နံနက္ခင္းသတင္းမ်ား

အာဆင္နယ္အသင္းရဲ႕ တုိက္စစ္မွဴးတစ္ဦးျဖစ္သူ လာကာဇက္ဟာ ရန္းနက္စ္အသင္းနဲ႔ ရင္ဆုိင္ရမယ့္ ယူရိုပါလိဂ္ (၁၆) သင္းအဆင့္ ရံႈးထြက္ ပြဲစဥ္ ႏွစ္ေက်ာ့လံုးကို လြဲေခ်ာ္ေတာ့မယ္လုိ႔ သိရွိရပါတယ္။ လာကာဇက္ဟာ BATE အသင္းနဲ႔ ကစားခ့ဲတဲ့ ယူရုိပါလိဂ္ (၃၂) သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္မွာ ၿပိဳင္ဘက္ကစားသမားကို တံေတာင္နဲ႔ တြတ္ခ့ဲတာေၾကာင့္ တုိက္ရုိက္အနီကတ္နဲ႔ ထုတ္ပယ္ခံခ့ဲရၿပီး လက္ရွိအခ်ိန္မွာေတာ့ တစ္ပြဲပယ္ျပစ္ဒဏ္ကေန သံုးပြဲပယ္ျပစ္ဒဏ္အထိ ျမင့္တက္သြားခ့ဲတာေၾကာင့္ အခုလုိပဲ လြဲေခ်ာ္ရမွာလည္း ျဖစ္ပါတယ္။

ဂါရတ္ေဘးလ္တစ္ေယာက္ ရီးရဲယ္မက္ဒရစ္အသင္းကို စြန္႔ခြာေတာ့မယ္လို႔ သတင္းမ်ား က်ယ္ေလာင္စြာထြက္ေပၚေနေပမယ့္ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကေတာ့ သူ႔ရဲ႕ ကစားသမားဟာ မက္ဒရစ္ၿမိဳ႕မွာ ေပ်ာ္ရႊင္ေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။ စပါးအသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္သူ ဂါရတ္ေဘးလ္ဟာ ရီးရဲယ္မက္ဒရစ္အသင္းမွာ ဒဏ္ရာျပႆနာမ်ားနဲ႔ ရုန္းကန္ေနရၿပီး ယူႏုိက္တက္ ခ်ဲလ္ဆီးအသင္းတို႔က ဂါရတ္ေဘလ္းကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သတင္းမ်ားက ေဖာ္ျပလ်က္ရွိပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္သူ ဟက္ဆယ္ဘိန္႔ခ္ကေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အေျပာင္းအေရႊ႕ႏွစ္ခုမွာ ကစားသမားသစ္ေခၚယူခြင့္ ပိတ္ပင္ခံရၿပီးေနာက္ အသင္းရဲ႕ အဓိက ေတာင္ပံကစားသမားတစ္ဦးျဖစ္သူ ဟာဇက္ကို ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆုိၿပီး အသင္းမွာဆက္လက္ထိန္းထားဖို႔ တိုက္တြန္းေျပာၾကားသြားတယ္လုိ႔ သိရွိရပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္မွဴးတစ္ဦးျဖစ္သူ စီေရာ္နယ္ဒိုဟာ ၿပီးခ့ဲတဲ့ ေႏြရာသီ အေျပာင္းအေရႊ႕မွာ ရီးရဲယ္မက္ဒရစ္အသင္းကို စြန္႔ခြာလာတ့ဲ အေၾကာင္းရင္းက ပီရက္ဇ္နဲ႔ ေနမာတို႔ ႏွစ္ေယာက္ေၾကာင့္ ျဖစ္တယ္လို႔ သိရွိရပါတယ္။ အသင္းဥကၠဌျဖစ္သူ ပီရက္ဇ္က စီေရာ္နယ္ဒိုကို စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ စိတ္မပါသလို လုပ္ေနခ့ဲၿပီး ေနမာကိုလည္း ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခ့ဲတာေၾကာင့္ စီေရာ္နယ္ဒိုတစ္ေယာက္ မက္ဒရစ္ၿမိဳ႕ကို စြန္႔ခြာလာျခင္းျဖစ္တယ္လုိ႔ အသင္းဥကၠဌေဟာင္း ကယ္လ္ဒါရြန္က ဖြင့္ဟေျပာၾကားလာပါတယ္။

PSG အသင္းဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ ဒန္နီအဲလ္ဗက္စ္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆုိႏုိင္ဖို႔အတြက္ နည္းျပ ေသာမတ္စ္တူခ်ယ္လ္က ေမွ်ာ္လင့္ေနပါတယ္။ အဲလ္ဗက္စ္ဟာ (၂၀၁၇) ခုႏွစ္မွာ ဂ်ဴဗင္တပ္စ္အသင္းကေန PSG အသင္းကို စတင္ေရာက္ရွိလာခ့ဲတ့ဲ ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ မန္စီးတီးအသင္းကိုသြားေရာက္ကစားဖို႔ကိုလည္း စိတ္ဝင္စားေနေၾကာင္း သတင္းမ်ားထြက္ေပၚခ့ဲပါေသးတယ္။

စပါးအသင္းရဲ႕ ကြင္းလယ္ကစားသမားျဖစ္သူ ဆစ္ဆုိကိုကေတာ့ သူ႔အေနနဲ႔ လက္ရွိအခ်ိန္မွာ စပါးအသင္းအတြက္  ကစားေပးခ့ဲရတာကို ေပ်ာ္ရႊင္ေနၿပီျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။ ၿပီးခ့ဲတ့ဲ ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာ ဆစ္ဆုိကိုတစ္ေယာက္ စပါးအသင္းကေန ထြက္ခြာၿပီး ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕ဖို႔ သတင္းမ်ား ထြက္ေပၚခ့ဲေပမယ့္ ေနာက္ပိုင္းပြဲစဥ္မွာေတာ့ အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ အေကာင္းဆံုး ေျခစြမ္းျပေနတာလည္း ျဖစ္ပါတယ္။

ဘုိင္ယန္ျမဴးနစ္အသင္းဟာ ဘာစီလိုနာအသင္းရဲ႕ကြင္းလယ္ကစားသမား ရာကီတစ္ကို အင္တာမီလန္အသင္းနဲ႔ အၿပိဳင္ကမ္းလွမ္းဖို႔ စိတ္ဝင္စားေနတယ္လုိ႔ သတင္းမ်ားက ေဖာ္ျပခ့ဲပါတယ္။ ခရိုေအးရွား လက္ေရြးစင္ကြင္းလယ္ကစားသမားအတြက္ ဘာစီလိုနာအသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၅၀) နဲ႔အထက္ ကမ္းလွမ္းမႈမ်ား ရရွိပါက လက္ခံစဥ္းစားေပးသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

ဘာစီလုိနာအသင္းဟာ အက္သလက္တီကိုအသင္းရဲ႕ဘယ္ေနာက္ခံလူ ဖိလစ္ပီလူးဝစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း နာမည္ႀကီး မြန္ဒုိသတင္္းစာမွ ေဖာ္ျပခ့ဲပါတယ္။ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ ဘယ္ေနာက္ခံလူ ေဂ်ာ္ဒီအယ္လ္ဘာရဲ႕ ေနရာမွာ အစားထိုးဖို႔ ေျပာင္းေရႊ႕ေၾကး သက္သက္သာသာ နဲ႔ ရႏုိင္မယ့္ ဖိလစ္ပီလူးဝစ္ကို အခုလိုပဲ စိတ္ဝင္စားလာတာလည္း ျဖစ္ပါတယ္။

Unicode

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ လာကာဇက်ဟာ ရန်းနက်စ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ် နှစ်ကျော့လုံးကို လွဲချော်တော့မယ်လို့ သိရှိရပါတယ်။ လာကာဇက်ဟာ BATE အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် (၃၂) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားကို တံတောင်နဲ့ တွတ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ တစ်ပွဲပယ်ပြစ်ဒဏ်ကနေ သုံးပွဲပယ်ပြစ်ဒဏ်အထိ မြင့်တက်သွားခဲ့တာကြောင့် အခုလိုပဲ လွဲချော်ရမှာလည်း ဖြစ်ပါတယ်။
ဂါရတ်ဘေးလ်တစ်ယောက် ရီးရဲယ်မက်ဒရစ်အသင်းကို စွန့်ခွာတော့မယ်လို့ သတင်းများ ကျယ်လောင်စွာထွက်ပေါ်နေပေမယ့် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ရဲ့ ကစားသမားဟာ မက်ဒရစ်မြို့မှာ ပျော်ရွှင်နေကြောင်း ထုတ်ဖော်ပြောကြားသွားပါတယ်။ စပါးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဂါရတ်ဘေးလ်ဟာ ရီးရဲယ်မက်ဒရစ်အသင်းမှာ ဒဏ်ရာပြဿနာများနဲ့ ရုန်းကန်နေရပြီး ယူနိုက်တက် ချဲလ်ဆီးအသင်းတို့က ဂါရတ်ဘေလ်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ဟက်ဆယ်ဘိန့်ခ်ကတော့ ချဲလ်ဆီးအသင်းအနေနဲ့ အပြောင်းအရွှေ့နှစ်ခုမှာ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံရပြီးနောက် အသင်းရဲ့ အဓိက တောင်ပံကစားသမားတစ်ဦးဖြစ်သူ ဟာဇက်ကို ကာလရှည်စာချုပ်ချုပ်ဆိုပြီး အသင်းမှာဆက်လက်ထိန်းထားဖို့ တိုက်တွန်းပြောကြားသွားတယ်လို့ သိရှိရပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲယ်မက်ဒရစ်အသင်းကို စွန့်ခွာလာတဲ့ အကြောင်းရင်းက ပီရက်ဇ်နဲ့ နေမာတို့ နှစ်ယောက်ကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်။ အသင်းဥက္ကဌဖြစ်သူ ပီရက်ဇ်က စီရော်နယ်ဒိုကို စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်မပါသလို လုပ်နေခဲ့ပြီး နေမာကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စီရော်နယ်ဒိုတစ်ယောက် မက်ဒရစ်မြို့ကို စွန့်ခွာလာခြင်းဖြစ်တယ်လို့ အသင်းဥက္ကဌဟောင်း ကယ်လ်ဒါရွန်က ဖွင့်ဟပြောကြားလာပါတယ်။
PSG အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒန်နီအဲလ်ဗက်စ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် နည်းပြ သောမတ်စ်တူချယ်လ်က မျှော်လင့်နေပါတယ်။ အဲလ်ဗက်စ်ဟာ (၂၀၁၇) ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကနေ PSG အသင်းကို စတင်ရောက်ရှိလာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းကိုသွားရောက်ကစားဖို့ကိုလည်း စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပါသေးတယ်။

စပါးအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဆစ်ဆိုကိုကတော့ သူ့အနေနဲ့ လက်ရှိအချိန်မှာ စပါးအသင်းအတွက်  ကစားပေးခဲ့ရတာကို ပျော်ရွှင်နေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဆစ်ဆိုကိုတစ်ယောက် စပါးအသင်းကနေ ထွက်ခွာပြီး ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ဖို့ သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်မှာတော့ အသင်းရဲ့ အဓိက ကစားသမားအဖြစ် အကောင်းဆုံး ခြေစွမ်းပြနေတာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား ရာကီတစ်ကို အင်တာမီလန်အသင်းနဲ့ အပြိုင်ကမ်းလှမ်းဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။ ခရိုအေးရှား လက်ရွေးစင်ကွင်းလယ်ကစားသမားအတွက် ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) နဲ့အထက် ကမ်းလှမ်းမှုများ ရရှိပါက လက်ခံစဉ်းစားပေးသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းရဲ့ဘယ်နောက်ခံလူ ဖိလစ်ပီလူးဝစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး မွန်ဒိုသတင်းစာမှ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဘယ်နောက်ခံလူ ဂျော်ဒီအယ်လ်ဘာရဲ့ နေရာမှာ အစားထိုးဖို့ ပြောင်းရွှေ့ကြေး သက်သက်သာသာ နဲ့ ရနိုင်မယ့် ဖိလစ်ပီလူးဝစ်ကို အခုလိုပဲ စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။