ေနာက္ဆံုးရအေျပာင္းအေရႊ႕ သတင္းမ်ားနဲ႔အတူ အျခားေသာ စိတ္ဝင္စားဖြယ္ရာ ေန႔လယ္ခင္းသတင္းမ်ား …….

ယူႏိုက္တက္ အသင္းဟာ ခရစၥတယ္ပဲေလ့စ္ အသင္းရဲ႕ ညာေနာက္ခံလူ ဝမ္ဘစ္ဆာကာကို ေခၚယူဖုိ႔ ကမ္းလွမ္းလိုက္ၿပီ ျဖစ္ေၾကာင္း သိရွိ ရပါတယ္။ အဆုိပါ အဂၤလန္ ယူ- ၂၁ ေနာက္ခံလူ အတြက္ ယူႏုိက္တက္ အသင္းက အနည္းဆံုး ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၅၀) အသံုးျပဳရမည္ ျဖစ္ကာ အသင္းက ထြက္ခြာခ့ဲၿပီ ျဖစ္တ့ဲ ေနာက္ခံလူ ဗလင္စီယာရဲ႕ ေနရာမွာ ေရရွည္ အစားထုိးဖို႔ ျပင္ဆင္ ေနတာလည္း ျဖစ္ပါတယ္။

မားသားဝဲလ္ အသင္းရဲ႕ ကြင္းလယ္ ကစားသမား ျဖစ္သူ ေဒးဗစ္တန္ဘူးလ္ကို ေခၚယူရန္ ပရီးမီးယားလိဂ္ ကလပ္ ဘုန္းေမာက္ အသင္းက ဦးေဆာင္ လ်က္ ရွိေၾကာင္း သိရွိ ရပါတယ္။ အဆုိပါ ကစားသမားကို ေခၚယူဖုိ႔ ဆဲလ္တစ္၊ ဒါဘီ၊ ဝီဂန္ နဲ႔ ဘရစၥတုိးလ္ အသင္းတုိ႔က စိတ္ဝင္စားလ်က္ ရွိေၾကာင္းလည္း သိရွိရပါတယ္။

ေမဂ်ာလိဂ္ အသင္းသစ္အင္တာမုိင္ယာမီ အသင္းပုိင္ရွင္ ေဒးဗစ္ ဘက္ခမ္းဟာ ယူႏုိက္တက္ အသင္းရဲ႕ ညာေနာက္ခံလူေဟာင္း အန္တိုနီယုိဗလင္စီယာကို ေခၚယူဖို႔ ျပင္ဆင္ ေနေၾကာင္း သိရွိ ရပါတယ္။ အသက္ (၃၃) ႏွစ္ အရြယ္ အဆုိပါ ကစားသမားဟာ ၿပီးခ့ဲတ့ဲ ရက္သတၱပတ္ အတြင္းက ယူႏုိက္တက္ အသင္းနဲ႔ စာခ်ဳပ္ သက္တမ္း ကုန္ဆံုးခ့ဲၿပီ ျဖစ္ၿပီး လက္ရွိ အခ်ိန္မွာေတာ့ ေမဂ်ာလိဂ္္ ကလပ္ အသင္း တစ္သင္းကုိ ေျပာင္းေရႊ႕ဖုိ႔ ပစ္မွတ္ ထားေနေၾကာင္း သိရွိ ရပါတယ္။

အဂၤလန္ လက္ေရြးစင္ နည္းျပ ေဆာက္ဂိတ္က ခ်ဲလ္ဆီး အသင္း နည္းျပ ရာထူး အတြက္ သတင္းမ်ား ထြက္ေပၚေနျခင္း အေပၚ ျငင္းဆန္ ေျပာၾကားမႈမ်ား ျပဳလုပ္ သြားခ့ဲေၾကာင္း သိရွိ ရပါတယ္။ ခ်ဲလ္ဆီး အသင္းဟာ အသင္းရဲ႕ နည္းျပ ျဖစ္သူ ဆာရီကို ဂ်ဴဗင္တပ္စ္ အသင္းထံ ေျပာင္းေရႊ႕ခြင့္ ေပးေတာ့မွာ ျဖစ္ၿပီး လက္ရွိ အခ်ိန္မွာေတာ့ နည္းျပသစ္ ျပန္လည္ ရွာေဖြ ေနၿပီလည္း ျဖစ္ပါတယ္။

ခ်ဲလ္ဆီး အသင္းဟာ ေလဗာကူဆင္ အသင္းရဲ႕ ေတာင္ပံ ကစားသမားျဖစ္သူ လီယြန္ေဘလီကို ေခၚယူဖို႔ အတြက္ ျပန္လည္ စိတ္ဝင္စားလာေၾကာင္း သိရွိ ရပါတယ္။ အသက္ (၂၁) ႏွစ္ အရြယ္ အဆုိပါ ကစားသမား အတြက္ ေလဗာကူဆင္ အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၈၀) သတ္မွတ္ထားၿပီး ခ်ဲလ္ဆီး အသင္းကေတာ့ ဟာဇက္ရဲ႕ ေနရာ အစားထိုးဖို႔ လီယြန္ေဘလီကို စိတ္ဝင္စားလာျခင္း ျဖစ္ပါတယ္။

မန္စီးတီး အသင္းဟာ လက္စတာ အသင္းရဲ႕ ဗဟို ေနာက္ခံလူ ျဖစ္သူ မက္ဂြိဳင္းရားကုိ ေခၚယူဖုိ႔ စိတ္ဝင္စားေနေပမယ့္ ကစားသမား အတြက္ လက္စတာ အသင္း ေတာင္းဆုိတ့ဲ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၉၀) ကုိ ေပးေခ်ဖုိ႔ ဆႏၵ မရွိေၾကာင္း သိရွိ ရပါတယ္။ အဆုိပါ ကစားသမားကုိ ေခၚယူဖုိ႔ ယူႏုိက္တက္ အသင္းက ၿပီးခ့ဲတ့ဲ ေႏြရာသီတည္းက စိတ္ဝင္စားခ့ဲျခင္း ျဖစ္ၿပီး လက္စတာ အသင္းဘက္မွ ေနာက္ခံလူ တစ္ေယာက္ အတြက္ ကမာၻ႕စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးကုိ ေတာင္းဆုိေနခ့ဲတာလည္း ျဖစ္ပါတယ္။

ယူႏုိက္တက္ အသင္း နဲ႔ ခ်ဲလ္ဆီး အသင္း နည္းျပေဟာင္း ေမာ္ရင္ဟုိက နယူးကာဆယ္ အသင္းဘက္ကသာ နည္းျပသစ္ ေနရာ အတြက္ ကမ္းလွမ္းလာပါက ေဆြးေႏြး သြားမွာ ျဖစ္ေၾကာင္း သိရွိ ရပါတယ္။ နယူးကာဆယ္ အသင္းဟာ လက္ရွိ အခ်ိန္မွာ အသင္းပိုင္ရွင္ အေျပာင္းအလဲ ျပဳလုပ္ဖို႔ ရွိေနၿပီး လက္ရွိ နည္းျပ ဘင္နီတက္ဇ္ရဲ႕ ေနရာမွာ ေမာ္ရင္ဟုိနဲ႔ အစားထုိးဖုိ႔ ျပင္ဆင္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ ရွိပါတယ္။

အာဆင္နယ္ နဲ႔ အဲဗာတန္ အသင္းတုိ႔ဟာ ဂီတာေဖး အသင္းရဲ႕ ေနာက္ခံလူ ဒါကိုနမ္ကို ေခၚယူဖုိ႔ အၿပိဳင္အဆုိင္ ႀကိဳးစားေနၾကတယ္လုိ႔ သတင္းမ်ားက ေဖာ္ျပခ့ဲပါတယ္။ အသက္ (၂၇) ႏွစ္ အရြယ္ အဆိုပါ ကစားသမားဟာ ဂီတာေဖး အသင္းနဲ႔ စာခ်ဳပ္ သက္တမ္း (၄) ႏွစ္ က်န္ရွိေသးၿပီး ဂီတာေဖး အသင္းနဲ႔ ဒါကိုနမ္ အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို (၃၅) သန္း ေတာင္းဆုိဖြယ္  ရွိေနပါတယ္။

Unicode

ယူနိုက်တက် အသင်းဟာ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကို ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။ အဆိုပါ အင်္ဂလန် ယူ- ၂၁ နောက်ခံလူ အတွက် ယူနိုက်တက် အသင်းက အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) အသုံးပြုရမည် ဖြစ်ကာ အသင်းက ထွက်ခွာခဲ့ပြီ ဖြစ်တဲ့ နောက်ခံလူ ဗလင်စီယာရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ ပြင်ဆင် နေတာလည်း ဖြစ်ပါတယ်။

မားသားဝဲလ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဒေးဗစ်တန်ဘူးလ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက် အသင်းက ဦးဆောင် လျက် ရှိကြောင်း သိရှိ ရပါတယ်။ အဆိုပါ ကစားသမားကို ခေါ်ယူဖို့ ဆဲလ်တစ်၊ ဒါဘီ၊ ဝီဂန် နဲ့ ဘရစ္စတိုးလ် အသင်းတို့က စိတ်ဝင်စားလျက် ရှိကြောင်းလည်း သိရှိရပါတယ်။

မေဂျာလိဂ် အသင်းသစ်အင်တာမိုင်ယာမီ အသင်းပိုင်ရှင် ဒေးဗစ် ဘက်ခမ်းဟာ ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူဟောင်း အန်တိုနီယိုဗလင်စီယာကို ခေါ်ယူဖို့ ပြင်ဆင် နေကြောင်း သိရှိ ရပါတယ်။ အသက် (၃၃) နှစ် အရွယ် အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ မေဂျာလိဂ် ကလပ် အသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ ပစ်မှတ် ထားနေကြောင်း သိရှိ ရပါတယ်။
အင်္ဂလန် လက်ရွေးစင် နည်းပြ ဆောက်ဂိတ်က ချဲလ်ဆီး အသင်း နည်းပြ ရာထူး အတွက် သတင်းများ ထွက်ပေါ်နေခြင်း အပေါ် ငြင်းဆန် ပြောကြားမှုများ ပြုလုပ် သွားခဲ့ကြောင်း သိရှိ ရပါတယ်။ ချဲလ်ဆီး အသင်းဟာ အသင်းရဲ့ နည်းပြ ဖြစ်သူ ဆာရီကို ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့ခွင့် ပေးတော့မှာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ နည်းပြသစ် ပြန်လည် ရှာဖွေ နေပြီလည်း ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းဟာ လေဗာကူဆင် အသင်းရဲ့ တောင်ပံ ကစားသမားဖြစ်သူ လီယွန်ဘေလီကို ခေါ်ယူဖို့ အတွက် ပြန်လည် စိတ်ဝင်စားလာကြောင်း သိရှိ ရပါတယ်။ အသက် (၂၁) နှစ် အရွယ် အဆိုပါ ကစားသမား အတွက် လေဗာကူဆင် အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) သတ်မှတ်ထားပြီး ချဲလ်ဆီး အသင်းကတော့ ဟာဇက်ရဲ့ နေရာ အစားထိုးဖို့ လီယွန်ဘေလီကို စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ လက်စတာ အသင်းရဲ့ ဗဟို နောက်ခံလူ ဖြစ်သူ မက်ဂွိုင်းရားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမား အတွက် လက်စတာ အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၉၀) ကို ပေးချေဖို့ ဆန္ဒ မရှိကြောင်း သိရှိ ရပါတယ်။ အဆိုပါ ကစားသမားကို ခေါ်ယူဖို့ ယူနိုက်တက် အသင်းက ပြီးခဲ့တဲ့ နွေရာသီတည်းက စိတ်ဝင်စားခဲ့ခြင်း ဖြစ်ပြီး လက်စတာ အသင်းဘက်မှ နောက်ခံလူ တစ်ယောက် အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးကို တောင်းဆိုနေခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် အသင်း နဲ့ ချဲလ်ဆီး အသင်း နည်းပြဟောင်း မော်ရင်ဟိုက နယူးကာဆယ် အသင်းဘက်ကသာ နည်းပြသစ် နေရာ အတွက် ကမ်းလှမ်းလာပါက ဆွေးနွေး သွားမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ နယူးကာဆယ် အသင်းဟာ လက်ရှိ အချိန်မှာ အသင်းပိုင်ရှင် အပြောင်းအလဲ ပြုလုပ်ဖို့ ရှိနေပြီး လက်ရှိ နည်းပြ ဘင်နီတက်ဇ်ရဲ့ နေရာမှာ မော်ရင်ဟိုနဲ့ အစားထိုးဖို့ ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိပါတယ်။

အာဆင်နယ် နဲ့ အဲဗာတန် အသင်းတို့ဟာ ဂီတာဖေး အသင်းရဲ့ နောက်ခံလူ ဒါကိုနမ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် (၂၇) နှစ် အရွယ် အဆိုပါ ကစားသမားဟာ ဂီတာဖေး အသင်းနဲ့ စာချုပ် သက်တမ်း (၄) နှစ် ကျန်ရှိသေးပြီး ဂီတာဖေး အသင်းနဲ့ ဒါကိုနမ် အတွက် ပြောင်းရွှေ့ကြေး ယူရို (၃၅) သန်း တောင်းဆိုဖွယ်  ရှိနေပါတယ်။