ဂရစ္ဇ္မန္းရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဖြင့္ဟေျပာၾကားလာတ့ဲ ဆီျမြန္နီ

အက္သလက္တီကိုအသင္းနည္းျပ ဒီေယဂိုဆီျမြန္နီက ရာသီကုန္မွာ အသင္းကထြက္ခြာၿပီး ဘာစီလုိနာအသင္းကို ေျပာင္းေရႊ႕မယ္လုိ႔ သတင္းမ်ားထြက္ေပၚေနတ့ဲ အသင္းရဲ႕ အဓိက တိုက္စစ္မွဴး ဂရစ္ဇ္မန္းနဲ႔ ပတ္သက္ၿပီး ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။ ဘာစီလိုနာအသင္းကလည္း တုိက္စစ္မွဴး ဆြာရက္ဇ္ရဲ႕ ေနရာကို အစားထုိးဖို႔အတြက္ ၿပီးခ့ဲတ့ဲ ေႏြရာသီမွာ ေခၚယူဖို႔ မေအာင္ျမင္ခ့ဲတ့ဲ ဂရစ္ဇ္မန္းကုိ ေခၚယူဖို႔ ထပ္မံႀကိဳးစားလာဖြယ္ရွိေၾကာင္း သတင္းမ်ား ထြက္ေပၚေနပါတယ္။

ဂရစ္ဇ္မန္းအေနနဲ႔ ၿပီးခ့ဲတ့ဲ ေႏြရာသီ အေျပာင္းအေရႊ႕မွာ ဘာစီလုိနာအသင္းကုိ ေျပာင္းေရႊ႕ဖို႔အတြက္ ေနာက္ဆံုးအဆင့္ထိ ေရာက္ခ့ဲၿပီးမွ ကာယကံရွင္ကုိယ္တုိင္က ဘာစီလိုနာအသင္းကို ျငင္းဆန္ၿပီး အက္သလက္တီကိုအသင္း၌သာ ဆက္ေနရန္ ဆံုးျဖတ္ခ့ဲတာလည္း ျဖစ္ပါတယ္။ သုိ႔ရာတြင္မူ ၿပီးခ့ဲတ့ဲ လအတြင္းက ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ရံႈးထြက္ (၁၆) သင္းအဆင့္ ပြဲစဥ္မွာ ေရာ္နယ္ဒိုရဲ႕ ဟက္ထရစ္သြင္းဂိုးေၾကာင့္ ၿပိဳင္ပြဲကထြက္ခ့ဲရၿပီးေနာက္မွာေတာ့ ဂရစ္ဇ္မန္းအေနနဲ႔ ဆုဖလားမ်ားရယူလိုပါက အသင္းကုိ စြန္႔ခြာရမယ္လုိ႔ စဥ္းစားေနၿပီျဖစ္ေၾကာင္း မီဒီယာမ်ားက က်ယ္ေလာင္စြာ ေဖာ္ျပခ့ဲပါတယ္။

လက္ရွိအခ်ိန္တြင္မူ ဂရစ္ဇ္မန္းရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဆီျမြန္နီက ဂရစ္ဇ္မန္းကို အသင္းကထြက္သြားေအာင္ ဘယ္အရာကမွ မလုပ္ႏုိင္ေၾကာင္း အတိအလင္း ေျပာၾကားသြားခ့ဲတာလည္း ျဖစ္ပါတယ္။ ဆီျမြန္နီက “ကြ်န္ေတာ္ ထပ္ေျပာပါမယ္။ သူ (ဂရစ္ဇ္မန္း) က ကြ်န္ေတာ္တို႔ အသင္းရဲ႕ အသင္းေခါင္းေဆာင္ေတြထဲက တစ္ေယာက္ျဖစ္ၿပီး အသင္းက သူ႔ကုိ ထိန္းသိမ္းထားႏုိင္ဖို႔ အမ်ားႀကီး ႀကိဳးစားအားထုတ္ခ့ဲပါတယ္။ သူကုိယ္တုိင္ကလည္း မက္ဒရစ္ၿမိဳ႕မွာ ေပ်ာ္ရႊင္ေနသလုိ အသင္းရဲ႕ အေရးပါတ့ဲ ကစားသမားတစ္ေယာက္ျဖစ္ေနပါတယ္။ သူ႔ကို အက္သလက္တီကိုအသင္းကထြက္သြားေအာင္ ဘယ္အရာကမွ လုပ္ႏိုင္မွာ မဟုတ္ပါဘူး။” ဟု ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။

ဂရစ္ဇ္မန္းဟာ ဒီရာသီမွာ အက္သလက္တီကိုအသင္းအတြက္ ၿပိဳင္ပြဲစံု (၄၃) ပြဲကစားၿပီးခ်ိန္မွာ ဂုိး (၂၀) သြင္းယူေပးထားၿပီးျဖစ္ၿပီး လာမယ့္ ဇူလုိင္လ (၁) ရက္ေန႔မွာေတာ့ သူ႔ရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးက ေပါင္သန္း (၂၀၀) ကေန ေပါင္ (၁၂၉) သန္းအထိ ေလ်ာ့နည္းသြားမွာျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

Unicode

အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ရာသီကုန်မှာ အသင်းကထွက်ခွာပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းများထွက်ပေါ်နေတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းကလည်း တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ နေရာကို အစားထိုးဖို့အတွက် ပြီးခဲ့တဲ့ နွေရာသီမှာ ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ထပ်မံကြိုးစားလာဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

ဂရစ်ဇ်မန်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် နောက်ဆုံးအဆင့်ထိ ရောက်ခဲ့ပြီးမှ ကာယကံရှင်ကိုယ်တိုင်က ဘာစီလိုနာအသင်းကို ငြင်းဆန်ပြီး အက်သလက်တီကိုအသင်း၌သာ ဆက်နေရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သို့ရာတွင်မူ ပြီးခဲ့တဲ့ လအတွင်းက ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးကြောင့် ပြိုင်ပွဲကထွက်ခဲ့ရပြီးနောက်မှာတော့ ဂရစ်ဇ်မန်းအနေနဲ့ ဆုဖလားများရယူလိုပါက အသင်းကို စွန့်ခွာရမယ်လို့ စဉ်းစားနေပြီဖြစ်ကြောင်း မီဒီယာများက ကျယ်လောင်စွာ ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်တွင်မူ ဂရစ်ဇ်မန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆီမြွန်နီက ဂရစ်ဇ်မန်းကို အသင်းကထွက်သွားအောင် ဘယ်အရာကမှ မလုပ်နိုင်ကြောင်း အတိအလင်း ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။ ဆီမြွန်နီက “ကျွန်တော် ထပ်ပြောပါမယ်။ သူ (ဂရစ်ဇ်မန်း) က ကျွန်တော်တို့ အသင်းရဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ပြီး အသင်းက သူ့ကို ထိန်းသိမ်းထားနိုင်ဖို့ အများကြီး ကြိုးစားအားထုတ်ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း မက်ဒရစ်မြို့မှာ ပျော်ရွှင်နေသလို အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်နေပါတယ်။ သူ့ကို အက်သလက်တီကိုအသင်းကထွက်သွားအောင် ဘယ်အရာကမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ (၄၃) ပွဲကစားပြီးချိန်မှာ ဂိုး (၂၀) သွင်းယူပေးထားပြီးဖြစ်ပြီး လာမယ့် ဇူလိုင်လ (၁) ရက်နေ့မှာတော့ သူ့ရဲ့ စာချုပ်ပါလျော်ကြေးက ပေါင်သန်း (၂၀၀) ကနေ ပေါင် (၁၂၉) သန်းအထိ လျော့နည်းသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။