယ္ဒိုနဲ႔ ေတြ႕ရင္ ဘာမွ လုပ္ႏိုင္မွာ မဟုတ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူ႔ရဲ႕ အရည္အေသြးပိုင္းက ေတာ္ေတာ္ေလး ျမင့္မားတ့ဲ အဆင့္အတန္း တစ္ခုမွာ ရွိေနလုိ႔ပါ။” ဟုလည္း ဖြင့္ဟ ေျပာၾကားသြားခ့ဲပါတယ္။ ဒါ့အျပင္ လီဗာပူး အသင္းရဲ႕ နယ္သာလန္ လက္ေရြးစင္ ကြင္းလယ္ ကစားသမား ျဖစ္သူ ဝုိင္နယ္ဒမ္းကလည္း ေရာ္နယ္ဒုိနဲ႔ ေတြ႕ဆံုရမယ့္ အေပၚ “သူ (ေရာ္နယ္ဒို) နဲ႔ရင္ဆုိင္ရမယ့္ အေပၚ ကြ်န္ေတာ္တို႔ အားလံုး ေပ်ာ္ရႊင္ေနပါတယ္။ ခင္ဗ်ား အေနနဲ႔လည္း ကမာၻ႕ အေကာင္းဆံုး ကစားသမားေတြနဲ႔ပဲ ရင္ဆုိင္ ခ်င္မွာ ျဖစ္ၿပီး ေရာ္နယ္ဒိုကို ရပ္တန္႔ႏုိင္ဖို႔ ဆုိတာ ကြ်န္ေတာ္တို႔ အတြက္ ႀကီးမားတ့ဲ စမ္းသပ္မႈ တစ္ခုပါပဲ။”

“ေရာ္နယ္ဒိုနဲ႔ ရင္ဆိုင္ ရမယ့္ ပြဲအတြက္ ကြ်န္ေတာ္တို႔ အားလံုး အာရံုစုိက္ထားတယ္ဆိုေပမယ့္ ေရာ္နယ္ဒို တစ္ေယာက္တည္းကိုပဲ ဂရုစုိက္ ေနရမွာ မဟုတ္ပါဘူး။ သူက အသင္းအေပၚ ႀကီးမားတ့ဲ လႊမ္းမိုးမႈ ရွိၿပီး ရပ္တန္႔ဖုိ႔ ခက္ခဲတ့ဲ ကစားသမားလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ေပၚတူဂီ အသင္းမွာ ပြဲအေျဖကို ေျပာင္းလဲႏိုင္စြမ္း ရွိတ့ဲ တျခား ကစားသမားေတြလည္း ရွိၿပီး ကြ်န္ေတာ္တို႔က အ့ဲဒီ ကစားသမားေတြကုိလည္း အသင္းလိုက္ အေနအထားအရ ရပ္တန္႔ႏိုင္ဖို႔ လုိအပ္ပါတယ္။” ဟု ဖြင့္ဟ ေျပာၾကားမႈမ်ား ျပဳလုပ္ သြားခ့ဲေၾကာင္း သိရွိ ရပါတယ္။

Unicode

နယ်သာလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်သူ ရော်နယ်ကိုးမန်းက ဒီနေ့ညမှာ ကစားမယ့် ပေါ်တူဂီ အသင်းနဲ့ နယ်သာလန် အသင်းတို့ရဲ့ နေးရှင်းလိဂ် ပြိုင်ပွဲ ဗိုလ်လုပွဲမှာ သူ့အသင်းရဲ့ အဓိက ဗဟို ခံစစ်မှူး နှစ်ယောက် ဖြစ်တဲ့ ဒီလစ်ဂ် နဲ့ ဗန်ဒိုက်ချ်တို့ နှစ်ဦးဟာ ပြိုင်ဘက် ပေါ်တူဂီ အသင်းရဲ့ အသင်း ခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်ဒိုကို ရပ်တန့်နိုင်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ နယ်သာလန် အသင်းဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ နာမည်ကြီး အင်္ဂလန် လက်ရွေးစင် အသင်းကို အချိန်ပို ရောက်တဲ့ အထိ အကြိတ် အနယ် ကစားခဲ့ရပြီး ၃-၁ ဂိုးနဲ့ အနိုင်ရရှိကာ အခုလိုပဲ ဗိုလ်လုပွဲကို တက်ရောက် လာနိုင် ခဲ့ခြင်း ဖြစ်သလို တစ်ဖက်က ပေါ်တူဂီ အသင်းကလည်း ရော်နယ်ဒိုရဲ့ ခြေစွမ်းပြ ဟက်ထရစ် သွင်းဂိုး နဲ့အတူ ဆွစ်ဇာလန် အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိကာ အခုလိုပဲ ဗိုလ်လုပွဲ အဆင့်ကို အသီးသီး တက်ရောက် လာနိုင် ခဲ့ကြ တာလည်း ဖြစ်ပါတယ်။

နယ်သာလန် အသင်းရဲ့ ဗဟို ခံစစ်မှူး နှစ်ယောက် ဖြစ်တဲ့ ဒီလစ်ဂ် နဲ့ ဗန်ဒိုက်ချ်တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တစ်လျှောက် သက်ဆိုင်ရာ ကလပ် အသင်းများအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ကြပြီး လတ်တလော ကမ္ဘာ့အကောင်းဆုံး ဗဟို ခံစစ် အတွဲ အဖြစ်လည်း ပရိသတ်တွေက လက်ခံထားကြပါတယ်။ ဒီလိုမျိုး အနေအထားမှာ တစ်ဖက်က ကမ္ဘာကျော် တိုက်စစ်မှူး ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဗိုလ်လုပွဲလို အဆင့်မျိုးမှာ ထိပ်တိုက်တွေ့ဆုံရတာက နှစ်ဖက်လုံး အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်ပြီး နယ်သာလန် နည်းပြ ရော်နယ်ကိုးမန်းကတော့ သူ့ရဲ့ ကစားသမားတွေ အပေါ် ယုံကြည်ချက် ရှိကြောင်း ဖွင့်ဟ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ကိုးမန်းက “ကျွန်တော်တို့ ဆွစ်ဇာလန် နဲ့ ချစ်ကြည်ရေးပွဲ ကစားခဲ့ဖူးပြီး သိပ်တော့ မကြာသေးပါဘူး။ ဗန်ဒိုက်ချ် တစ်ယောက်တည်း ရော်နယ်ဒိုကို ရပ်တန့်နိုင်တာ မဟုတ်ပါဘူး။ ဒီလစ်ဂ်ကလည်း ရော်နယ်ဒိုကို အကောင်းဆုံး ရပ်တန့်နိုင်ခဲ့ဖူးပါတယ်။ (ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ်တွင် ဒီလစ်ဂ်ရဲ့ အေဂျက်စ် အသင်းက ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ် အသင်းကို ကွာတားဖိုင်နယ် အဆင့်တွင် ဖြုတ်ချခဲ့ဖူးသည်)  ဒါပေမယ့် ရော်နယ်ဒိုကလည်း ကောင်းမွန်တဲ့ ခံစစ် ကစားသမားတွေနဲ့ တွေ့တဲ့ အချိန်မှာ တကယ်ကို ပုံစံကောင်း ပြသနိုင်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပြီး ဒါက ဘောလုံး လောကမှာ တကယ်ကို အကောင်းဆုံး အစိတ်အပိုင်းတွေလို့ ပြောရမှာပါ။” ဟု ပြောကြားခဲ့သလို

“ခင်ဗျား အနေနဲ့ ရော်နယ်ဒိုနဲ့ တွေ့ရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အရည်အသွေးပိုင်းက တော်တော်လေး မြင့်မားတဲ့ အဆင့်အတန်း တစ်ခုမှာ ရှိနေလို့ပါ။” ဟုလည်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူး အသင်းရဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ဖြစ်သူ ဝိုင်နယ်ဒမ်းကလည်း ရော်နယ်ဒိုနဲ့ တွေ့ဆုံရမယ့် အပေါ် “သူ (ရော်နယ်ဒို) နဲ့ရင်ဆိုင်ရမယ့် အပေါ် ကျွန်တော်တို့ အားလုံး ပျော်ရွှင်နေပါတယ်။ ခင်ဗျား အနေနဲ့လည်း ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေနဲ့ပဲ ရင်ဆိုင် ချင်မှာ ဖြစ်ပြီး ရော်နယ်ဒိုကို ရပ်တန့်နိုင်ဖို့ ဆိုတာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုပါပဲ။”

“ရော်နယ်ဒိုနဲ့ ရင်ဆိုင် ရမယ့် ပွဲအတွက် ကျွန်တော်တို့ အားလုံး အာရုံစိုက်ထားတယ်ဆိုပေမယ့် ရော်နယ်ဒို တစ်ယောက်တည်းကိုပဲ ဂရုစိုက် နေရမှာ မဟုတ်ပါဘူး။ သူက အသင်းအပေါ် ကြီးမားတဲ့ လွှမ်းမိုးမှု ရှိပြီး ရပ်တန့်ဖို့ ခက်ခဲတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီ အသင်းမှာ ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်း ရှိတဲ့ တခြား ကစားသမားတွေလည်း ရှိပြီး ကျွန်တော်တို့က အဲ့ဒီ ကစားသမားတွေကိုလည်း အသင်းလိုက် အနေအထားအရ ရပ်တန့်နိုင်ဖို့ လိုအပ်ပါတယ်။” ဟု ဖွင့်ဟ ပြောကြားမှုများ ပြုလုပ် သွားခဲ့ကြောင်း သိရှိ ရပါတယ်။