သာမန္ထက္ထူးျခားေကာင္းမြန္လြန္းတ့ဲ ကစားသမားက ဘယ္သူလဲဆုိတာေျပာျပလာတ့ဲ ေပါ့ဘာ

ယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ေပါ့ဘာက ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီဟာ သာမန္ထက္ ထူးျခားေကာင္းမြန္လြန္းတ့ဲ  ကစားသမားတစ္ဦးျဖစ္ၿပီး တျခား ဘယ္ကစားသမားထက္မဆုိ ပိုမုိေကာင္းမြန္တ့ဲ ကစားသမားတစ္ဦးျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားသြားပါတယ္။ ယူႏုိက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ စပိန္လာလီဂါကလပ္ ဘာစီလိုနာအသင္းနဲ႔ရင္ဆိုင္ကစားရမွာျဖစ္ၿပီး အဆုိပါပြဲမတုိင္ခင္မွာ ေပါ့ဘာက  အခုလိုပဲ ၿပိဳင္ဘက္အသင္းေခါင္းေဆာင္ မက္ဆီကုိ ခ်ီးက်ဴးစကား ေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။

ယူႏုိက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ရံႈးထြက္ (၁၆) သင္းအဆင့္မွာ ျပင္သစ္လီဂူးထိပ္သီးကလပ္ PSG အသင္းကို ဒုတိယအေက်ာ့ေရာက္မွ အိမ္မက္ဆန္ဆန္ အႏုိင္ကစားၿပီး အခုလိုမ်ိဳး ကြာတားဖိုင္နယ္အဆင့္ကုိ ေရာက္ရွိလာျခင္းျဖစ္ကာ တစ္ဖက္က လိုင္ယြန္အသင္းကို အိမ္ကြင္းမွာ ဂိုးျပတ္အႏုိင္ယူလာတ့ဲ ဘာစီလိုနာအသင္းနဲ႔ ကြာတားဖိုင္နယ္မွာ ထိပ္တုိက္ရင္ဆုိင္္ရမွာလည္း ျဖစ္ပါတယ္။

အဆုိပါ ပြဲမတုိင္ခင္ Eurosport သတင္းဌာနနဲ႔ ေတြ႔ဆံုရာ၌ ေပါ့ဘာက “ဘာစီလိုနာအသင္းက ကြ်န္ေတာ္အၿမဲတမ္း ေစာင့္ၾကည့္ေနခ့ဲရတ့ဲ အသင္းတစ္သင္းပါ။ ကြင္းလယ္ကစားသမားတစ္ေယာက္အေနနဲ႔ သူတုိ႔ အသင္းရဲ႕ ကစားပုံကုိ ေစာင့္ၾကည့္ၿပီး အမ်ားႀကီးသင္ယူႏုိင္ပါတယ္။ ကြ်န္ေတာ္က ေဘာလံုးပြဲေတြကို ၾကည့္ရတာႀကိဳက္ပါတယ္။ အထူးသျဖင့္ သူတို႔ အသင္းရဲ႕ စနစ္ သူတုိ႔ရဲ႕ ရုိးရာ ကစားဟန္ … ဒါေတြ အားလံုးက ကြ်န္ေတာ့္ကို အၿမဲတမ္း ကူညီေပးပါတယ္။”

“ဘာစီလိုနာအသင္းက ထိပ္တန္းအသင္းတစ္သင္းျဖစ္ၿပီး ကမာၻ႕အေကာင္းဆံုး အသင္းေတြထဲက တစ္သင္းလည္း ျဖစ္ပါတယ္။ သူတုိ႔အသင္းက သာမန္ထက္ပိုမို ထူးကဲေကာင္းမြန္တ့ဲ ကစားသမားေတြနဲ႔ စုဖြဲ႕႔ထားတ့ဲ အသင္းတစ္သင္းဆုိရင္လည္း ဟုတ္ပါတယ္။”

“ဒီပြဲ(ယူႏုိက္တက္နဲ႔ဘာစီလိုနာတုိ႔ ထိပ္တုိက္ေတြ႔သည့္ပြဲ)က ကြ်န္ေတာ္အၿမဲတမ္း ကစားခ်င္တ့ဲ ပြဲတစ္ပဲြပါ။ ကမာၻ႕အေကာင္းဆံုး အသင္းေတြထဲက တစ္သင္းနဲ႔ ရင္ဆိုင္ရတာက အၿမဲတမ္း စိတ္ေက်နပ္စရာပါပဲ။ ဒီအသင္းက ကြ်န္ေတာ္ ဂ်ဴဗင္တပ္စ္အသင္းမွာ ကစားေနတုန္းက (၂၀၁၅) ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရံႈးနိမ့္ခ့ဲဖူးတ့ဲ အသင္းတစ္သင္းပါ။ ဒါေပမယ့္ အေကာင္းဆံုးအသင္းနဲ႔ ရင္ဆုိင္ရတာက အၿမဲတမ္း ေကာင္းမြန္ပါတယ္။” ဟု ေျပာၾကားသြားခ့ဲပါတယ္။

ၿပိဳင္ဘက္အသင္းေခါင္းေဆာင္ မက္ဆီရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေပါ့ဘာက “သူ(မက္ဆီ)က အားလံုးထဲမွာ အေကာင္းဆံုး ကစားသမားျဖစ္ပါတယ္။ ဘာစီလိုနာအသင္းမွာ ထိပ္တန္းကစားသမားေတြရွိေနၿပီး သူတို႔ အားလံုးထက္ပုိၿပီး အဆင့္အတန္းျမင့္မားေနတ့ဲ ကစားသမားက မက္ဆီျဖစ္ၿပီး အားလံုးရဲ႕ အထက္မွာ ရွိေနပါတယ္။” ဟူ၍လည္း ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။

Unicode

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာက ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ သာမန်ထက် ထူးခြားကောင်းမွန်လွန်းတဲ့  ကစားသမားတစ်ဦးဖြစ်ပြီး တခြား ဘယ်ကစားသမားထက်မဆို ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားပါတယ်။ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းနဲ့ရင်ဆိုင်ကစားရမှာဖြစ်ပြီး အဆိုပါပွဲမတိုင်ခင်မှာ ပေါ့ဘာက  အခုလိုပဲ ပြိုင်ဘက်အသင်းခေါင်းဆောင် မက်ဆီကို ချီးကျူးစကား ပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ပြင်သစ်လီဂူးထိပ်သီးကလပ် PSG အသင်းကို ဒုတိယအကျော့ရောက်မှ အိမ်မက်ဆန်ဆန် အနိုင်ကစားပြီး အခုလိုမျိုး ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာခြင်းဖြစ်ကာ တစ်ဖက်က လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူလာတဲ့ ဘာစီလိုနာအသင်းနဲ့ ကွာတားဖိုင်နယ်မှာ ထိပ်တိုက်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲမတိုင်ခင် Eurosport သတင်းဌာနနဲ့ တွေ့ဆုံရာ၌ ပေါ့ဘာက “ဘာစီလိုနာအသင်းက ကျွန်တော်အမြဲတမ်း စောင့်ကြည့်နေခဲ့ရတဲ့ အသင်းတစ်သင်းပါ။ ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ သူတို့ အသင်းရဲ့ ကစားပုံကို စောင့်ကြည့်ပြီး အများကြီးသင်ယူနိုင်ပါတယ်။ ကျွန်တော်က ဘောလုံးပွဲတွေကို ကြည့်ရတာကြိုက်ပါတယ်။ အထူးသဖြင့် သူတို့ အသင်းရဲ့ စနစ် သူတို့ရဲ့ ရိုးရာ ကစားဟန် … ဒါတွေ အားလုံးက ကျွန်တော့်ကို အမြဲတမ်း ကူညီပေးပါတယ်။”

“ဘာစီလိုနာအသင်းက ထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ သူတို့အသင်းက သာမန်ထက်ပိုမို ထူးကဲကောင်းမွန်တဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတစ်သင်းဆိုရင်လည်း ဟုတ်ပါတယ်။”

“ဒီပွဲ(ယူနိုက်တက်နဲ့ဘာစီလိုနာတို့ ထိပ်တိုက်တွေ့သည့်ပွဲ)က ကျွန်တော်အမြဲတမ်း ကစားချင်တဲ့ ပွဲတစ်ပွဲပါ။ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ရင်ဆိုင်ရတာက အမြဲတမ်း စိတ်ကျေနပ်စရာပါပဲ။ ဒီအသင်းက ကျွန်တော် ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတုန်းက (၂၀၁၅) ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ရတာက အမြဲတမ်း ကောင်းမွန်ပါတယ်။” ဟု ပြောကြားသွားခဲ့ပါတယ်။

ပြိုင်ဘက်အသင်းခေါင်းဆောင် မက်ဆီရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးတော့လည်း ပေါ့ဘာက “သူ(မက်ဆီ)က အားလုံးထဲမှာ အကောင်းဆုံး ကစားသမားဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ထိပ်တန်းကစားသမားတွေရှိနေပြီး သူတို့ အားလုံးထက်ပိုပြီး အဆင့်အတန်းမြင့်မားနေတဲ့ ကစားသမားက မက်ဆီဖြစ်ပြီး အားလုံးရဲ့ အထက်မှာ ရှိနေပါတယ်။” ဟူ၍လည်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။