ယူႏုိက္တက္တိုက္စစ္္မွဴးတစ္ေယာက္ အတြက္ ေပါင္သန္း (၁၀၀) အသံုးျပဳဖုိ႔ ျပင္ဆင္ေနတ့ဲ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ ယူႏုိက္တက္အသင္းရဲ႕ တုိက္စစ္မွဴးျဖစ္သူ ရပ္ရွ္ဖို႔ဒ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၀၀) နဲ႔ ကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနေၾကာင္း သိရွိရပါတယ္။ ရပ္ရွ္ဖုိ႔ဒ္ဟာ ယူႏုိက္တက္အသင္းရဲ႕အကယ္ဒမီထြက္ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ နည္းျပဆုိးလ္ရွားလက္ထက္မွာ အသင္းရဲ႕ အဓိက ဦးစားေပးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံထားရတ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

The Mirror သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ အသက္ (၂၁) ႏွစ္အရြယ္ အဆိုပါ အဂၤလန္လက္ေရြးစင္တုိက္စစ္မွဴးကို ေခၚယူဖုိ႔ လာမယ့္ ေႏြရာသီ အေျပာင္းအေရႊ႕မွာ ႀကိဳးပမ္းလာဖြယ္ရွိေၾကာင္း သိရွိရပါတယ္။ ရပ္ရွ္ဖုိ႔ဒ္ဟာ ယူႏုိက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၂) ႏွစ္က်န္ရွိေနဆဲျဖစ္ၿပီး ယူႏုိက္တက္အသင္းအေနနဲ႔ ရပ္ရွ္ဖုိ႔ဒ္ကို (၂၀၂၁) ခုႏွစ္အထိ ဆက္ရွိေနေစဖုိ႔ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆုိႏုိင္ခြင့္လည္း ရွိေနပါေသးတယ္။

သုိ႔ရာတြင္မူ ဘာစီလိုနာအသင္းက ရပ္ရွ္ဖုိ႔ဒ္အတြက္ ေပါင္သန္း (၁၀၀) အသံုးျပဳၿပီး ေခၚယူရန္ ႀကိဳးပမ္းလာဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚလာျခင္းျဖစ္ၿပီး ရပ္ရွ္ဖို႔ဒ္နဲ႔ယူႏုိက္တက္တို႔ရဲ႕အနာဂတ္ကို ေစာင့္ၾကည့္ရေတာ့မွာလည္း ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ အသက္ (၃၂) ႏွစ္အရြယ္ တုိက္စစ္မွဴး လူးဝစ္ဆြာရက္ဇ္ရဲ႕ ေနရာကို ကာလရွည္ အစားထုိးရန္အတြက္ တုိက္စစ္မွဴးသစ္ရွာေဖြေနတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ရပ္ရွ္ဖို႔ဒ္က ဘာစီလိုနာအသင္းအလိုရွိေနတ့ဲ တုိက္စစ္မွဴးမ်ားထဲမွ တစ္ေယာက္ အျဖစ္ စာရင္းဝင္လာခ့ဲတာလည္း ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဆြာရက္ဇ္ရဲ႕ေနရာကို အစားထုိးဖို႔အတြက္ အက္သလက္တီကို တုိက္စစ္မွဴး ဂရစ္ဇ္မန္း၊ ဗလင္စီယာအသင္းတုိက္စစ္မွဴး ရုိဒရီဂို၊ ဖရန္႔ဖတ္တုိက္စစ္မွဴး လူကာယုိဗစ္တုိ႔ကိုလည္း ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သတင္းမ်ားထြက္ေပၚေနၿပီး အထူးသျဖင့္ ယုိဗစ္နဲ႔ သတင္းမ်ား က်ယ္ေလာင္စြာထြက္ေပၚေနတ့ဲ အသင္းတစ္သင္းလည္းျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ၿပီးခ့ဲတ့ဲ ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာလည္း ရပ္ရွ္ဖို႔ဒ္ကုိ ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သတင္းမ်ား က်ယ္ေလာင္စြာထြက္ခ့ဲဖူးၿပီး လက္ရွိအခ်ိန္မွာလည္း အခုလုိပဲ ရပ္ရွ္ဖုိ႔ဒ္ကို ေခၚယူဖုိ႔ သတင္းမ်ား ထပ္မံထြက္ေပၚလာခ့ဲျခင္းျဖစ္ပါတယ္။

Unicode

ဘာစီလိုနာအသင်းဟာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ရပ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းရဲ့အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ နည်းပြဆိုးလ်ရှားလက်ထက်မှာ အသင်းရဲ့ အဓိက ဦးစားပေးကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

The Mirror သတင်းစာရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အသက် (၂၁) နှစ်အရွယ် အဆိုပါ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကြိုးပမ်းလာဖွယ်ရှိကြောင်း သိရှိရပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေဆဲဖြစ်ပြီး ယူနိုက်တက်အသင်းအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို (၂၀၂၁) ခုနှစ်အထိ ဆက်ရှိနေစေဖို့ စာချုပ်သစ်ထပ်မံချုပ်ဆိုနိုင်ခွင့်လည်း ရှိနေပါသေးတယ်။

သို့ရာတွင်မူ ဘာစီလိုနာအသင်းက ရပ်ရှ်ဖို့ဒ်အတွက် ပေါင်သန်း (၁၀၀) အသုံးပြုပြီး ခေါ်ယူရန် ကြိုးပမ်းလာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်ပြီး ရပ်ရှ်ဖို့ဒ်နဲ့ယူနိုက်တက်တို့ရဲ့အနာဂတ်ကို စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အသက် (၃၂) နှစ်အရွယ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ရဲ့ နေရာကို ကာလရှည် အစားထိုးရန်အတွက် တိုက်စစ်မှူးသစ်ရှာဖွေနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းအလိုရှိနေတဲ့ တိုက်စစ်မှူးများထဲမှ တစ်ယောက် အဖြစ် စာရင်းဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးဖို့အတွက် အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်း၊ ဗလင်စီယာအသင်းတိုက်စစ်မှူး ရိုဒရီဂို၊ ဖရန့်ဖတ်တိုက်စစ်မှူး လူကာယိုဗစ်တို့ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေပြီး အထူးသဖြင့် ယိုဗစ်နဲ့ သတင်းများ ကျယ်လောင်စွာထွက်ပေါ်နေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာလည်း ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ကျယ်လောင်စွာထွက်ခဲ့ဖူးပြီး လက်ရှိအချိန်မှာလည်း အခုလိုပဲ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ သတင်းများ ထပ်မံထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။