ေရာ္နယ္ဒိုတစ္ေယာက္ ဘယ္ေလာက္အထိ ႏုိင္လုိစိတ္ျပင္းထန္လဲေျပာျပသြားတ့ဲ မာတီြဒီ

ဂ်ဴဗင္တပ္စ္ အသင္းရဲ႕ ျပင္သစ္ လက္ေရြးစင္ ကြင္းလယ္ ကစားသမား မာတီြဒီက သူ႔ရဲ႕ ကလပ္ အသင္းေဖာ္ ေရာ္နယ္ဒုိ တစ္ေယာက္ ဘယ္ေလာက္ အထိ ႏိုင္လိုစိတ္ စိတ္ဓာတ္ ျပင္းထန္လဲ ဆိုတဲ့ အေၾကာင္းကို ထုတ္ေဖာ္ ေျပာၾကား သြားခ့ဲ ေၾကာင္း သိရွိ ရပါတယ္။ အသက္ (၃၄) ႏွစ္ အရြယ္ အဆုိပါ ေပၚတူဂီ လက္ေရြးစင္ အသင္း ေခါင္းေဆာင္ တိုက္စစ္မွဴးႀကီး ေရာ္နယ္ဒိုဟာ ေလ့က်င့္ခန္း အစီအစဥ္ေတြမွာေတာင္ ႏုိင္ပြဲ မရရွိပါက ေဒါသ ေပါက္ကြဲတ့ဲ အထိ ႏုိင္လုိစိတ္ ျပင္းထန္တ့ဲ ကစားသမား တစ္ဦး ျဖစ္ေၾကာင္း မာတြီဒီက မီဒီယာမ်ားထံ ေဖာက္သည္ ခ်သြားခ့ဲျခင္း ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ၿပီးခ့ဲတ့ဲ ေႏြရာသီ အေျပာင္း အေရႊ႕မွာ ရီးရဲယ္မက္ဒရစ္ အသင္းကေန ဂ်ဴဗင္တပ္စ္ အသင္းကုိ ကလပ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ျဖစ္တ့ဲ ေပါင္ (၁၀၅) သန္းနဲ႔ ေျပာင္းေရႊ႕ ေရာက္ရွိ လာခ့ဲတာ ျဖစ္ၿပီး တိုရီႏို အသင္း နဲ႔ ကစားခ့ဲတ့ဲ စီးရီးေအ ပြဲစဥ္ တစ္ခုမွာ အသင္း အတြက္ ေခါင္းတုိက္ သြင္းဂိုး တစ္ဂုိး သြင္းယူ ေပးၿပီးေနာက္ သူ႔ရဲ႕ ကစားသမား ဘဝ တစ္ေလွ်ာက္ ေခါင္းတိုက္ သြင္းဂိုး (၁၀၀) ျပည့္ေျမာက္ ခ့ဲၿပီး ျဖစ္တ့ဲ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္။ ဒ့ါအျပင္ ေရာ္နယ္ဒိုဟာ အသင္းရဲ႕ ၿပိဳင္ပြဲစံု သြင္းဂိုး အမ်ားဆံုး နဲ႔ ဂိုးဖန္တီးမႈ အမ်ားဆံုး ကစားသမား တစ္ဦး ျဖစ္ခ့ဲၿပီး စီးရီးေအရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကုိ ရရွိခ့ဲ ပါတယ္။

အဆုိပါ ဆုကုိ ဆြတ္ခူး ႏိုင္ခ့ဲတ့ဲ ေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္၊ လာလီဂါ နဲ႔ အီတလီ စီးရီးေအ မတူညီတ့ဲ လိဂ္ (၃) ခုမွာ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမား ဆုကို ရယူ ႏုိင္ခ့ဲတ့ဲ ပထမဆံုး ကစားသမား တစ္ဦး အျဖစ္လည္း မွတ္တမ္း ဝင္ခ့ဲပါတယ္။ ဒီလိုမ်ိုး ေရာ္နယ္ဒို နဲ႔ ပတ္သက္ၿပီး ဂ်ဴဗင္တပ္စ္ အသင္းေဖာ္ မာတြီဒီက “ေရာ္နယ္ဒို ေရာက္ရွိ လာၿပီး သူ႔ရဲ႕ ေန႔တဓူဝ ေလ့က်င့္ခန္း ေတြကုိ ၾကည့္ရတာက ခင္ဗ်ား အတြက္ သင္ယူ စရာေတြ အမ်ားႀကီး ရမယ္ ဆုိတာ ကြ်န္ေတာ္ ေျပာႏုိင္ပါတယ္။ သူက အရာ အားလံုးကုိ အႏုိင္ယူခ်င္တ့ဲ ကစားသမားမ်ိဳးပါ။”

“ခင္ဗ်ားသာ အရာ အားလံုးကုိ အႏုိင္ရၿပီးရင္ ကုိယ့္ကုိကိုယ္ ဘာေျပာျဖစ္မယ္ထင္လဲ? လူေတြရဲ႕ တံု႔ျပန္မႈက ခင္ဗ်ားဆီ ေရာက္လာၿပီး ခင္ဗ်ားက ပို္က္ဆံ ဘယ္ေလာက္ ထပ္ရွာ ရမလဲ စဥ္းစားပါလိမ့္မယ္။ ဒါေပမ့ဲ ေရာ္နယ္ဒုိကေတာ့ မဟုတ္ပါဘူး။ သူက အၿမဲတမ္း အခုထက္ ျမင့္တ့ဲ ေနရာ ကို တက္လွမ္းခ်င္ေနတာပါ။ ေလ့က်င့္ေရးကြင္းမွာလည္း သူက အၿမဲတမ္း အႏုိင္ ရခ်င္တ့ဲ ကစားသမားမ်ိဳးပါ။ ေလ့က်င့္ေရးကြင္းမွာ သူ႔ အသင္းက ရံႈးနိမ့္ခ့ဲရင္ သူက မေပ်ာ္ႏုိင္ေတာ့ဘဲ သူ ေဒါသထြက္တာလည္း ဟန္ေဆာင္တာ မဟုတ္ဘူးဆုိတာ ကြ်န္ေတာ္ ေျပာႏုိင္ပါတယ္။” ဟုဖြင့္ဟ ေျပာၾကားမႈမ်ား ျပဳလုပ္ သြားခ့ဲပါတယ္။

လက္ရွိ အခ်ိန္မွာေတာ့ ကလပ္ အသင္းေတြရဲ႕ ေဘာလံုး ရာသီ က ၿပီးဆုံုးခ့ဲၿပီ ျဖစ္ၿပီး ေရာ္နယ္ဒုိကလည္း သူ႔ရဲ႕ မိခင္ ႏုိင္ငံ အသင္းျဖစ္တ့ဲ ေပၚတူဂီ အသင္းနဲ႔ အတူ ေနးရွင္းလိဂ္ ပြဲစဥ္မ်ား အတြက္ ပူးေပါင္း ေလ့က်င့္လ်က္ ရွိပါတယ္။ အဆုိပါ ၿပိဳင္ပြဲရဲ႕ ဆီမီးဖို္င္နယ္ အျဖစ္ ဆြစ္ဇာလန္ အသင္းနဲ႔ ကစားခ့ဲရတ့ဲ ပြဲစဥ္မွာလည္း ေရာ္နယ္ဒုိက ဟက္ထရစ္ သြင္းယူ ႏိုင္ခ့ဲၿပီး ေပၚတူဂီ အသင္းကုိ ဗုိလ္လုပြဲ အဆင့္ အထိ ပို႔ေဆာင္ ေပးႏုိင္ခ့ဲပါတယ္။ ေပၚတူဂီ အသင္းဟာ ေနးရွင္းလိဂ္ ဗိုလ္လုပြဲ အျဖစ္ တစ္ဖက္မွာ အဂၤလန္ အသင္းကုိ အႏုိင္ယူလာတ့ဲ နယ္သာလန္ အသင္းနဲ႔ ဒီေန႔ညမွာ ရင္ဆုိင္ ကစား သြားမွာ ျဖစ္ေၾကာင္းလည္း သိရွိ ရပါတယ္။

Unicode

ဂျူဗင်တပ်စ် အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ် ကစားသမား မာတွီဒီက သူ့ရဲ့ ကလပ် အသင်းဖော် ရော်နယ်ဒို တစ်ယောက် ဘယ်လောက် အထိ နိုင်လိုစိတ် စိတ်ဓာတ် ပြင်းထန်လဲ ဆိုတဲ့ အကြောင်းကို ထုတ်ဖော် ပြောကြား သွားခဲ့ ကြောင်း သိရှိ ရပါတယ်။ အသက် (၃၄) နှစ် အရွယ် အဆိုပါ ပေါ်တူဂီ လက်ရွေးစင် အသင်း ခေါင်းဆောင် တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ လေ့ကျင့်ခန်း အစီအစဉ်တွေမှာတောင် နိုင်ပွဲ မရရှိပါက ဒေါသ ပေါက်ကွဲတဲ့ အထိ နိုင်လိုစိတ် ပြင်းထန်တဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း မာတွီဒီက မီဒီယာများထံ ဖောက်သည် ချသွားခဲ့ခြင်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွှေ့မှာ ရီးရဲယ်မက်ဒရစ် အသင်းကနေ ဂျူဗင်တပ်စ် အသင်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် (၁၀၅) သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး တိုရီနို အသင်း နဲ့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် တစ်ခုမှာ အသင်း အတွက် ခေါင်းတိုက် သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးပြီးနောက် သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက် ခေါင်းတိုက် သွင်းဂိုး (၁၀၀) ပြည့်မြောက် ခဲ့ပြီး ဖြစ်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒ့ါအပြင် ရော်နယ်ဒိုဟာ အသင်းရဲ့ ပြိုင်ပွဲစုံ သွင်းဂိုး အများဆုံး နဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ ပါတယ်။

အဆိုပါ ဆုကို ဆွတ်ခူး နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်၊ လာလီဂါ နဲ့ အီတလီ စီးရီးအေ မတူညီတဲ့ လိဂ် (၃) ခုမှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ရယူ နိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား တစ်ဦး အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဒီလိုမျိုး ရော်နယ်ဒို နဲ့ ပတ်သက်ပြီး ဂျူဗင်တပ်စ် အသင်းဖော် မာတွီဒီက “ရော်နယ်ဒို ရောက်ရှိ လာပြီး သူ့ရဲ့ နေ့တဓူဝ လေ့ကျင့်ခန်း တွေကို ကြည့်ရတာက ခင်ဗျား အတွက် သင်ယူ စရာတွေ အများကြီး ရမယ် ဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်။ သူက အရာ အားလုံးကို အနိုင်ယူချင်တဲ့ ကစားသမားမျိုးပါ။”

“ခင်ဗျားသာ အရာ အားလုံးကို အနိုင်ရပြီးရင် ကိုယ့်ကိုကိုယ် ဘာပြောဖြစ်မယ်ထင်လဲ? လူတွေရဲ့ တုံ့ပြန်မှုက ခင်ဗျားဆီ ရောက်လာပြီး ခင်ဗျားက ပိုက်ဆံ ဘယ်လောက် ထပ်ရှာ ရမလဲ စဉ်းစားပါလိမ့်မယ်။ ဒါပေမဲ့ ရော်နယ်ဒိုကတော့ မဟုတ်ပါဘူး။ သူက အမြဲတမ်း အခုထက် မြင့်တဲ့ နေရာ ကို တက်လှမ်းချင်နေတာပါ။ လေ့ကျင့်ရေးကွင်းမှာလည်း သူက အမြဲတမ်း အနိုင် ရချင်တဲ့ ကစားသမားမျိုးပါ။ လေ့ကျင့်ရေးကွင်းမှာ သူ့ အသင်းက ရှုံးနိမ့်ခဲ့ရင် သူက မပျော်နိုင်တော့ဘဲ သူ ဒေါသထွက်တာလည်း ဟန်ဆောင်တာ မဟုတ်ဘူးဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်။” ဟုဖွင့်ဟ ပြောကြားမှုများ ပြုလုပ် သွားခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ ကလပ် အသင်းတွေရဲ့ ဘောလုံး ရာသီ က ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး ရော်နယ်ဒိုကလည်း သူ့ရဲ့ မိခင် နိုင်ငံ အသင်းဖြစ်တဲ့ ပေါ်တူဂီ အသင်းနဲ့ အတူ နေးရှင်းလိဂ် ပွဲစဉ်များ အတွက် ပူးပေါင်း လေ့ကျင့်လျက် ရှိပါတယ်။ အဆိုပါ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဖြစ် ဆွစ်ဇာလန် အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာလည်း ရော်နယ်ဒိုက ဟက်ထရစ် သွင်းယူ နိုင်ခဲ့ပြီး ပေါ်တူဂီ အသင်းကို ဗိုလ်လုပွဲ အဆင့် အထိ ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီ အသင်းဟာ နေးရှင်းလိဂ် ဗိုလ်လုပွဲ အဖြစ် တစ်ဖက်မှာ အင်္ဂလန် အသင်းကို အနိုင်ယူလာတဲ့ နယ်သာလန် အသင်းနဲ့ ဒီနေ့ညမှာ ရင်ဆိုင် ကစား သွားမှာ ဖြစ်ကြောင်းလည်း သိရှိ ရပါတယ်။