လာမည့္ရာသီမွာ ဘယ္အသင္းမွာ ကစားရမလဲဆိုတာ ကၽြန္ေတာ္သိပါတယ္

အန္တိုနီဂရစ္ဇ္မန္းသည္ လာမည့္ ေဘာလံုးရာသီမွာ ၄င္းအေနျဖင့္ဘယ္အသင္းမွာ ကစားရမလဲဆိုတာ သိရွိေၾကာင္း ေျပာဆိုသြားခဲ့ျပီး လာလီဂါခ်န္ပီယံဘာစီလိုနာအသင္းနဲ႔ ဆက္သြယ္မႈမ်ား ရွိထားေၾကာင္း ၀န္ခံေျပာဆိုမႈျပဳလုပ္သြားခဲ့ပါတယ္။ ဂရစ္ဇ္မန္းသည္ အက္သလက္တီကိုမက္ဒရစ္အသင္းတြင္ ၅ ႏွစ္ၾကာ ကစားခဲ့ျပီး ကမာၻ႕ဖလား ရရွိထားေသာ ျပင္သစ္တိုက္စစ္မွဴးရဲ႕ လာမည့္အသင္းဟာ ဘာစီလိုနာျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚထားပါတယ္။ အဆိုပါအေျပာင္းအေရႊ႕အတြက္ ဘာစီလိုနာ ႏွင့္ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔ထံမွ မည္သည့္သတင္းမွ ထြက္ေပၚလာျခင္းမရွိေသးေသာ္လည္း အသက္ ၂၈ ႏွစ္အရြယ္ရွိဂရစ္ဇ္မန္းက သူ႔စိတ္ထဲမွာ ဘယ္အသင္းမွာ ကစားရမလဲဆိုတာ သိရိွထားေၾကာင္း ဆိုခဲ့ပါတယ္။

“လာမည့္ေဘာလံုးရာသီမွာ ကၽြန္ေတာ္ဘယ္အသင္းမွာ ကစားရမလဲဆိုတာ သိပါတယ္” ဟု ပီအက္စ္ဂ်ီ ႏွင့္ မန္ယူအသင္းတို႔ကလည္း ဆက္သြယ္မႈမ်ား ျပဳလုပ္ထားေနေသာ ဂရစ္ဇ္မန္းက ဆိုခဲ့ပါတယ္။“ကၽြန္ေတာ္ေျပာႏိုင္တဲ့အရာကေတာ့ မီယာမီ မဟုတ္ပါဘူး”

၂၀၁၄ ခုႏွစ္တုန္းက ရီးရဲလ္ဆိုစီဒက္မွ ေျပာင္းေရႊ႕လာေသာ ဂရစ္ဇ္မန္းသည္ ယခုလက္ရွိတြင္  ျပင္သစ္အသင္းနဲ႔ ယူရိုေျခစစ္ပြဲမ်ားကစားေနပါတယ္။ ဂရစ္ဇ္မန္းေရာက္ရွိျပီးေနာက္ပိုင္းတြင္ အက္သလက္တီကိုမက္ဒရစ္အသင္းသည္ ယူရိုပါလိဂ္၊ UEFA စူပါဖလား ႏွင့္ စူပါကိုပါ ဖလားတုိ႔ကို ရရွိထားခဲ့ပါတယ္။ဂရစ္ဇ္မန္းသည္ ၂၀၁၈-၁၉ ေဘာလံုးရာသီတြင္ ဘာစီလိုနာအသင္းေနာက္ ဒုတိယေနရာတြင္ ရပ္တည္ထားႏိုင္ေသာ အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ လာလီဂါ ၁၅ ဂိုးသြင္းယူေပးႏိုင္ခဲ့ျပီး ျပိဳင္ပြဲစံု ၂၁ ဂိုးအထိ သြင္းေပးထားပါတယ္။

Unicode

လာမည့်ရာသီမှာ ဘယ်အသင်းမှာ ကစားရမလဲဆိုတာ ကျွန်တော်သိပါတယ်

အန်တိုနီဂရစ်ဇ်မန်းသည် လာမည့် ဘောလုံးရာသီမှာ ၎င်းအနေဖြင့်ဘယ်အသင်းမှာ ကစားရမလဲဆိုတာ သိရှိကြောင်း ပြောဆိုသွားခဲ့ပြီး လာလီဂါချန်ပီယံဘာစီလိုနာအသင်းနဲ့ ဆက်သွယ်မှုများ ရှိထားကြောင်း ဝန်ခံပြောဆိုမှုပြုလုပ်သွားခဲ့ပါတယ်။ ဂရစ်ဇ်မန်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းတွင် ၅ နှစ်ကြာ ကစားခဲ့ပြီး ကမ္ဘာ့ဖလား ရရှိထားသော ပြင်သစ်တိုက်စစ်မှူးရဲ့ လာမည့်အသင်းဟာ ဘာစီလိုနာဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ထားပါတယ်။ အဆိုပါအပြောင်းအရွှေ့အတွက် ဘာစီလိုနာ နှင့် အက်သလက်တီကိုမက်ဒရစ်အသင်းတို့ထံမှ မည်သည့်သတင်းမှ ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း အသက် ၂၈ နှစ်အရွယ်ရှိဂရစ်ဇ်မန်းက သူ့စိတ်ထဲမှာ ဘယ်အသင်းမှာ ကစားရမလဲဆိုတာ သိရှိထားကြောင်း ဆိုခဲ့ပါတယ်။

“လာမည့်ဘောလုံးရာသီမှာ ကျွန်တော်ဘယ်အသင်းမှာ ကစားရမလဲဆိုတာ သိပါတယ်” ဟု ပီအက်စ်ဂျီ နှင့် မန်ယူအသင်းတို့ကလည်း ဆက်သွယ်မှုများ ပြုလုပ်ထားနေသော ဂရစ်ဇ်မန်းက ဆိုခဲ့ပါတယ်။“ကျွန်တော်ပြောနိုင်တဲ့အရာကတော့ မီယာမီ မဟုတ်ပါဘူး”

၂၀၁၄ ခုနှစ်တုန်းက ရီးရဲလ်ဆိုစီဒက်မှ ပြောင်းရွှေ့လာသော ဂရစ်ဇ်မန်းသည် ယခုလက်ရှိတွင်  ပြင်သစ်အသင်းနဲ့ ယူရိုခြေစစ်ပွဲများကစားနေပါတယ်။ ဂရစ်ဇ်မန်းရောက်ရှိပြီးနောက်ပိုင်းတွင် အက်သလက်တီကိုမက်ဒရစ်အသင်းသည် ယူရိုပါလိဂ်၊ UEFA စူပါဖလား နှင့် စူပါကိုပါ ဖလားတို့ကို ရရှိထားခဲ့ပါတယ်။ဂရစ်ဇ်မန်းသည် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနောက် ဒုတိယနေရာတွင် ရပ်တည်ထားနိုင်သော အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် လာလီဂါ ၁၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၁ ဂိုးအထိ သွင်းပေးထားပါတယ်။