ဒဏ္ရာေၾကာင့္ ၄ ပတ္အထိ အနားယူရမည့္ ဘရာဇီးတိုက္စစ္မွဴး ေနမာ

ပီအက္စ္ဂ်ီ အသင္းသည္ ႏိုင္ငံလက္ေရြးစင္ပြဲမ်ား သြားေရာက္ကစားခဲ့ေသာ ဘရာဇီးတိုက္စစ္မွဴး ေနမာရဲ႕ ဒဏ္ရာမွာ ေလးပတ္အတြင္း သက္သာေပ်ာက္ကင္းလာႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ေနမာသည္ ကာတာအသင္းအား ၂-၀ ျဖင့္ အႏိုင္ရခဲ့ေသာပြဲစဥ္တြင္ ညာေျခေထာက္ ေျခက်င္း၀တ္ ဒဏ္ရာ ရရွိခဲ့ျခင္းေၾကာင့္ ကိုပါအေမရိက ကစားမည့္ ဘရာဇီးအသင္း လူစာရင္းကပါ ႏႈတ္ထြက္လိုက္ရသူျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ ကစားသမားသည္ ပထမပိုင္းတြင္ဒဏ္ရာရရွိခဲ့ျပီးေနာက္ ခံုတန္းလ်ားတြင္ ငိုေၾကြးခဲ့ရျပီး ေနာက္ ဘရာဇီးေဘာလံုးအဖြဲ႔ခ်ဳပ္ (CBF) က ပီအက္စ္ဂ်ီတိုက္စစ္မွဴးမွာ ဇြန္လ ၁၄ ရက္ေန႔တြင္ စတင္ကစားမည့္ ကိုပါအေမရိက ပြဲစဥ္တြင္ ပါ၀င္ႏိုင္မည္မဟုတ္ေတာ့ေၾကာင္း အတည္ျပဳေၾကညာခဲ့ပါတယ္။ လီဂူး ၁ ခ်န္ပီယံပီအက္စ္ဂ်ီအသင္းရဲ႕ ဆရာ၀န္မ်ား ေျပာၾကားခ်က္အရ ေနမာရဲ႕ ဒဏ္ရာမွာ ခြဲစိတ္ကုသရန္ မလိုအပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

“ဇြန္လ ၈ ရက္ေန႔ စေနေန႔ က ပီအက္စ္ဂ်ီက ဆရာ၀န္ ေဒါက္တာ ေလာရင့္အူေမာက္ႏွင့္ အသင္းေဆးအဖြဲ႔၀င္မ်ား ႏွင့္ အားကစားေဆးပေရာက္ဖက္ဆာ ဂ်ာရတ္ဆိုုင္လန္တိုု႔က  ေနမာရဲ႕ ဒဏ္ရာနဲ႔ ပတ္သတ္ျပီး ေၾကညာခ်က္ထုုတ္ျပန္ခဲ့ပါတယ္။ ဆရာ၀န္ ၂ ေယာက္ ရဲ႕  ရွာေဖြခ်က္အရ ေနမာရဲ႕  ညာဘက္ေျခက်င္း၀တ္ဒဏ္ရာက ခြဲစိတ္ကုုသမႈမလိုုအပ္ပဲ ေရွးရွိးဆန္တဲ့ ကုုသမႈျဖင့္ ကုုသဖိုု႔သာ လိုုအပ္ေၾကာင္း သတ္မွတ္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီ တိုုက္စစ္မွဴးသည္ ကြင္းထဲသိုု႔ လာမည့္ ေလးပတ္အတြင္း ျပန္ကစားႏိုုင္မယ္လိုု႔ ေမ ွ်ာ္လင့္ႏိုုင္ပါတယ္” ဟုု ပီအက္စ္ဂ်ီက ေၾကညာခ်က္ထုုတ္ျပန္ခဲ့ပါတယ္။

ဘရာဇီးလက္ေရြးစင္အသင္းသည္ လာမည့္ ကိုုပါအေမရိက ပြဲစဥ္မ်ားအတြက္ ဒဏ္ရာ ရရွိသြားေသာ ေနမာရဲ႕ ေနရာတြင္ ၀ီလီယံ နဲ႔အစားထိုုးခဲ့ပါတယ္။ ဘရာဇီးအသင္းသည္ တနဂၤေႏြေန႔တြင္ ဟြန္ဒူးရပ္စ္ နဲ႔ ေျခစမ္းပြဲကစားရဦးမည္ျဖစ္ပါတယ္။ ေနမာသည္ ၂၀၁၈-၁၉  ေဘာလံုုး၇ာသီတြင္ ျပိဳင္ပြဲစံုု ၂၃ ပြဲကစားခဲ့ျပီး ၁၅ ဂိုုးသြင္းယူေပးခဲ့ပါတယ္။

Unicode

ဒဏ်ရာကြောင့် ၄ ပတ်အထိ အနားယူရမည့် ဘရာဇီးတိုက်စစ်မှူး နေမာ

ပီအက်စ်ဂျီ အသင်းသည် နိုင်ငံလက်ရွေးစင်ပွဲများ သွားရောက်ကစားခဲ့သော ဘရာဇီးတိုက်စစ်မှူး နေမာရဲ့ ဒဏ်ရာမှာ လေးပတ်အတွင်း သက်သာပျောက်ကင်းလာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။နေမာသည် ကာတာအသင်းအား ၂-၀ ဖြင့် အနိုင်ရခဲ့သောပွဲစဉ်တွင် ညာခြေထောက် ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ကိုပါအမေရိက ကစားမည့် ဘရာဇီးအသင်း လူစာရင်းကပါ နှုတ်ထွက်လိုက်ရသူဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားသည် ပထမပိုင်းတွင်ဒဏ်ရာရရှိခဲ့ပြီးနောက် ခုံတန်းလျားတွင် ငိုကြွေးခဲ့ရပြီး နောက် ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က ပီအက်စ်ဂျီတိုက်စစ်မှူးမှာ ဇွန်လ ၁၄ ရက်နေ့တွင် စတင်ကစားမည့် ကိုပါအမေရိက ပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်တော့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ လီဂူး ၁ ချန်ပီယံပီအက်စ်ဂျီအသင်းရဲ့ ဆရာဝန်များ ပြောကြားချက်အရ နေမာရဲ့ ဒဏ်ရာမှာ ခွဲစိတ်ကုသရန် မလိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ဇွန်လ ၈ ရက်နေ့ စနေနေ့ က ပီအက်စ်ဂျီက ဆရာဝန် ဒေါက်တာ လောရင့်အူမောက်နှင့် အသင်းဆေးအဖွဲ့ဝင်များ နှင့် အားကစားဆေးပရောက်ဖက်ဆာ ဂျာရတ်ဆိုင်လန်တို့က  နေမာရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဆရာဝန် ၂ ယောက် ရဲ့  ရှာဖွေချက်အရ နေမာရဲ့  ညာဘက်ခြေကျင်းဝတ်ဒဏ်ရာက ခွဲစိတ်ကုသမှုမလိုအပ်ပဲ ရှေးရှိးဆန်တဲ့ ကုသမှုဖြင့် ကုသဖို့သာ လိုအပ်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူးသည် ကွင်းထဲသို့ လာမည့် လေးပတ်အတွင်း ပြန်ကစားနိုင်မယ်လို့ မေ ျှာ်လင့်နိုင်ပါတယ်” ဟု ပီအက်စ်ဂျီက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်းသည် လာမည့် ကိုပါအမေရိက ပွဲစဉ်များအတွက် ဒဏ်ရာ ရရှိသွားသော နေမာရဲ့ နေရာတွင် ဝီလီယံ နဲ့အစားထိုးခဲ့ပါတယ်။ ဘရာဇီးအသင်းသည် တနင်္ဂနွေနေ့တွင် ဟွန်ဒူးရပ်စ် နဲ့ ခြေစမ်းပွဲကစားရဦးမည်ဖြစ်ပါတယ်။ နေမာသည် ၂၀၁၈-၁၉  ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၂၃ ပွဲကစားခဲ့ပြီး ၁၅ ဂိုးသွင်းယူပေးခဲ့ပါတယ်။