ခ်န္ပီယံဆု ေျပးလမ္းေၾကာင္းက မန္စီးတီးလက္ထဲမွာလို႔ဆုိလုိက္တ့ဲ ဂြါဒီယိုလာ

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက လီဗာပူးအသင္းအေနနဲ႔ လက္က်န္ပဲြအားလံုးကုိ အႏုိင္ယူႏုိင္ေပမယ့္ ခ်န္ပီယံဆုေျပးလမ္းေၾကာင္းအတြက္ အဆံုးအျဖတ္က မန္စီးတီးအသင္းလက္ထဲမွာပဲ ရွိေၾကာင္း ဖြင့္ဟေျပာၾကားသြားခ့ဲတယ္လို႔ သိရွိရပါတယ္။ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကုို လီဗာပူးအသင္းနဲ႔ မန္စီးတီးအသင္းတုိ႔က အၿပိဳင္အဆုိင္ ဦးေဆာင္ေနၾကတာျဖစ္ၿပီး လီဗာပူးအသင္းက မန္စီးတီးအသင္းထက္ တစ္ပြဲပိုကစားၿပီးခ်ိန္မွာ ရမွတ္ (၈၅) မွတ္နဲ႔ (၂) မွတ္အသာရထားတာလည္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ၿပီးခ့ဲတ့ဲ တနဂၤေႏြေန႔က ကစားခ့ဲတ့ဲ ခ်ဲလ္ဆီးအသင္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ မာေနး ဆာလာတို႔ရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔အတူ ၂-၀ ဂုိးျဖင့္ အႏုိင္ရရွိခ့ဲကာ လီဗာပူးပြဲမတုိင္ခင္ ကစားခ့ဲတ့ဲ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ မန္စီးတီးအသင္းတုိ႔ပြဲစဥ္မွာလည္း မန္စီးတီးအသင္းက အေဝးကြင္းမွာ ေျခစြမ္းျပကာ ၁-၃ ဂုိးနဲ႔ အႏုိင္ရရွိခ့ဲပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာကိုယ္တိုင္က ခ်န္ပီယံဆုေျပးလမ္းေၾကာင္းနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ အျမင္မ်ားကို ဖြင့္ဟေျပာၾကားလာခ့ဲတာလည္း ျဖစ္ပါတယ္။

ဂြါဒီယိုလာက “လီဗာပူးအသင္းက လက္က်န္ပြဲအားလံုးကုိ အႏုိင္ရႏိုင္တယ္ဆုိေပမယ့္ ခ်န္ပီယံဆုအတြက္ ရပ္တည္မႈက ကြ်န္ေတာ္တုိ႔ လက္ထဲမွာပါ။ ကြ်န္ေတာ္တို႔အေနနဲ႔ ခ်န္ပီယံဆုကုိ ကာကြယ္ခ်င္တယ္ဆုိရင္ ပြဲတုိင္းကုိ အႏုိင္ကစားရပါမယ္။ ကြ်န္ေတာ္တုိ႔ ဒါကို သိသလုိ ကစားသမားေတြကလည္း သိတ့ဲအေၾကာင္းကို သက္ေသျပခ့ဲၿပီးပါၿပီ။ အ့ဲဒီအတြက္ ကြ်န္ေတာ့္ဆီမွာ ဘာသံသယျဖစ္စရာ အေၾကာင္းမွ မရွိပါဘူး။” ဟု ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။

မန္စီးတီးအသင္းဟာ လက္က်န္ပြဲစဥ္မ်ားအနက္ စပါးအသင္းကို အိမ္ကြင္း၊ ယူႏုိက္တက္အသင္းကုိ အေဝးကြင္းမွာ ရင္ဆုိင္ကစားရမယ့္ ပြဲက်ပ္မ်ားက်န္ရွိေနၿပီး အဆုိပါ ႏွစ္ပဲြမွာသာ အႏုိင္ရရွိခ့ဲမယ္ဆုိရင္ လက္က်န္ (၃) ပြဲက ဘန္ေလ၊ လက္စတာ၊ ဘရိုက္တန္တုိ႔ နဲ႔ ကစားရမွာျဖစ္တာေၾကာင့္ ခ်န္ပီယံဆုကို ကာကြယ္ႏုိင္ဖုိ႔ ပိုမို အေျခအေနေကာင္းသြားမွာလည္း ျဖစ္ပါတယ္။ ခရစၥတယ္ပဲေလ့စ္နည္းျပ ရြိဳင္းေဟာ့ဒ္ဆန္ကလည္း “မန္စီးတီးအသင္းက အရမ္းကုိေကာင္းတ့ဲ ပုံစံမွာ ရွိေနတယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ သူတုိ႔က ကြ်န္ေတာ္တုိ႔ အိမ္ကြင္းကို လူအင္အားျပည့္နဲ႔ လာခ့ဲတယ္။ ေနာက္ၿပီး ေတာင့္တင္းတ့ဲအသင္းတစ္သင္းကို ပြဲထုတ္ခ့ဲၿပီး ေလးေလးစားစား ယွဥ္ၿပိဳင္ခ့ဲတယ္။ ကြ်န္ေတာ္ ေျပာခ်င္တာကို လူတုိင္းလည္း သိၿပီးသားျဖစ္မွာပါ။ သူတုိ႔က အသင္းေကာင္းတစ္သင္းျဖစ္ၿပီး သူတို႔ ယွဥ္ၿပိဳင္ေနတ့ဲ ဘယ္လိုၿပိဳင္ပြဲမွာမဆို အႏုိင္ရဗုိလ္စြဲႏုိင္တ့ဲအသင္းျဖစ္ပါတယ္။” ဟုလည္း ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါေသးတယ္။

Unicode

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လီဗာပူးအသင်းအနေနဲ့ လက်ကျန်ပွဲအားလုံးကို အနိုင်ယူနိုင်ပေမယ့် ချန်ပီယံဆုပြေးလမ်းကြောင်းအတွက် အဆုံးအဖြတ်က မန်စီးတီးအသင်းလက်ထဲမှာပဲ ရှိကြောင်း ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့က အပြိုင်အဆိုင် ဦးဆောင်နေကြတာဖြစ်ပြီး လီဗာပူးအသင်းက မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားပြီးချိန်မှာ ရမှတ် (၈၅) မှတ်နဲ့ (၂) မှတ်အသာရထားတာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ မာနေး ဆာလာတို့ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ လီဗာပူးပွဲမတိုင်ခင် ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာလည်း မန်စီးတီးအသင်းက အဝေးကွင်းမှာ ခြေစွမ်းပြကာ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုယ်တိုင်က ချန်ပီယံဆုပြေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်များကို ဖွင့်ဟပြောကြားလာခဲ့တာလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာက “လီဗာပူးအသင်းက လက်ကျန်ပွဲအားလုံးကို အနိုင်ရနိုင်တယ်ဆိုပေမယ့် ချန်ပီယံဆုအတွက် ရပ်တည်မှုက ကျွန်တော်တို့ လက်ထဲမှာပါ။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုကို ကာကွယ်ချင်တယ်ဆိုရင် ပွဲတိုင်းကို အနိုင်ကစားရပါမယ်။ ကျွန်တော်တို့ ဒါကို သိသလို ကစားသမားတွေကလည်း သိတဲ့အကြောင်းကို သက်သေပြခဲ့ပြီးပါပြီ။ အဲ့ဒီအတွက် ကျွန်တော့်ဆီမှာ ဘာသံသယဖြစ်စရာ အကြောင်းမှ မရှိပါဘူး။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လက်ကျန်ပွဲစဉ်များအနက် စပါးအသင်းကို အိမ်ကွင်း၊ ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ကစားရမယ့် ပွဲကျပ်များကျန်ရှိနေပြီး အဆိုပါ နှစ်ပွဲမှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် လက်ကျန် (၃) ပွဲက ဘန်လေ၊ လက်စတာ၊ ဘရိုက်တန်တို့ နဲ့ ကစားရမှာဖြစ်တာကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ပိုမို အခြေအနေကောင်းသွားမှာလည်း ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်ကလည်း “မန်စီးတီးအသင်းက အရမ်းကိုကောင်းတဲ့ ပုံစံမှာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့က ကျွန်တော်တို့ အိမ်ကွင်းကို လူအင်အားပြည့်နဲ့ လာခဲ့တယ်။ နောက်ပြီး တောင့်တင်းတဲ့အသင်းတစ်သင်းကို ပွဲထုတ်ခဲ့ပြီး လေးလေးစားစား ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်တော် ပြောချင်တာကို လူတိုင်းလည်း သိပြီးသားဖြစ်မှာပါ။ သူတို့က အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့ ယှဉ်ပြိုင်နေတဲ့ ဘယ်လိုပြိုင်ပွဲမှာမဆို အနိုင်ရဗိုလ်စွဲနိုင်တဲ့အသင်းဖြစ်ပါတယ်။” ဟုလည်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါသေးတယ်။