နံနက္ခင္းသတင္းမ်ား

မန္စီးတီးအသင္းကို အေဝးကြင္းမွာ ေျခာက္ဂုိးျပတ္နဲ႔ အရွက္တကြဲ ရံႈးနိမ့္ခ့ဲေပမ့ဲ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြကေတာ့ နည္းျပဆာရီကို ရာထူးက ထုတ္ပယ္သြားဦးမွာမဟုတ္ဘဲ အခ်ိန္ေပးေစာင့္ၾကည့္သြားဦးမယ္လို႔ သိရွိရပါတယ္။

ၿပီးခ့ဲတ့ဲအပတ္က ပါးမားနဲ႔ ကစားခ့ဲတ့ဲ စီးရီးေအအိမ္ကြင္းပြဲစဥ္မွာ လူစားဝင္ကစားခြင့္မရတာေသခ်ာၿပီးေနာက္ ပြဲမၿပီးခင္ အဝတ္လဲခန္းဝင္သြားခ့ဲတ့ဲ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္မွဴး ဒီဘာလားကေတာ့ လာမယ့္ ေႏြရာသီမွာ ရီးရဲယ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနေၾကာင္း AS သတင္းစာက ေဖာ္ျပခ့ဲပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဒီဘာလားကိုသာ ဆံုးရံႈးခ့ဲရမယ္ဆုိရင္ လီဗာပူးအသင္းရဲ႕ တိုက္စစ္မွဴး ဆာလာ နဲ႔ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ တိုက္စစ္ကစားသမား အဆန္စီယိုတို႔ကို ေခၚယူဖို႔ ပစ္မွတ္ထားလာႏုိင္တယ္လို႔ စပိန္နာမည္ႀကီးသတင္းစာတစ္ေစာင္က ေဖာ္ျပခ့ဲပါတယ္။

မေန႔က ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အႀကိဳသေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိခ့ဲၿပီးျဖစ္တ့ဲ ရမ္ေဆးဟာ အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ (၄) သိန္းအထိ ရရွိသြားမွာျဖစ္ၿပီး ၿဗိတိန္ကစားသမားေတြထဲမွာ လစာေငြအမ်ားဆံုး ကစားသမားတစ္ဦးျဖစ္လာမွာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ၿပီးခ့ဲတ့ဲ ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ အသင္းရဲ႕ ကြင္းလယ္ကစားသမား အုိေဇးလ္ကို အသင္းကေန ေရာင္းခ်ဖို႔ ျပင္ဆင္ခ့ဲေပမ့ဲ သင့္ေတာ္တ့ဲ ကမ္းလွမ္းမႈမ်ိဳးမရရွိခ့ဲတာေၾကာင့္ အခုလိုပဲ အသင္းမွာ ဆက္ရွိေနတာျဖစ္တယ္လို႔ သိရွိရပါတယ္။

ဘုိင္ယန္ျမဴးနစ္အသင္းမွာ ရုန္းကန္ေနရတ့ဲ ကိုလံဘီယာလက္ေရြးစင္ ကြင္းလယ္ကစားသမား ဂ်ိမ္းစ္ရိုဒီရီဂြက္ဇ္ကို လာမယ့္ ေႏြရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းဆီ ေျပာင္းေရႊ႕ဖို႔ ဖခင္ျဖစ္သူက အႀကံေပးခ့ဲတယ္လုိ႔ အီတလီသတင္းစာတစ္ေစာင္က ေဖာ္ျပခ့ဲပါတယ္။

လာမယ့္ ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ ရိုးမားအသင္းရဲ႕ တုိက္စစ္ကစားသမား အယ္လ္ရွာရာဝီကို အသင္းက (၂၀၂၄) ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးဖို႔ ျပင္ဆင္ေနၿပီလို႔ သိရွိရပါတယ္။

စပါးအသင္းရဲ႕ တုိက္စစ္မွဴးေဟာင္း ဒါရင္းဘန္႔ကေတာ့ လာမယ့္အေျပာင္းအေရႊ႕ရာသီေတြမွာ ဥေရာပထိပ္တန္းအသင္းႀကီးမ်ားက ဆြန္ေဟာင္မင္ကို ေခၚယူဖို႔ ႀကိဳးစားလာႏုိင္တာေၾကာင့္ စပါးအသင္းအေနနဲ႔ ေတာင္ကိုရီးယားလက္ေရြးစင္ကစားသမားကို အသင္းမွာ အသည္းအသန္ ထိန္းသိမ္းရဖြယ္ရွိတယ္လို႔ သတိေပးေျပာၾကားသြားပါတယ္။

ဘာစီလိုနာအသင္းက ေခၚယူဖုိ႔ ႀကိဳးစားေနတ့ဲ လိုင္ယြန္ေနာက္ခံလူ ဖာလန္မန္ဒီကို ေခၚယူဖို႔ PSG အသင္းက အၿပိဳင္အဆုိင္ ႀကိဳးပမ္းမႈေတြ ျပဳလုပ္လာခ့ဲတယ္လုိ႔ သိရွိရပါတယ္။

လက္ရွိအခ်ိန္မွာ အတၱလန္တာအသင္းအတြက္ ေျခစြမ္းျပ ကစားလ်က္ရွိတ့ဲ တိုက္စစ္မွဴး ဇာပါတာကို ၿပီးခ့ဲတ့ဲ ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ ဝက္စ္ဟမ္းအသင္းက ေပါင္ (၃၅) သန္းနဲ႔ ကမ္းလွမ္းခ့ဲေပမဲ့ အတၱလန္တာအသင္းက ျငင္းဆန္ပယ္ခ်ခ့ဲတယ္လို႔ သိရွိရပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဆဲလ္ဘာ့ဂ္အသင္းရဲ႕ အသက္ (၁၈) ႏွစ္အရြယ္ လူငယ္ကြင္းလယ္ကစားသမားေလး ဇိုဘုိဇလိုင္းကို ေခၚယူဖုိ႔ ႀကိဳးပမ္းေနတယ္လို႔ Bild သတင္းစာက ေဖာ္ျပခ့ဲပါတယ္။

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာဟာ အသက္အရြယ္အရ အက်ပိုင္းေရာက္လာတ့ဲ အသင္းရဲ႕ ကြင္းလယ္ကစားသမား ေဒးဗစ္ေဆးလ္ဗားရဲ႕ ေနရာကို အစားထိုးဖို႔ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္ကစားသမား အစၥကို ကို လာမယ့္ေႏြရာသီမွာ ေပါင္ (၇၅) သန္းနဲ႔ ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္လို႔ Don Balon သတင္းစာက ေဖာ္ျပခ့ဲပါတယ္။

Unicode

မန်စီးတီးအသင်းကို အဝေးကွင်းမှာ ခြောက်ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေကတော့ နည်းပြဆာရီကို ရာထူးက ထုတ်ပယ်သွားဦးမှာမဟုတ်ဘဲ အချိန်ပေးစောင့်ကြည့်သွားဦးမယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ပါးမားနဲ့ ကစားခဲ့တဲ့ စီးရီးအေအိမ်ကွင်းပွဲစဉ်မှာ လူစားဝင်ကစားခွင့်မရတာသေချာပြီးနောက် ပွဲမပြီးခင် အဝတ်လဲခန်းဝင်သွားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ဒီဘာလားကတော့ လာမယ့် နွေရာသီမှာ ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း AS သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဒီဘာလားကိုသာ ဆုံးရှုံးခဲ့ရမယ်ဆိုရင် လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဆာလာ နဲ့ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အဆန်စီယိုတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာနိုင်တယ်လို့ စပိန်နာမည်ကြီးသတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။

မနေ့က ဂျူဗင်တပ်စ်အသင်းနဲ့ အကြိုသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်တဲ့ ရမ်ဆေးဟာ အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် (၄) သိန်းအထိ ရရှိသွားမှာဖြစ်ပြီး ဗြိတိန်ကစားသမားတွေထဲမှာ လစာငွေအများဆုံး ကစားသမားတစ်ဦးဖြစ်လာမှာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ကို အသင်းကနေ ရောင်းချဖို့ ပြင်ဆင်ခဲ့ပေမဲ့ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးမရရှိခဲ့တာကြောင့် အခုလိုပဲ အသင်းမှာ ဆက်ရှိနေတာဖြစ်တယ်လို့ သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ရုန်းကန်နေရတဲ့ ကိုလံဘီယာလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒီရီဂွက်ဇ်ကို လာမယ့် နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဖခင်ဖြစ်သူက အကြံပေးခဲ့တယ်လို့ အီတလီသတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။

လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရိုးမားအသင်းရဲ့ တိုက်စစ်ကစားသမား အယ်လ်ရှာရာဝီကို အသင်းက (၂၀၂၄) ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီလို့ သိရှိရပါတယ်။

စပါးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်ကတော့ လာမယ့်အပြောင်းအရွှေ့ရာသီတွေမှာ ဥရောပထိပ်တန်းအသင်းကြီးများက ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ ကြိုးစားလာနိုင်တာကြောင့် စပါးအသင်းအနေနဲ့ တောင်ကိုရီးယားလက်ရွေးစင်ကစားသမားကို အသင်းမှာ အသည်းအသန် ထိန်းသိမ်းရဖွယ်ရှိတယ်လို့ သတိပေးပြောကြားသွားပါတယ်။

ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ လိုင်ယွန်နောက်ခံလူ ဖာလန်မန်ဒီကို ခေါ်ယူဖို့ PSG အသင်းက အပြိုင်အဆိုင် ကြိုးပမ်းမှုတွေ ပြုလုပ်လာခဲ့တယ်လို့ သိရှိရပါတယ်။

လက်ရှိအချိန်မှာ အတ္တလန်တာအသင်းအတွက် ခြေစွမ်းပြ ကစားလျက်ရှိတဲ့ တိုက်စစ်မှူး ဇာပါတာကို ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းအသင်းက ပေါင် (၃၅) သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ အတ္တလန်တာအသင်းက ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဆဲလ်ဘာ့ဂ်အသင်းရဲ့ အသက် (၁၈) နှစ်အရွယ် လူငယ်ကွင်းလယ်ကစားသမားလေး ဇိုဘိုဇလိုင်းကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ Bild သတင်းစာက ဖော်ပြခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ အသက်အရွယ်အရ အကျပိုင်းရောက်လာတဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားရဲ့ နေရာကို အစားထိုးဖို့ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား အစ္စကို ကို လာမယ့်နွေရာသီမှာ ပေါင် (၇၅) သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Don Balon သတင်းစာက ဖော်ပြခဲ့ပါတယ်။