The Sun မှ အဆိုအရ လင်ဂတ်ရဲ့စာချုပ်သစ်ကြောင့် ၄င်းရဲ့  လစာမှာ တစ်ပတ် ပေါင် ၁ သိန်းမှ ၁ သိန်း ၃ သောင်းအထိ မြင့်တက်သွားဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
လက်ရှိတွင် လင်ဂတ်မှာ အင်္ဂလန်လက်ရွေးစင်အသင်း နှင့် ကစားနေပြီး ဟော်လန် နှင့် ကစားခဲ့သော ဆီမီးဖိုင်နယ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ၄င်းရဲ့ သွင်းဂိုးမှာ လူကျွံနေသောကြောင့် ဂိုးအဖြစ်သတ်မှတ်ခံရခြင်းမရှိခဲ့ပဲ နည်းပြဆောက်ဂိတ်ရဲ့  အင်္ဂလန်အသင်းမှာ ၃-၁ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရပါတယ်။
Unicode
အိုးထရက်ဖို့ဒ်ရဲ့ အဓိက ကစားသမားသမားကို စာချုပ်သက်တမ်းတိုးမည့် ဆိုးလ်ရှား
မန်ယူနိုက်တက်အသင်းသည် အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သော ဂျေဆီလင်ဂတ်ကို လစာတိုးပေးပြီး စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။လင်ဂတ်ရဲ့ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ် နွေတွင် ကုန်ဆုံးမည်ဖြစ်ပေမယ့်လည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသက် ၂၆ နှစ်အရွယ်ကစားသမားကို အိုးထရက်ဖို့ဒ်တွင် ကာလရှည် ဆက်ရှိနေစေရန် စိတ်အားထက်သန်နေလိုသောကြောင့်ဖြစ်ပါတယ်။
The Sun မှ အဆိုအရ လင်ဂတ်ရဲ့စာချုပ်သစ်ကြောင့် ၎င်းရဲ့  လစာမှာ တစ်ပတ် ပေါင် ၁ သိန်းမှ ၁ သိန်း ၃ သောင်းအထိ မြင့်တက်သွားဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အကယ်ဒမီ ထွက်ကစားသမားသည် ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၆၇ ပွဲကစားထားပြီး၂၉  ဂိုးသွင်းယူ၍ ၁၈ ဂိုးဖန်တီးထားပေးခဲ့ပါတယ်။
ဆိုးလ်ရှားက လင်ဂတ်မှာလာမည့် ဘောလုံးရာသီတွင် အရေးကြီးတဲ့ အခန်းကဏ္ဍတွင် ပါဝင်လာနိုင်ဖွယ်ရှိမယ်လို့ ယုံကြည်နေပါတယ်။
လင်ဂတ်သည် ယူနိုက်တက်နှင့် အက်ဖ်အေဖလား၊ ယူရိုပါလိဂ် နှင့် ကာရာဘောင်ဖလားတို့ကို ဆွတ်ခူးရရှိထားခဲ့ပြီး လာမည့်ရာသီတွင် အသင်းအတွက် အောင်မြင်မှုများ ထပ်မံရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမည်ဖြစ်ပါတယ။်
ပြီးခဲ့တဲ့ရာသီက လင်ဂတ်သည် ယူနိုက်တက်အတွက် ၄ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး လာမည့် သြဂုတ်လတွင် စတင်ကစားမည့် ရာသီသစ်တွင် ယခုထက်ပိုပြီး ခြေစွမ်းပြနိုင်ဖွယ်ရှိနေပါတယ်။
လက်ရှိတွင် လင်ဂတ်မှာ အင်္ဂလန်လက်ရွေးစင်အသင်း နှင့် ကစားနေပြီး ဟော်လန် နှင့် ကစားခဲ့သော ဆီမီးဖိုင်နယ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ၎င်းရဲ့ သွင်းဂိုးမှာ လူကျွံနေသောကြောင့် ဂိုးအဖြစ်သတ်မှတ်ခံရခြင်းမရှိခဲ့ပဲ နည်းပြဆောက်ဂိတ်ရဲ့  အင်္ဂလန်အသင်းမှာ ၃-၁ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရပါတယ်။