ကူလီဘလီအတြက္ နာပိုလီအသင္းထံ ခ်ဥ္းကပ္ခ့ဲတ့ဲ ယူႏုိက္တက္

ယူႏုိက္တက္အသင္းဟာ နာပိုလီအသင္းရဲ႕ ေနာက္ခံလူ ကူလီဘလီကို ေခၚယူရန္ အတြက္ နာပိုလီအသင္းထံ ဆက္သြယ္ေမးျမန္းခ့ဲၿပီး နာပုိလီအသင္းကေတာ့ ကူလီဘလီအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၁၀) ကုန္က်မယ္လို႔ အေၾကာင္းျပန္ခ့ဲေၾကာင္း သိရွိရပါတယ္။ ယူႏုိက္တက္အသင္းဟာ လာမယ့္ ေဘာလံုးရာသီမတိုင္ခင္ အသင္းရဲ႕ ဗဟိုခံစစ္ေနရာအတြက္ ကမာၻ႕အဆင့္ ကစားသမားတစ္ဦးကို ေခၚယူရန္ ျပင္ဆင္ေနရာ ကူလီဘလီက ယူႏုိက္တက္အသင္းရဲ႕ ထိပ္တန္း ပစ္မွတ္ကစားသမားမ်ားထဲမွ တစ္ဦးအပါအဝင္ ျဖစ္ေနတာလည္း ျဖစ္ပါတယ္။

ယူႏုိက္တက္အသင္းဟာ ကူလီဘလီအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၉၀) ျဖင့္ ကမ္းလွမ္းရန္ ျပင္ဆင္ခ့ဲေပမယ့္ The Express သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ နာပုိလီအသင္းအေနနဲ႔ သူတုိ႔ရဲ႕ အဓိကေနာက္ခံကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၁၀) ေအာက္ ကမ္းလွမ္းမႈမ်ားကုိ လက္ခံစဥ္းစားသြားမွာ မဟုတ္ဘူးလို႔ သိရွိရပါတယ္။ အသက္ (၂၇) ႏွစ္အရြယ္ရွိၿပီျဖစ္သူ အုိင္ဗရီကို႔စ္ေနာက္ခံလူဟာ ၿပီးခ့ဲတ့ဲ (၂၀၁၄) ခုႏွစ္မွာ ဂ်န္႔အသင္းကေန နာပုိလီအသင္းကုိ ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတ့ဲ ကစားသမားတစ္ဦးျဖစ္ၿပီး အခ်ိန္တိုအတြင္းမွာပဲ ကမာၻ႕အေကာင္းဆံုးဗဟုိေနာက္ခံလူမ်ားထဲမွ တစ္ေယာက္အျဖစ္ သတ္မွတ္ျခင္းခံလာရတ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

ယူႏုိက္တက္အသင္းဟာ အသင္းရဲ႕ ဗဟိုေနာက္ခံလူေနရာအတြက္ စပါးအသင္းရဲ႕ ဗဟိုေနာက္ခံလူ အယ္လ္ဒါဝီရယ္္၊ အင္တာမီလန္ေနာက္ခံလူ ရွာကရီညာ တုိ႔ကုိလည္း ပစ္မွတ္ထားလ်က္ရွိၿပီး လက္စတာအသင္းရဲ႕ ဗဟုိေနာက္ခံလူ မက္ဂြိဳင္းရားတုိ႔ကိုလည္း ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သတင္းမ်ားက ေဖာ္ျပခ့ဲပါတယ္။ ယူႏုိက္တက္အသင္းဟာ ကူလီဘလီကို ေခၚယူဖို႔ ၿပီးခ့ဲတ့ဲ ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာ ကမ္းလွမ္းခ့ဲေသးေပမယ့္ အဆုိပါ ကမ္းလွမ္းမႈကုိ နာပိုလီဥကၠဌ ဒီေလာ္ရန္းတစ္ကိုယ္တုိင္က ျငင္းဆန္ပယ္ခ်ခ့ဲေၾကာင္း သိရွိရပါတယ္။

လက္ရွိအခ်ိန္တြင္မူ ရီးရဲယ္မက္ဒရစ္အသင္းကလည္း ယူႏုိက္တက္အသင္းရဲ႕ ပစ္မွတ္ျဖစ္တ့ဲ ကူလီဘလီကို ေခၚယူရန္ စိတ္ဝင္စားလာေၾကာင္း သတင္းမ်ား ထြက္ေပၚေနပါတယ္။ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ အဓိက ေနာက္ခံလူတစ္ဦးျဖစ္တ့ဲ ဗာရန္းဟာ အသင္းကထြက္ခြာခြင့္ေတာင္းထားတယ္လုိ႔ သတင္းမ်ားထြက္ေပၚေနၿပီး ဇီဒန္းအေနနဲ႔ ဗာရန္းကုိသာ အသင္းမွာ ဆက္လက္ထိန္းသိမ္းမထားႏုိင္ဘူးဆုိရင္ ကူလီဘလီနဲ႔ျပန္လည္ အစားထုိးရန္ ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပလ်က္ရွိပါတယ္။

Unicode

ယူနိုက်တက်အသင်းဟာ နာပိုလီအသင်းရဲ့ နောက်ခံလူ ကူလီဘလီကို ခေါ်ယူရန် အတွက် နာပိုလီအသင်းထံ ဆက်သွယ်မေးမြန်းခဲ့ပြီး နာပိုလီအသင်းကတော့ ကူလီဘလီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၁၀) ကုန်ကျမယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့် ဘောလုံးရာသီမတိုင်ခင် အသင်းရဲ့ ဗဟိုခံစစ်နေရာအတွက် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးကို ခေါ်ယူရန် ပြင်ဆင်နေရာ ကူလီဘလီက ယူနိုက်တက်အသင်းရဲ့ ထိပ်တန်း ပစ်မှတ်ကစားသမားများထဲမှ တစ်ဦးအပါအဝင် ဖြစ်နေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ကူလီဘလီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၉၀) ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်ခဲ့ပေမယ့် The Express သတင်းစာရဲ့ ဖော်ပြချက်အရ နာပိုလီအသင်းအနေနဲ့ သူတို့ရဲ့ အဓိကနောက်ခံကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၁၀) အောက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်သူ အိုင်ဗရီကို့စ်နောက်ခံလူဟာ ပြီးခဲ့တဲ့ (၂၀၁၄) ခုနှစ်မှာ ဂျန့်အသင်းကနေ နာပိုလီအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံလာရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဗဟိုနောက်ခံလူနေရာအတွက် စပါးအသင်းရဲ့ ဗဟိုနောက်ခံလူ အယ်လ်ဒါဝီရယ်၊ အင်တာမီလန်နောက်ခံလူ ရှာကရီညာ တို့ကိုလည်း ပစ်မှတ်ထားလျက်ရှိပြီး လက်စတာအသင်းရဲ့ ဗဟိုနောက်ခံလူ မက်ဂွိုင်းရားတို့ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ကူလီဘလီကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းခဲ့သေးပေမယ့် အဆိုပါ ကမ်းလှမ်းမှုကို နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်ကိုယ်တိုင်က ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။

လက်ရှိအချိန်တွင်မူ ရီးရဲယ်မက်ဒရစ်အသင်းကလည်း ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ကူလီဘလီကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ ဗာရန်းဟာ အသင်းကထွက်ခွာခွင့်တောင်းထားတယ်လို့ သတင်းများထွက်ပေါ်နေပြီး ဇီဒန်းအနေနဲ့ ဗာရန်းကိုသာ အသင်းမှာ ဆက်လက်ထိန်းသိမ်းမထားနိုင်ဘူးဆိုရင် ကူလီဘလီနဲ့ပြန်လည် အစားထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။