ပရီးမီးယားလိဂ္ရာသီကုန္ကို တြက္ခ်က္ထားတဲ့ စူပါကြန္ပ်ဴတာရဲ႕ခန္႔မွန္းခ်က္

စူပါကြန္ပ်ဴတာဟာ ယခုရာသီကုန္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕အေျခအေနကို ခန္႔မွန္းခဲ့ၿပီး လက္ရွိအခ်ိန္မွာ မန္စီးတီးအသင္းက တစ္ပြဲပိုကစားၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနေပမယ့္ စူပါကြန္ပ်ဴတာက မန္စီးတီးကို ခ်န္ပီယံအျဖစ္ မေရြးခ်ယ္ခဲ့ပါဘူး။

လီဗာပူးအသင္းဟာ လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ ၂၇ မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ေတြ႕ဆံုရမွာျဖစ္ေပမယ့္ မျဖစ္မေန အႏုိင္ကစားၿပီး မန္ခ်က္စတာစီးတီးအသင္းကို ၃ မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆံုးကို ျပန္လည္သိမ္းပိုက္ႏုိင္ဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနပါတယ္။

လီဗာပူးအသင္းနဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ဟာ အဆင့္ ၁ နဲ႔ ၂ ေနရာအတြက္ ေရပန္းအစားဆံုးအသင္းေတြျဖစ္ၿပီး အမ်ားစုက စပါးအသင္းကို ယခုရာသီမွာ အဆင့္ ၃ ေနရာနဲ႔ ၿပီးဆံုးႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။

လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယား ထိပ္ဆံုး ၂ ေနရာနဲ႔ အဆင့္ ၄၊ ၅၊ ၆ ေနရာတို႔မွာ တိုက္ပြဲျပင္းထန္ေနၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ အဆင့္ ၄၊ ၅ ေနရာက ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အသီးသီးရပ္တည္ေနတဲ့ ခ်ယ္ဆီး၊ အာဆင္နယ္တို႔ထက္ ၁ မွတ္သာ ပိုမ်ားၿပီး အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္ Football Web Pages စူပါကြန္ပ်ဴတာဟာ ပရီးမီးယားလိဂ္စတင္ေပၚေပါက္ကတည္းက တစ္ႀကိမ္တစ္ခါမွ အမွတ္ေပးဖလားမရခဲ့ဖူးတဲ့ လီဗာပူးအသင္းကို ခ်န္ပီယံအျဖစ္ ေရြးခ်ယ္ခဲ့ၿပီး ဒုတိယေနရာမွာ မန္စီးတီး၊ တတိယေနရာမွာ စပါး၊ စတုတၳေနရာမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းတို႔ ရပ္တည္လိမ့္မယ္လုိ႔ ခန္႔မွန္းခဲ့ပါတယ္။ စူပါကြန္ပ်ဴတာရဲ႕ခန္႔မွန္းခ်က္ဟာ လက္က်န္ပြဲစဥ္ေတြေပၚမူတည္ၿပီး ထြက္ေပၚလာႏုိင္တဲ့ ရလဒ္ေတြကို စုေပါင္းၿပီး တြက္ခ်က္ထားတာျဖစ္ပါတယ္။

(Unicode)

စူပါကွန်ပျူတာဟာ ယခုရာသီကုန် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အခြေအနေကို ခန့်မှန်းခဲ့ပြီး လက်ရှိအချိန်မှာ မန်စီးတီးအသင်းက တစ်ပွဲပိုကစားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် စူပါကွန်ပျူတာက မန်စီးတီးကို ချန်ပီယံအဖြစ် မရွေးချယ်ခဲ့ပါဘူး။

လီဗာပူးအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပေမယ့် မဖြစ်မနေ အနိုင်ကစားပြီး မန်ချက်စတာစီးတီးအသင်းကို ၃ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။
လီဗာပူးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ အဆင့် ၁ နဲ့ ၂ နေရာအတွက် ရေပန်းအစားဆုံးအသင်းတွေဖြစ်ပြီး အများစုက စပါးအသင်းကို ယခုရာသီမှာ အဆင့် ၃ နေရာနဲ့ ပြီးဆုံးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

လက်ရှိအချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံး ၂ နေရာနဲ့ အဆင့် ၄၊ ၅၊ ၆ နေရာတို့မှာ တိုက်ပွဲပြင်းထန်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ အဆင့် ၄၊ ၅ နေရာက ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အသီးသီးရပ်တည်နေတဲ့ ချယ်ဆီး၊ အာဆင်နယ်တို့ထက် ၁ မှတ်သာ ပိုများပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဒါပေမယ့် Football Web Pages စူပါကွန်ပျူတာဟာ ပရီးမီးယားလိဂ်စတင်ပေါ်ပေါက်ကတည်းက တစ်ကြိမ်တစ်ခါမှ အမှတ်ပေးဖလားမရခဲ့ဖူးတဲ့ လီဗာပူးအသင်းကို ချန်ပီယံအဖြစ် ရွေးချယ်ခဲ့ပြီး ဒုတိယနေရာမှာ မန်စီးတီး၊ တတိယနေရာမှာ စပါး၊ စတုတ္ထနေရာမှာ မန်ချက်စတာယူနိုက်တက်အသင်းတို့ ရပ်တည်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ စူပါကွန်ပျူတာရဲ့ခန့်မှန်းချက်ဟာ လက်ကျန်ပွဲစဉ်တွေပေါ်မူတည်ပြီး ထွက်ပေါ်လာနိုင်တဲ့ ရလဒ်တွေကို စုပေါင်းပြီး တွက်ချက်ထားတာဖြစ်ပါတယ်။