PSG နဲ႔ပြဲက အေျခအေနေတြကုိ ျပန္သယ္လာဖုိ႔ ေမွ်ာ္လင့္ေနတ့ဲ ဆုိးလ္ရွား

ယူႏုိ္က္တက္အသင္းနည္းျပ ဆုိးလ္ရွားက ဒီေန႔ညမွာ ကစားမယ့္ ဘာစီလုိနာအသင္းနဲ႔ ခ်န္ပီယံလိဂ္ ကြတားဖိုင္နယ္ ဒုတိယအေက်ာ့ အေဝးကြင္းပဲြစဥ္နဲ႔ ပတ္သက္ၿပီး ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲတယ္လို႔ သိရွိရပါတယ္။ ယူႏုိက္တက္အသင္းက အိမ္ရွင္အျဖစ္ ဧည့္ခံကစားခ့ဲတ့ဲ ပထမအေက်ာ့ ပြဲစဥ္မွာ ဘာစီလိုနာအသင္းက လုခ္ေရွာရဲ႕တစ္လံုးတည္းေသာ ကုိယ့္ဂိုးကုိယ္သြင္းယူမႈေၾကာင့္ အဖုိးတန္အေဝးဂိုးတစ္ဂုိးနဲ႔ အႏုိင္ရရွိခ့ဲပါတယ္။

ယူႏုိက္တက္အသင္းအေနနဲ႔ အဆုိပါပြဲမွာ ပုံစံေကာင္းျပသႏုိင္ခ့ဲျခင္းမရွိဘဲ ၿပိဳင္ဘက္ဂုိးေပါက္ကုိ တစ္ႀကိမ္ေတာင္တည့္ေအာင္ မကန္ႏုိင္ခ့ဲတ့ဲအျပင္ အသင္းေခါင္းေဆာင္ျဖစ္သူ အက္ရွ္ေလယန္းကလည္း ဆုိးရြားတ့ဲ အခ်က္အလက္မွတ္တမ္းေတြနဲ႔အတူ ယူႏုိက္တက္တို႔ အိမ္ကြင္းမွာ ရံႈးပြဲႀကံဳေတြ႔ခ့ဲရတာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္နဲ႔ ပတ္သက္တ့ဲ အသိုင္းအဝိုင္းကေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး ေမွ်ာ္လင့္ခ်က္မကုန္ဆံုးေသးေၾကာင္း စကားသံမ်ားဖြင့္ဟေနၾကၿပီး လက္ရွိအခ်ိန္မွာလည္း ဆုိးလ္ရွားက ကစားသမားေတြကိုိ စိတ္ဓာတ္ျမွင့္တင္ေရးစကားမ်ား ေျပာၾကားခ့ဲတာလည္း ျဖစ္ပါတယ္။

ဆုိုးလ္ရွားက “PSG နဲ႔ပြဲတုန္းက အမွတ္တရေတြက ကြ်န္ေတာ့္ ကစားသမားေတြကုိ ကူညီေပးမွာျဖစ္ၿပီး တစ္သင္းလံုးကလည္း ကြ်န္ေတာ္တုိ႔လက္ရွိရလဒ္ကုိ ေျပာင္းျပန္လွန္ပစ္ႏုိင္တယ္ဆုိတာကုိ သိထားပါတယ္။ ႏူးကမ့္ကြင္းမွာ ဘာစီလိုနာကုိ ရင္ဆိုင္ရတာ ခက္ခဲတာ ကြ်န္ေတာ္တို႔ သိပါတယ္။ ဒါေပမယ့္ PSG နဲ႔ပြဲညက အမွတ္တရေတြက ကစားသမားေတြရဲ႕ရင္ထဲမွာ ရွင္သန္ေနမွာပါ။ အခ်ိန္ကာလအားျဖင့္လည္း အရမ္းမၾကာေသးတ့ဲအျပင္ ဒီတစ္ႀကိမ္မွာ ကြ်န္ေတာ္တုိ႔က တစ္ဂိုးတည္း ရံႈးထားတာပါ။” ဟုဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲတာလည္း ျဖစ္ပါတယ္။

ယူႏုိက္တက္အသင္းဟာ ၿပီးခ့ဲတ့ဲ ခ်န္ပီယံလိဂ္ ရံႈးထြက္ (၁၆) သင္းအဆင့္ ပြဲစဥ္ ပထမအေက်ာ့မွာ PSG အသင္းကုိ အခုလိုပဲ အိမ္ကြင္းမွာ ရံႈးနိမ့္ခဲ့ေပမယ့္ ဒုတိယအေက်ာ့ ျပင္သစ္ေျမမွာ ကစားခ့ဲတ့ဲ အေဝးကြင္းပြဲစဥ္မွာေတာ့ ယူႏုိက္တက္အသင္းက ေျခစြမ္းျပကာ ၁-၃ ဂုိးနဲ႔ ျပန္လည္ အႏုိင္ရရွိခ့ဲတာေၾကာင့္ အေဝးဂုိးစည္းမ်ဥ္းနဲ႔ ယူႏုိက္တက္တုိ႔ အခုလိုပဲ ဆီမီးဖုိင္နယ္အဆင့္ကုိ တက္ေရာက္လာႏုိင္ခ့ဲတာလည္း ျဖစ္ပါတယ္။ အသင္းရဲ႕ ဂႏၱဝင္ကစားသမားေဟာင္းႀကီးျဖစ္တ့ဲ ေပါလ္စခုိးလ္ကလည္း ဘာစီလိုနာအသင္းက PSG အသင္းေလာက္ မေကာင္းတာေၾကာင့္ ယူႏုိက္တက္တို႔ ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္တက္ႏုိင္ေၾကာင္း ဖြင့္ဟေျပာၾကားခ့ဲသလုိ ဘာစီလိုနာကို ထြက္ခြာသြားတ့ဲ ယူႏိုက္တက္အသင္းရဲ႕ လူစာရင္းနဲ႔အတူ အသင္းရဲ႕ ဂႏၱဝင္နည္းျပေဟာင္းႀကီး ဖာဂူဆန္လည္း လုိက္ပါသြားခ့ဲတယ္လို႔ သိရွိရပါတယ္။

Unicode

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ဒီနေ့ညမှာ ကစားမယ့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ကွတားဖိုင်နယ် ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းက အိမ်ရှင်အဖြစ် ဧည့်ခံကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းက လုခ်ရှောရဲ့တစ်လုံးတည်းသော ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် အဖိုးတန်အဝေးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အဆိုပါပွဲမှာ ပုံစံကောင်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ပြိုင်ဘက်ဂိုးပေါက်ကို တစ်ကြိမ်တောင်တည့်အောင် မကန်နိုင်ခဲ့တဲ့အပြင် အသင်းခေါင်းဆောင်ဖြစ်သူ အက်ရှ်လေယန်းကလည်း ဆိုးရွားတဲ့ အချက်အလက်မှတ်တမ်းတွေနဲ့အတူ ယူနိုက်တက်တို့ အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်မကုန်ဆုံးသေးကြောင်း စကားသံများဖွင့်ဟနေကြပြီး လက်ရှိအချိန်မှာလည်း ဆိုးလ်ရှားက ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ရေးစကားများ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဆိုးလ်ရှားက “PSG နဲ့ပွဲတုန်းက အမှတ်တရတွေက ကျွန်တော့် ကစားသမားတွေကို ကူညီပေးမှာဖြစ်ပြီး တစ်သင်းလုံးကလည်း ကျွန်တော်တို့လက်ရှိရလဒ်ကို ပြောင်းပြန်လှန်ပစ်နိုင်တယ်ဆိုတာကို သိထားပါတယ်။ နူးကမ့်ကွင်းမှာ ဘာစီလိုနာကို ရင်ဆိုင်ရတာ ခက်ခဲတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် PSG နဲ့ပွဲညက အမှတ်တရတွေက ကစားသမားတွေရဲ့ရင်ထဲမှာ ရှင်သန်နေမှာပါ။ အချိန်ကာလအားဖြင့်လည်း အရမ်းမကြာသေးတဲ့အပြင် ဒီတစ်ကြိမ်မှာ ကျွန်တော်တို့က တစ်ဂိုးတည်း ရှုံးထားတာပါ။” ဟုဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဉ် ပထမအကျော့မှာ PSG အသင်းကို အခုလိုပဲ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ ပြင်သစ်မြေမှာ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းက ခြေစွမ်းပြကာ ၁-၃ ဂိုးနဲ့ ပြန်လည် အနိုင်ရရှိခဲ့တာကြောင့် အဝေးဂိုးစည်းမျဉ်းနဲ့ ယူနိုက်တက်တို့ အခုလိုပဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးဖြစ်တဲ့ ပေါလ်စခိုးလ်ကလည်း ဘာစီလိုနာအသင်းက PSG အသင်းလောက် မကောင်းတာကြောင့် ယူနိုက်တက်တို့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်တက်နိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့သလို ဘာစီလိုနာကို ထွက်ခွာသွားတဲ့ ယူနိုက်တက်အသင်းရဲ့ လူစာရင်းနဲ့အတူ အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်လည်း လိုက်ပါသွားခဲ့တယ်လို့ သိရှိရပါတယ်။