လီေဘာင္ယာႏွင့္ ကီရြန္ဒုိင္ယာ တုိ႕ရဲ႕ ပရီးမီးယားလိဂ္အေကာင္းဆံုးလက္ေဝွ႕ပြဲ

၂၀၀၅ ခုႏွစ္တုန္းက နယူးကာဆယ္အိမ္ကြင္းတြင္ အက္စ္တြန္ဗီလာအသင္းနဲ႕ကစားခဲ့သည့္ပြဲ၌ နယူးကာဆယ္အသငး္ဟာ ၃-၀ ဂိုးျဖင့္ရွံဴးနိမ့္ခဲ့ျပီး ပြဲစဥ္အတြင္း နယူးကာဆယ္ကစားသမားေတြျဖစ္ၾကတဲ့ လီေဘာင္ယာႏွင့္ကီရြန္ဒုိင္ယာတို႕ ၂ ဦးစလံုးဟာအခ်င္းခ်ငး္ထုိးသတ္ခဲ့ၾကလို႕ ၂ ဦးစလံုးအထုတ္ခံခဲ့ရသည္။ ကီရြန္ဒုိင္ယာက ေဘာင္ယာဟာလြတ္ေနတဲ့မ်က္လံုးနဲ႕ကၽြန္ေတာ့္ဆီလာေနတာကိုျမင္ေနခဲ့ပါတယ္။ နည္းျပ ဂေရမီေဆာင္းနက္စ္ကလည္း ေဘးစည္းလုိင္းေပၚကေန မလုပ္နဲ႕ဆုိျပီးေအာ္ေနပါတယ္။ ဒါေပမယ့္ လီေဘာင္ယာက ဆက္လာေနပါတယ္။

ကၽြန္ေတာ့္သူ႕ပခံုးႏွင့္လည္ပင္းကိုကၽြန္ေတာ္လွမ္းခ်ဳပ္လုိက္ပါတယ္။ အဲဒီေနာက္ သူစတင္ျပီးလက္သီးမုိးေတြရြာေတာ့တာပဲ။ ဦးေခါင္းဆီ လက္သီးေတြေရာက္လာခဲ့ခ်ိန္မွာကၽြန္ေတာ္ေတြးမိတာက ” ပရိတ္သတ္ ၅၂၀၀၀ ေက်ာ္ေရွ႕မွာသူဘယ္လုိထိုးႏုိင္တာလည္းလုိ႕ ကၽြန္ေတာ္မယံုၾကည္ႏိုင္ခဲ့ပါဘူး။ သူဘာေတြေတြးေနတာလဲကၽြန္ေတာ္လံုးဝမသိေတာ့ဘူး?” ။ သူ႕လက္သီးေတြကိုကၽြန္ေတာ္ေရွာင္ေနခဲ့တယ္။ ဒါမ်ိဳးက သဲအိတ္ေတြနဲ႕လုပ္ရမယ့္အလုပ္လုိ႕ကၽြန္ေတာ္ထင္ခဲ့တယ္။ ဒါမ်ိဳးအျဖစ္အပ်က္က ေလ့က်င့္ေရးကြင္းတြင္ျဖစ္ပ်က္တာမ်ိဳးျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။

ဒါေပမယ့္ ကစားပြဲတစ္ပြဲမွာေတာ့မဟုတ္ပါဘူး။ ဘယ္သူတစ္ဦးမွ ဒါမ်ိဳးလုပ္လိမ့္မွာမဟုတ္ဘူး။ ဒါေပမယ့္ လီေဘာင္ယာဟာ သူ႕စိတ္လြတ္သြားပံုရတယ္။ ကၽြန္ေတာ့္ကို ေလးခ်က္ေလာက္ထိုးခဲ့တယ္လုိ႕ ကၽြန္ေတာ္ထင္တယ္။ လက္သီးေတြက ကၽြန္ေတာ့္ကိုထိခုိက္မနာက်င္ေစခဲ့ပါဘူး။ ဒါေပမယ့္ ၄ လံုးေျမာက္လက္သီးလာခဲ့ျပီးေနာက္ လက္သီးတစ္လံုးေလာက္ျပန္ထိုးျပီး ဒါကုိစားလုိ႕ေတြးမိခဲ့တယ္။ အက္စ္တြန္ဗီလာ ကစားသမားဂါးရတ္ဘယ္ရီက တစ္ဟုန္တုိးေျပးလာျပီး ေဘာင္ယာကုိဝင္ဆြဲခဲ့ပါတယ္။ ျပီးေတာ့အေဝးကိုဆြဲေခၚသြားခဲ့တယ္။ ေဘာင္ယာရဲ႕အက်ၤီဟာ ရင္ဘတ္ထိျပဲသြားခဲ့တယ္။ သူဟာရွဴးရွဴးရွဲရွဲျဖစ္ေနျပီး ခ်ဳပ္ထားတဲ့ဟာကိုလြတ္ေအာင္လုပ္ဖို႕ဆက္လုပ္ေနခဲ့ပါတယ္။ အသင္းေဖာ္နဲ႕ထုိးၾကိတ္က်တာဟာ အနီကဒ္အျပခံရျပီး အထုတ္ခံရမွာကိုလုပ္တာအား ကၽြန္ေတာ္သေဘာမေပါက္ႏုိင္ခဲ့ဘူး။

ဒုိင္လူၾကီးဟာ ကၽြန္ေတာ့္ဆီလာကာ အနီကဒ္ျပခဲ့ပါတယ္။ အဲဒီေနာက္ လီေဘာင္ယာကိုလညး္ အနီကဒ္ျပကာထုတ္ပယ္ခဲ့တယ္။ ပရိတ္သတ္ေတြက ကၽြန္ေတာ့္တုိ႕အမူအေပၚအာရံုေရာက္လာတယ္ ဘာေၾကာင့္လဲဆုိေတာ့ အက္စ္တြန္ဗီလာအသင္းအား ၃-၀ ဂိုးနဲ႕ရွံဴးနိမ့္ေနလို႕ ေဒါသေတြျမင့္တက္ေနတဲ့အခ်ိန္ျဖစ္ေနလုိ႕ပါ။ ကစားေနခ်ိန္အတြင္း လီေဘာင္ယာဟာ ေဘာလံုးလာေတာင္းပါတယ္။ သူေနရာလြတ္ကေနေတာင္းခဲ့တာပါ။ ဒါေပမယ့္ အဲဒီမွာတစ္ျခားပိုေကာင္းတယ္လုိ႕ထင္တဲ့အခြင့္အေရးရွိတယ္ထင္ျပီး တစ္ျခားအသင္းေဖာ္ကို ကၽြန္ေတာ္ေပးလုိက္တယ္။ လီေဘာင္ယာ ရူးသြားတယ္နဲ႕တူတယ္။ ကၽြန္ေတာ့္ကို F*** ငါ့ကိုေပးလို႕ ေအာ္ေျပာခဲ့တယ္။ ျပီးေတာ့ မင္းဘာကိုစဥ္းစားေနလည္းဆုိျပီး ေဒါသတစ္ၾကီးေျပာခဲ့တယ္။ ကၽြန္ေတာ္ကလည္း မင္းင့ါကိုဘယ္တုန္းကမွ ေဘာလံုးမေပးဘူး လို႕ျပန္ေျပာလုိက္တယ္။ ေနာက္မိနစ္အနညး္ငယ္ၾကာေတာ့ သူကၽြန္ေတာ့္ထံကေနေဘာလံုးထပ္လုိခ်င္ေနခဲ့တယ္။ အဲဒီအခ်ိန္မွာ ဒီထက္ေကာင္းမြန္တဲ့အခြင့္အေရးရွိတယ္ထင္ျပီး တစ္ျခားကိုေပးလုိက္တယ္။

ပုဂိၢဳလ္ေရးေၾကာင့္ အဲလုိလုပ္ခဲ့တာမဟုတ္ပါဘူး။ ေဘာင္ယာလံုးဝရူးသြားခဲ့တယ္။ သူက F*** ငရဲကိုသြားလို႕ေအာ္ေျပာခဲ့တယ္။ မင္းငါ့ကိုဘယ္ေတာ့မွေဘာလံုး မေပးဘူးေနာ္။ ကၽြန္ေတာ္ကလည္း ဒါေၾကာင့္ငါမင္းကိုေဘာလံုးမေပးတာလို႕ ကၽြန္ေတာ္ေျပာလိုက္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ မင္းက F*** S*** လုိ႕ပဲလုိ႕ ကၽြန္ေတ္ာျပန္ေျပာလုိက္တယ္။ သူပံုစံၾကည့္ရတာ လံုးဝေျပာင္းသြားတယ္။ သူလံုးဝရူးသြားျပီ ။ သူလံုးဝရူးသြားျပီဆုိတာကို ကၽြန္ေတာ္သိခဲ့ပါတယ္ ဟုကီရြန္ဒိုင္ယာကေျပာၾကားခဲ့သည္။
#soenaywin

Unicode

၂၀၀၅ ခုနှစ်တုန်းက နယူးကာဆယ်အိမ်ကွင်းတွင် အက်စ်တွန်ဗီလာအသင်းနဲ့ကစားခဲ့သည့်ပွဲ၌ နယူးကာဆယ်အသင်းဟာ ၃-၀ ဂိုးဖြင့်ရှူံးနိမ့်ခဲ့ပြီး ပွဲစဉ်အတွင်း နယူးကာဆယ်ကစားသမားတွေဖြစ်ကြတဲ့ လီဘောင်ယာနှင့်ကီရွန်ဒိုင်ယာတို့ ၂ ဦးစလုံးဟာအချင်းချင်းထိုးသတ်ခဲ့ကြလို့ ၂ ဦးစလုံးအထုတ်ခံခဲ့ရသည်။ ကီရွန်ဒိုင်ယာက ဘောင်ယာဟာလွတ်နေတဲ့မျက်လုံးနဲ့ကျွန်တော့်ဆီလာနေတာကိုမြင်နေခဲ့ပါတယ်။ နည်းပြ ဂရေမီဆောင်းနက်စ်ကလည်း ဘေးစည်းလိုင်းပေါ်ကနေ မလုပ်နဲ့ဆိုပြီးအော်နေပါတယ်။ ဒါပေမယ့် လီဘောင်ယာက ဆက်လာနေပါတယ်။

ကျွန်တော့်သူ့ပခုံးနှင့်လည်ပင်းကိုကျွန်တော်လှမ်းချုပ်လိုက်ပါတယ်။ အဲဒီနောက် သူစတင်ပြီးလက်သီးမိုးတွေရွာတော့တာပဲ။ ဦးခေါင်းဆီ လက်သီးတွေရောက်လာခဲ့ချိန်မှာကျွန်တော်တွေးမိတာက ” ပရိတ်သတ် ၅၂၀၀၀ ကျော်ရှေ့မှာသူဘယ်လိုထိုးနိုင်တာလည်းလို့ ကျွန်တော်မယုံကြည်နိုင်ခဲ့ပါဘူး။ သူဘာတွေတွေးနေတာလဲကျွန်တော်လုံးဝမသိတော့ဘူး?” ။ သူ့လက်သီးတွေကိုကျွန်တော်ရှောင်နေခဲ့တယ်။ ဒါမျိုးက သဲအိတ်တွေနဲ့လုပ်ရမယ့်အလုပ်လို့ကျွန်တော်ထင်ခဲ့တယ်။ ဒါမျိုးအဖြစ်အပျက်က လေ့ကျင့်ရေးကွင်းတွင်ဖြစ်ပျက်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကစားပွဲတစ်ပွဲမှာတော့မဟုတ်ပါဘူး။ ဘယ်သူတစ်ဦးမှ ဒါမျိုးလုပ်လိမ့်မှာမဟုတ်ဘူး။ ဒါပေမယ့် လီဘောင်ယာဟာ သူ့စိတ်လွတ်သွားပုံရတယ်။ ကျွန်တော့်ကို လေးချက်လောက်ထိုးခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ လက်သီးတွေက ကျွန်တော့်ကိုထိခိုက်မနာကျင်စေခဲ့ပါဘူး။ ဒါပေမယ့် ၄ လုံးမြောက်လက်သီးလာခဲ့ပြီးနောက် လက်သီးတစ်လုံးလောက်ပြန်ထိုးပြီး ဒါကိုစားလို့တွေးမိခဲ့တယ်။ အက်စ်တွန်ဗီလာ ကစားသမားဂါးရတ်ဘယ်ရီက တစ်ဟုန်တိုးပြေးလာပြီး ဘောင်ယာကိုဝင်ဆွဲခဲ့ပါတယ်။ ပြီးတော့အဝေးကိုဆွဲခေါ်သွားခဲ့တယ်။ ဘောင်ယာရဲ့အင်္ကျီဟာ ရင်ဘတ်ထိပြဲသွားခဲ့တယ်။ သူဟာရှူးရှူးရှဲရှဲဖြစ်နေပြီး ချုပ်ထားတဲ့ဟာကိုလွတ်အောင်လုပ်ဖို့ဆက်လုပ်နေခဲ့ပါတယ်။ အသင်းဖော်နဲ့ထိုးကြိတ်ကျတာဟာ အနီကဒ်အပြခံရပြီး အထုတ်ခံရမှာကိုလုပ်တာအား ကျွန်တော်သဘောမပေါက်နိုင်ခဲ့ဘူး။

ဒိုင်လူကြီးဟာ ကျွန်တော့်ဆီလာကာ အနီကဒ်ပြခဲ့ပါတယ်။ အဲဒီနောက် လီဘောင်ယာကိုလည်း အနီကဒ်ပြကာထုတ်ပယ်ခဲ့တယ်။ ပရိတ်သတ်တွေက ကျွန်တော့်တို့အမူအပေါ်အာရုံရောက်လာတယ် ဘာကြောင့်လဲဆိုတော့ အက်စ်တွန်ဗီလာအသင်းအား ၃-၀ ဂိုးနဲ့ရှူံးနိမ့်နေလို့ ဒေါသတွေမြင့်တက်နေတဲ့အချိန်ဖြစ်နေလို့ပါ။ ကစားနေချိန်အတွင်း လီဘောင်ယာဟာ ဘောလုံးလာတောင်းပါတယ်။ သူနေရာလွတ်ကနေတောင်းခဲ့တာပါ။ ဒါပေမယ့် အဲဒီမှာတစ်ခြားပိုကောင်းတယ်လို့ထင်တဲ့အခွင့်အရေးရှိတယ်ထင်ပြီး တစ်ခြားအသင်းဖော်ကို ကျွန်တော်ပေးလိုက်တယ်။ လီဘောင်ယာ ရူးသွားတယ်နဲ့တူတယ်။ ကျွန်တော့်ကို F*** ငါ့ကိုပေးလို့ အော်ပြောခဲ့တယ်။ ပြီးတော့ မင်းဘာကိုစဉ်းစားနေလည်းဆိုပြီး ဒေါသတစ်ကြီးပြောခဲ့တယ်။ ကျွန်တော်ကလည်း မင်းင့ါကိုဘယ်တုန်းကမှ ဘောလုံးမပေးဘူး လို့ပြန်ပြောလိုက်တယ်။ နောက်မိနစ်အနည်းငယ်ကြာတော့ သူကျွန်တော့်ထံကနေဘောလုံးထပ်လိုချင်နေခဲ့တယ်။ အဲဒီအချိန်မှာ ဒီထက်ကောင်းမွန်တဲ့အခွင့်အရေးရှိတယ်ထင်ပြီး တစ်ခြားကိုပေးလိုက်တယ်။

ပုဂ္ဂိုလ်ရေးကြောင့် အဲလိုလုပ်ခဲ့တာမဟုတ်ပါဘူး။ ဘောင်ယာလုံးဝရူးသွားခဲ့တယ်။ သူက F*** ငရဲကိုသွားလို့အော်ပြောခဲ့တယ်။ မင်းငါ့ကိုဘယ်တော့မှဘောလုံး မပေးဘူးနော်။ ကျွန်တော်ကလည်း ဒါကြောင့်ငါမင်းကိုဘောလုံးမပေးတာလို့ ကျွန်တော်ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ မင်းက F*** S*** လို့ပဲလို့ ကျွန်တေ်ာပြန်ပြောလိုက်တယ်။ သူပုံစံကြည့်ရတာ လုံးဝပြောင်းသွားတယ်။ သူလုံးဝရူးသွားပြီ ။ သူလုံးဝရူးသွားပြီဆိုတာကို ကျွန်တော်သိခဲ့ပါတယ် ဟုကီရွန်ဒိုင်ယာကပြောကြားခဲ့သည်။
#soenaywin