မန်ချက်စတာစီးတီး vs စပါး ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာစီးတီးနှင့်စပါးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အား မြန်မာစံတော်ချိန် မနက် ၁း၃၀- ကြာသာပတေး(၁၈.၄.၁၉)တွင် မန်ချက်စတာစီးတီးအသင်းရဲ့ အီတီဟဒ်ကွင်းကြီးထဲမှာယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ပထမအကျော့တုန်းက စပါးအသင်းကိုအဝေးကွင်းတွင် မန်ချက်စတာစီးတီးအသင်းဟာ ၁-၀ ဂိုးဖြင့်ရှူံးနိမ့်ထားခဲ့လို့ ဒုတိယအကျော့တွင် အနည်းဆုံး ၂ ဂိုးပြတ်အနိုင်ယူနိုင်မှသာ နောက်တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အဝေးဂိုးမရရှိခဲ့တာကလည်း မန်ချက်စတာစီးတီးအတွက် အခက်ကြုံစေနိုင်ပါတယ်။ ကစားကွက်ပုံဖော်မူအပိုင်းနှင့် ကစားသမားအရည်အသွေးတွေမှာ မန်စီးတီးပိုမိုကောင်းမွန်ပါတယ်။ လက်ရှိကစားကွက်အတိုင်း ဆက်လက်ပုံဖော်မည်ဆိုပါက စပါးကိုကျော်ဖြတ်ဖို့ ခက်သွားနိုင်ပါတယ်။ စပါးအသင်းဟာ ဒီ ၂ ရာသီအတွင်း မန်စီးတီးရဲ့ ကစားကွက်ကိုဖတ်မိနေပါပြီ။

စပါးအသင်းဟာ ဆွန်ဟောင်မင်ရဲ့ ဂိုးနဲ့ မန်စီးတီးကို အနိုင်ရရှိထားခဲ့လို့ စိတ်ဓာတ်တက်ကြွနေမှာပါ။ ဟယ်ရီကိန်း မပါနိုင်လို့အားနည်းနိုင်ပေမယ့် ဝမ်ယာမာပြန်ပါလာလို့ ဆစ်ဆိုခိုနဲ့တွဲပြီး ကွင်းလယ် ၆ ယောက်ထိပွဲထုတ်ကစားကာ အလယ်အဖျက်ကို အားပြုလာနိုင်ပါတယ်။

အလေးပေးမူ

မန်ချက်စတာစီးတီးအသင်းအတွက်အလေးပေးထားမူက ၃/၁၀ လေးဖြစ်ပြီး စပါးအသင်းအတွက်အလေးပေးထားမူက ၉/၁ေးလဖြစ်လို့ မန်ချက်စတာစီးတီးအသင်းက သိသာစွာအကြောပေးထားတာကိုတွေ့ရပါတယ်။

မန်ချက်စတာစီးတီးအသင်းနောက်ဆုံးကန်ခဲ့သည့်(၅)ပွဲ


14/04 ခရစ်တယ်ပဲလေစ့် ၁-၃ မန်စီးတီး
10/04 စပါး ၁-၀ မန်စီးတီး
06/04 မန်စီးတီး ၁-၀ ဘရိုက်တန်
04/04 မန်စီးတီး ၂-၀ ကားဒစ်ဖ်
30/03 ဖူးလ်ဟမ်း ၀-၂ မန်စီးတီး

စပါးအသင်းနောက်ဆုံးကန်ခဲ့သည့်(၅)ပွဲ


13/04 စပါး ၄-၀ ဟတ်ဒါဖီးလ်စ်
10/04 စပါး ၁-၀ မန်စီးတီး
04/04 စပါး ၂-၀ ခရစ်တယ်ပဲလစေ့်
31/03 လီဗာပူးလ် ၂-၁ စပါး
09/03 ဆောက်သမ်တန် ၂-၁ စပါး

ပွဲအဖြေခန့်မှန်းရလဒ်

မန်စီးတီး ၂-၁ စပါး

#soenaywin

ယခုပွဲစဉ်အတွက် သင့်ရဲ့ပွဲခန့်မှန်းရလဒ်ကရော ?
၁။ မန်စီးတီး အနိုင်
၂။ သရေ
၃။ စပါး အနိုင်