ဝါရင့္ေတာင္ပံကစားသမားကို စာခ်ဳပ္သက္တမ္းတုိးႏုိင္ခဲ့တဲ့ မန္ယူ

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ၾကယ္္ပြင့္ေနာက္ခံကစားသမား ဖီးလ္ဂ်ံဳးစ္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏုိင္ခဲ့ၿပီးေနာက္ ယေန႔မွာ အေတြ႕အႀကံဳရင့္ ေတာင္ပံကစားသမား အက္ရွ္ေလယန္းကို ၁ ႏွစ္သက္တမ္းတုိးစာခ်ဳပ္ခ်ဳပ္ဆိုႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။

အက္ရွ္ေလယန္းဟာ ၂၀၁၁ ခုႏွစ္မွာ အက္စတြန္ဗီလာအသင္းကေန မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး အသင္းရဲ႕စီနီယာကစားသမားတစ္ဦးျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ဂႏၱဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ကိုယ္တုိင္ ေခၚယူခဲ့တဲ့ အက္ရွ္ေလယန္းဟာ အေစာပိုင္းက ေတာင္ပံကစားသမားအျဖစ္ ကစားခဲ့ေပမယ့္ အသင္းရဲ႕လိုအပ္ခ်က္အရ ေနာက္ခံကစားသမားအျဖစ္ ေျပာင္းလဲကစားေပးခဲ့ရသူျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ ၁၆၉ ပြဲကစားၿပီး ၁၄ ဂိုး သြင္းယူေပးထားတဲ့ အက္ရွ္ေလယန္းဟာ အသက္ ၃၃ ႏွစ္အရြယ္ေရာက္ေနၿပီျဖစ္ေပမယ့္ အသင္းအတြက္ အေကာင္းဆံုးေပးဆပ္ကစားႏုိင္ဆဲျဖစ္တာေၾကာင့္ မန္ယူအသင္းက စာခ်ဳပ္သက္တမ္းတိုးခဲ့တာျဖစ္ပါတယ္။

အက္ရွ္ေလယန္းဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို စတင္ေရာက္ရွိတဲ့အခ်ိန္ကေန ယေန႔အခ်ိန္အထိ ပရီးမီးယားလိဂ္ဖလား ၁ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္၊ လိဂ္ဖလား ၁ ႀကိမ္၊ ကြန္ျမဴနတီဒိုင္း ၁ ႀကိမ္၊ ယူရိုပါလိဂ္ဖလား ၁ ႀကိမ္ ကိုင္ေျမွာက္ခဲ့ၿပီးျဖစ္ပါတယ္။

(Unicode)

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့သောကြာနေ့က ကြယ််ပွင့်နောက်ခံကစားသမား ဖီးလ်ဂျုံးစ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် ယနေ့မှာ အတွေ့အကြုံရင့် တောင်ပံကစားသမား အက်ရှ်လေယန်းကို ၁ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အက်ရှ်လေယန်းဟာ ၂၀၁၁ ခုနှစ်မှာ အက်စတွန်ဗီလာအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းရဲ့စီနီယာကစားသမားတစ်ဦးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင် ခေါ်ယူခဲ့တဲ့ အက်ရှ်လေယန်းဟာ အစောပိုင်းက တောင်ပံကစားသမားအဖြစ် ကစားခဲ့ပေမယ့် အသင်းရဲ့လိုအပ်ချက်အရ နောက်ခံကစားသမားအဖြစ် ပြောင်းလဲကစားပေးခဲ့ရသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၆၉ ပွဲကစားပြီး ၁၄ ဂိုး သွင်းယူပေးထားတဲ့ အက်ရှ်လေယန်းဟာ အသက် ၃၃ နှစ်အရွယ်ရောက်နေပြီဖြစ်ပေမယ့် အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားနိုင်ဆဲဖြစ်တာကြောင့် မန်ယူအသင်းက စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

အက်ရှ်လေယန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ရောက်ရှိတဲ့အချိန်ကနေ ယနေ့အချိန်အထိ ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်ခဲ့ပြီးဖြစ်ပါတယ်။