ဂါရတ္ေဘးလ္+ ေပါင္ (၅၂) သန္းနဲ႔ ေပါ့ဘာကုိ ကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနတ့ဲ ရီးရဲယ္မက္ဒရစ္

ရီးရဲယ္မက္ဒရစ္အသင္းဟာ ယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားျဖစ္သူ ေပါ့ဘာကုိ ေပါင္ (၅၂) သန္းအျပင္ အသင္းက ထြက္ခြာမယ္လို႔ သတင္းမ်ားထြက္ေပၚေနတ့ဲ ေတာင္ပံကစားသမား ဂါရတ္ေဘးလ္နဲ႔ပါ အလုိက္ေပးကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနတယ္လို႔ သိရွိရပါတယ္။ ရီးရဲယ္မက္ဒရစ္အသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေရႊ႕မွာ ေပါ့ဘာကို အရေခၚယူမယ္လုိ႔ သတင္းမ်ားထြက္ေပၚေနတ့ဲအသင္းျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အခုလိုပဲ သတင္းမ်ား ထြက္ေပၚလာခ့ဲတာျဖစ္ပါတယ္။

ရီးရဲယ္မက္ဒရစ္အသင္းမွာ ကစားခြင့္ရရွိဖို႔က ကစားသမားတုိင္းရဲ႕ အိမ္မက္ျဖစ္ေၾကာင္း ေပါ့ဘာရဲ႕ ေျပာၾကားမႈက ရီးရဲယ္မက္ဒရစ္အသင္းနဲ႔ အေျပာင္းအေရႊ႕သတင္းမ်ားကုိ စတင္က်ယ္ေလာင္ေစခ့ဲၿပီး လက္ရွိအခ်ိန္မွာေတာ့ ေပါ့ဘာရဲ႕ ယူႏုိက္တက္ အနာဂတ္က လႈပ္ခတ္ေနၿပီလည္း ျဖစ္ပါတယ္။ ယူႏုိက္တက္အသင္းကမူ ေပါ့ဘာအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၃၀) သတ္မွတ္ထားေပမယ့္ ရီးရဲယ္မက္ဒရစ္အသင္းကမူ အခုလိုမ်ိဳး ေငြသား ေပါင္ (၅၂) သန္းနဲ႔ ယူႏုိက္တက္အသင္းက စိတ္ဝင္စားေနတ့ဲ ဂါရတ္ေဘးလ္ကို အလိုက္ေပးၿပီး ကမ္းလွမ္းရန္ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။

ေပါ့ဘာဟာ ဒီရာသီမွာ ယူႏုိက္တက္အသင္းအတြက္ ၿပိဳင္ပြဲစံု (၄၁) ပြဲကစားၿပီးခ်ိန္မွာ (၁၆) ဂုိးသြင္းယူေပးထားၿပီး ဂိုးဖန္တီးမႈ (၁၁) ႀကိမ္ ျပဳလုပ္ေပးထားႏုိင္တ့ဲ ကစားသမားတစ္ဦးျဖစ္ေပမယ့္ ဂါရတ္ေဘးလ္ကေတာ့ ရီးရဲယ္မက္ဒရစ္အသင္းမွာ ပုံမွန္ေျခစြမ္းျပသႏုိင္ဖို႔ ရုန္းကန္ေနရတ့ဲ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ဂါရတ္ေဘးလ္ကုိ ေခၚယူဖို႔ ယူႏုိက္တက္အသင္းက စိတ္ဝင္စားေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနၿပီး စပါး ဘုိင္ယန္ျမဴးနစ္အသင္းတုိ႔ကလည္း ဂါရတ္ေဘးလ္ရဲ႕ အေျခအေနကို ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရွိရပါတယ္။

ဒါေပမယ့္ ဂါရတ္ေဘးလ္ရဲ႕ တစ္ပတ္လုပ္ခက ေပါင္ (၆) သိန္းခြဲအထိ ရွိေနၿပီး ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကုိယ္တုိင္က သူ႔ကစားသမားရဲ႕ လစာကုိ ေပးေခ်ႏုိင္မယ့္အသင္း မရွိႏုိင္ေၾကာင္း ဖြင့္ဟေျပာၾကားထားပါတယ္။ ဒါ့အျပင္ ဂါရတ္ေဘးလ္တစ္ေယာက္အေနနဲ႔လည္း မက္ဒရစ္ၿမိဳ႕မွာ ေပ်ာ္ရႊင္ေနသလုိ အသင္းက ထြက္ခြာမွာ မဟုတ္ေၾကာင္း ေအးဂ်င့္ျဖစ္သူ ဂ်ိဳနသန္ဘားနက္က ေျပာၾကားထားေပမယ့္ ေပါ့ဘာနဲ႔ ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားတုိ႔ၾကား ဆက္ဆံေရးကလည္း ရီးရဲယ္မက္ဒရစ္အသင္းနဲ႔ ေပါ့ဘာတို႔ရဲ႕ အေျပာင္းအေရႊ႕သတင္းမ်ား ထြက္လာၿပီးေနာက္ပုိင္း တျဖည္းျဖည္း ေအးခဲလာေၾကာင္းလည္း ေကာလဟာလ သတင္းမ်ား ထြက္ေပၚခ့ဲပါေသးတယ္။

Unicode

ရီးရဲယ်မက်ဒရစ်အသင်းဟာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာကို ပေါင် (၅၂) သန်းအပြင် အသင်းက ထွက်ခွာမယ်လို့ သတင်းများထွက်ပေါ်နေတဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်နဲ့ပါ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပေါ့ဘာကို အရခေါ်ယူမယ်လို့ သတင်းများထွက်ပေါ်နေတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ အခုလိုပဲ သတင်းများ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းမှာ ကစားခွင့်ရရှိဖို့က ကစားသမားတိုင်းရဲ့ အိမ်မက်ဖြစ်ကြောင်း ပေါ့ဘာရဲ့ ပြောကြားမှုက ရီးရဲယ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းများကို စတင်ကျယ်လောင်စေခဲ့ပြီး လက်ရှိအချိန်မှာတော့ ပေါ့ဘာရဲ့ ယူနိုက်တက် အနာဂတ်က လှုပ်ခတ်နေပြီလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကမူ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၃၀) သတ်မှတ်ထားပေမယ့် ရီးရဲယ်မက်ဒရစ်အသင်းကမူ အခုလိုမျိုး ငွေသား ပေါင် (၅၂) သန်းနဲ့ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေတဲ့ ဂါရတ်ဘေးလ်ကို အလိုက်ပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ပေါ့ဘာဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၄၁) ပွဲကစားပြီးချိန်မှာ (၁၆) ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု (၁၁) ကြိမ် ပြုလုပ်ပေးထားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် ဂါရတ်ဘေးလ်ကတော့ ရီးရဲယ်မက်ဒရစ်အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး စပါး ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း ဂါရတ်ဘေးလ်ရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါတယ်။

ဒါပေမယ့် ဂါရတ်ဘေးလ်ရဲ့ တစ်ပတ်လုပ်ခက ပေါင် (၆) သိန်းခွဲအထိ ရှိနေပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကိုယ်တိုင်က သူ့ကစားသမားရဲ့ လစာကို ပေးချေနိုင်မယ့်အသင်း မရှိနိုင်ကြောင်း ဖွင့်ဟပြောကြားထားပါတယ်။ ဒါ့အပြင် ဂါရတ်ဘေးလ်တစ်ယောက်အနေနဲ့လည်း မက်ဒရစ်မြို့မှာ ပျော်ရွှင်နေသလို အသင်းက ထွက်ခွာမှာ မဟုတ်ကြောင်း အေးဂျင့်ဖြစ်သူ ဂျိုနသန်ဘားနက်က ပြောကြားထားပေမယ့် ပေါ့ဘာနဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားတို့ကြား ဆက်ဆံရေးကလည်း ရီးရဲယ်မက်ဒရစ်အသင်းနဲ့ ပေါ့ဘာတို့ရဲ့ အပြောင်းအရွှေ့သတင်းများ ထွက်လာပြီးနောက်ပိုင်း တဖြည်းဖြည်း အေးခဲလာကြောင်းလည်း ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့ပါသေးတယ်။