ဂျူဗင်တပ်စ် vs အေဂျက်စ် ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ်နှင့် အေဂျက်စ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အား မြန်မာစံတော်ချိန် မနက် ၁း၃၀-ဗုဒ္ဓဟူးနေ့(၁၇.၄.၁၉)တွင် ဂျူဗင်တပ်စ်အသင်းရဲ့ Allianz Stadium ကွင်းကြီးထဲမှာယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပထမအကျော့တွင် အေဂျက်စ်ကွင်းမှာတုန်းက ၁-၁ ဂိုး ဖြင့်သရေ ကစားထားနိုင်ခဲ့လို့ အဖိုးတန်အဝေးဂိုးတစ်ဂိုးရရှိထားခဲ့ကာ နောက်တစ်ဆင့်တက်ဖို့အတွက် သချာင်္နည်းအရ အခြေအနေကောင်းပါတယ်။ ပြီးခဲ့သည့် စနေနေ့တုန်းက စီးရီးအေပွဲစဉ်ဖြစ်သည့် စပယ်လ်နဲ့ကစားခဲ့သည့်ပွဲတွင် ပထမပွဲထွက်ကစားခွင့်ကစားသမားအများအပြားကို ဂျူဗင်တပ်စ်အသင်းဟာ အနားပေးထားခဲ့ပြီး ၂-၁ ဂိုးဖြင့် ဒီရာသီ စီးရီးအေ ဒုတိယမြောက်ရှူံးပွဲကိုထပ်မံ ကြုံတွေ့ထားခဲ့ပါတယ်။

အေဂျက်စ်အသင်းဟာ ပထမအကျော့မှာတုန်းက ခရစ်တီယာနိုရော်နယ်ဒိုရဲ့ ဦးဆောင်ဂိုးအား ပြန်လည်ချေပကာ ဆီမီးဖိုင်နယ်မျှော်လင့်ချက်ကို ပြန်လည်အသက်သွင်းထားနိုင်ခဲ့ပါတယ်။ အေဂျက်စ်အသင်းဟာ အရည်အသွေးရှိ လူငယ်ကစားသမားများနဲ့တည်ဆောက်ထားပြီး လျင်မြန်မူ ကစားအားကောင်းမွန်ပါတယ်။ အတွေ့အကြုံရင့်ကျက်မူရှိတဲ့ ဂျူဗင်တပ်စ်အသင်းကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို ယခုပွဲစဉ်နဲ့မေးခွန်းထုတ်ပါတော့မယ်။

အလေးပေးမူ

ဂျူဗင်တပ်စ်အသင်းအတွက်အလေးပေးထားမူက ၄/၆ လေးဖြစ်ပြီး အေဂျက်စ်အသင်းအတွက်အလေးပေးထားမူက ၁၇/၄ လေးဖြစ်လို့ ဂျူဗင်တပ်စ်အသင်းဘက်ကနေအကြောပေးထားတာကိုတွေ့ရပါတယ်။

ဂျူဗင်တပ်စ်အသင်းနောက်ဆုံးကန်ခဲ့သည့်(၅)ပွဲ


13/04 စပယ်လ် ၂-၁ ဂျူဗင်တပ်စ်
11/04 အေဂျက်စ် ၁-၁ ဂျူဗင်တပ်စ်
06/04 ဂျူဗင်တပ်စ် ၂-၁ အေစီမီလန်
03/04 ကက်ဂလီယာရီ ၀-၂ ဂျူဗင်တပ်စ်
30/03 ဂျူဗင်တပ်စ် ၁-၀ အမ်ပိုလီ

အေဂျက်စ်အသင်းနောက်ဆုံးကန်ခဲ့သည့်(၅)ပွဲ


13/04 အေဂျက်စ် ၆-၂ အက်ဆက်စီယာ
11/04 အေဂျက်စ် ၁-၁ ဂျူဗင်တပ်စ်
06/04 ဝီလီယန် ၁-၄ အေဂျက်စ်
04/04 အီမန် ၂-၅ အေဂျက်စ်
31/03 အေဂျက်စ် ၃-၁ ပီအက်စ်ဗွီ

ပွဲအဖြေခန့်မှန်းရလဒ်

ဂျူဗင်တပ်စ် ၂-၀ အေဂျက်စ်

#soenaywin

ယခုပွဲစဉ်အတွက်သင့်ရဲ့ပွဲခန့်မှန်းရလဒ်ကရော ?
၁။ ဂျူဗင်တပ်စ် အနိုင်
၂။ သရေ
၃။ အေဂျက်စ် အနိုင်