မက္ဆီအတြက္ ကိုုပါအေမရိက ဖလားကိုု ရယူေပးမည္ဟုု အဂူရိုု ၾကံဳး၀ါး

အာဂ်င္တီးနားအသင္းတိုုက္စစ္မွဴး အဂူရိုုက လက္ေရြးစင္အဆင့္တြင္ အသင္းေဖာ္တိုုက္စစ္မွဴး မက္ဆီ ဆုုဖလားကိုုင္ေျမွာက္ႏိုုင္ေရးအတြက္ ယခုုႏွစ္ကိုုပါအေမရိကဖလားျပိဳင္ပြဲတြင္ ခ်န္ပီယံျဖစ္လိုုေၾကာင္း ေျပာၾကားလိုုက္ပါတယ္။ ေဘာလြန္းဒီေအာဆုု ၅ ၾကိမ္ပိုုင္ဆိုုင္ထားေသာ မက္ဆီသည္ အာဂ်င္တီးနားအသင္းအတြက္ စုုစုုေပါင္း ၆၇ ဂိုုးအထိ သြင္းယူေပးထားေသာ္လည္း မိခင္ႏိုုင္ငံအတြက္ ယူ-၂၀ ကမာၻ႕ဖလား ႏွင့္ အိုုလံပစ္ဆုုဖလားမ်ားသာ ရယူေပးထားႏိုုင္ျပီး ယခုုအခ်ိန္အထိ လက္ေရြးစင္အသင္းႏွင့္ အတူ ပထမဆံုုးအၾကိမ္ ဆုုဖလား ကိုုင္ေျမာက္ခြင့္ရရန္ ၾကိဳးစားေနရဆဲျဖစ္ပါတယ္။

မက္ဆီသည္ ႏိုုင္ငံတကာအဆင့္ ဗိုုလ္လုုပြဲမ်ားတြင္ ၄ ၾကိမ္အထိ ရႈံးနိမ့္ထားျပီး ၂၀၁၄ ကမာၻ႕ဖလား ျပိဳင္ပြဲႏွင့္ ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆ ကိုုပါအေမရိက ဖလားျပိဳင္ပြဲမ်ားျဖစ္ပါတယ္။ အဂူရိုုက ၄င္းရဲ႕ သူငယ္ခ်င္းျဖစ္သူအတြက္ ဆုုဖလား ရယူေပးလိုုေနျခင္းျဖစ္ေသာေၾကာင့္ “ကၽြန္ေတာ့္အေနနဲ႔ ကိုုယ့္ကိုုယ္ကိုုယ္ထက္ မက္ဆီအတြက္ ပိုုျပီး စိတ္ပူ၊ စိတ္ေစာေနတာပါ။ တစ္ေန႔မွာေတာ့ ျဖစ္လာဖိုု႔ ေမ ွ်ာ္လင့္မိပါတယ္။ အာဂ်င္တီးနား နဲ႔ အတူ ဆုုဖလားရရွိေရးက သူ႔ရဲ႕အိမ္မက္ျဖစ္သလိုု အားလံုုးရဲ႕ အိပ္မက္လည္း ျဖစ္ပါတယ္။ ကၽြန္ေတာ္လည္း သူ႔အတြက္ ကိုုပါအေမရိကဖလားျပိဳင္ပြဲမွာ ေအာင္ျမင္မႈရဖိုု႔ အစြမ္းကုုန္ၾကိဳးစားသြားမွာပါ။

“လက္ေရြးစင္အသင္းနဲ႔ အတူ သူခံစားေနရတာ အေတာ္ၾကာေနပါျပီ။ ကၽြန္ေတာ္လည္း ထိုုနည္းတူပါပဲ။ သူဘာလုုပ္ျပႏိုုင္သလဲဆိုုတာကိုုလည္း ကၽြန္ေတာ္တိုု႔ အားလံုုးသိပါတယ္” ဟုု မန္စီးတီး တိုုက္စစ္မွဴး အဂူရိုု ေျပာဆိုုခဲ့ပါတယ္။ မက္ဆီသည္ နီကာရာဂြါ အသင္းႏွင့္ ေျခစြမ္းပြဲတြင္ ၂ ဂိုုးသြင္းထားႏိုုင္ခဲ့ပါတယ္။

Unicode

မက်ဆီအတွက် ကိုပါအမေရိကဖလားကို ရယူပေးမည်ဟု အဂူရို ကြုံးဝါး

အာဂျင်တီးနားအသင်းတိုက်စစ်မှူး အဂူရိုက လက်ရွေးစင်အဆင့်တွင် အသင်းဖော်တိုက်စစ်မှူး မက်ဆီ ဆုဖလားကိုင်မြှောက်နိုင်ရေးအတွက် ယခုနှစ်ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်လိုကြောင်း ပြောကြားလိုက်ပါတယ်။ ဘောလွန်းဒီအောဆု ၅ ကြိမ်ပိုင်ဆိုင်ထားသော မက်ဆီသည် အာဂျင်တီးနားအသင်းအတွက် စုစုပေါင်း ၆၇ ဂိုးအထိ သွင်းယူပေးထားသော်လည်း မိခင်နိုင်ငံအတွက် ယူ-၂၀ ကမ္ဘာ့ဖလား နှင့် အိုလံပစ်ဆုဖလားများသာ ရယူပေးထားနိုင်ပြီး ယခုအချိန်အထိ လက်ရွေးစင်အသင်းနှင်အတူ ပထမဆုံးအကြိမ် ဆုဖလား ကိုင်မြောက်ခွင့်ရရန် ကြိုးစားနေရဆဲဖြစ်ပါတယ်။

မက်ဆီသည် နိုင်ငံတကာအဆင့် ဗိုလ်လုပွဲများတွင် ၄ ကြိမ်အထိ ရှုံးနိမ့်ထားပြီး ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိက ဖလားပြိုင်ပွဲများဖြစ်ပါတယ်။ အဂူရိုက ၎င်းရဲ့ သူငယ်ချင်းဖြစ်သူအတွက် ဆုဖလား ရယူပေးလိုနေခြင်းဖြစ်သောကြောင့် “ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ထက် မက်ဆီအတွက် ပိုပြီး စိတ်ပူ၊ စိတ်စောနေတာပါ။ တစ်နေ့မှာတော့ ဖြစ်လာဖို့ မေ ျှာ်လင့်မိပါတယ်။ အာဂျင်တီးနား နဲ့ အတူ ဆုဖလားရရှိရေးက သူ့ရဲ့အိမ်မက်ဖြစ်သလို အားလုံးရဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။ ကျွန်တော်လည်း သူ့အတွက် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။

“လက်ရွေးစင်အသင်းနဲ့ အတူ သူခံစားနေရတာ အတော်ကြာနေပါပြီ။ ကျွန်တော်လည်း ထိုနည်းတူပါပဲ။ သူဘာလုပ်ပြနိုင်သလဲဆိုတာကိုလည်း ကျွန်တော်တို့ အားလုံးသိပါတယ်” ဟု မန်စီးတီး တိုက်စစ်မှူး အဂူရို ပြောဆိုခဲ့ပါတယ်။ မက်ဆီသည် နီကာရာဂွါ အသင်းနှင့် ခြေစွမ်းပွဲတွင် ၂ ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။