ဘြန္ဒက္လီဂါရဲ႕ ဂိုးသြင္းအမ်ားဆံုး ကစားသမားကို ေခၚယူဖို႔ ဘာစီလိုနာ သေဘာတူညီမႈရရွိ

လူး၀စၥဆြာရက္ဇ္ အသက္အရြယ္ေၾကာင့္ အက်ပိုင္းေရာက္လာမယ့္အေရးကို ၾကိဳတင္စဥ္းစားျပီး တိုက္စစ္မွဴးအသစ္ ရွာေဖြေနတဲ့ ဘာစီလိုနာအသင္းဟာ တိုက္စစ္မွဴးသစ္တစ္ဦးကို ေခၚယူႏိုင္ဖို႔ သေဘာတူညီမႈ ရရွိခဲ့ျပီလို႔ သိရပါတယ္။ ပါကိုအယ္လ္ကာဆာ နဲ႔ လူငယ္တိုက္စစ္မွဴး မူနီယာအယ္လ္ဟတ္ဒါဒီတို႔ အသင္းက ထြက္ခြာသြားခ်ိန္မွာ ဘာစီလိုနာအတြက္ အရန္တိုက္စစ္မွဴးျပသနာက ၾကီးထြားလာခဲ့ပါတယ္။

ဒီအတြက္ ဘာစီလိုနာဟာ ကီဗင္ပရင့္ဘုိတန္ကို ဆာဆူအိုလုိအသင္းကေန အငွားနဲ႔ ေခၚယူခဲ့ျပီး အျပီးသတ္ေခၚယူမႈအျဖစ္ ဖရန္႔ဖတ္တိုက္စစ္မွဴး လူကာဂ်ိဳဗစ္ကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ စပိန္နာမည္ၾကီးသတင္းစာ Marca က ေဖာ္ျပသြားခဲ့ပါတယ္။ ဂ်ာမန္သတင္းစာ Frankfurter Allgemeine ရဲ႕ ေဖာ္ျပခ်က္ကို ကိုးကားျပီး Marca က ျပန္လည္ေဖာ္ျပခဲ့တာလည္း ျဖစ္ပါတယ္။

ဒီရာသီမွာ ဖရန္႔ဖတ္အသင္းအတြက္ ဘြန္ဒက္လီဂါသြင္းဂိုး (၁၄)ဂိုးအထိ သြင္းယူေပးထားတဲ့ အသက္ (၂၁)ႏွစ္အရြယ္ တိုက္စစ္မွဴး လူကာဂ်ိဳဗစ္အတြက္ ဘာစီလိုနာက ၾကိဳတင္သေဘာတူညီမႈ ရရွိခဲ့တာလို႔ သိရပါတယ္။ ဒါေပမယ့္လည္း ကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကး ညွိႏိႈင္းမႈမွာ အဆင္မေျပျဖစ္ေနဆဲလို႔ သိရပါတယ္။

လူကာဂ်ိဳဗစ္အတြက္ ဖရန္႔ဖတ္အသင္းက ယူရိုသန္း (၅၀)အထိ အလိုရွိေနတယ္လို႔ သိရပါတယ္။ လူကာဂ်ိဳဗစ္ဟာ ဘြန္ဒက္လီဂါမွာ ဂိုးသြင္းႏႈန္းျမင့္ကစားသမားျဖစ္ျပီး (၉၄)မိနစ္ကစားတိုင္းမွာ အသင္းအတြက္ တစ္ဂိုးႏႈန္းသြင္းယူေပးေနသူ ျဖစ္ျပီး တစ္ပြဲတည္း (၅)ဂိုးသြင္းယူ
ႏို္င္ခဲ့တဲ့ ရာသီအစပိုင္းေျခစြမ္းေၾကာင့္ နာမည္ေက်ာ္ၾကားလာခဲ့သူ ျဖစ္ပါတယ္။

မက္ဆီေရာ၊ ဆြာရက္ဇ္္တို႔ပါ အသက္အရြယ္ရလာခ်ိန္မွာ အသင္းရဲ႕ အနာဂတ္အတြက္ ၾကိဳတင္ျပင္ဆင္မႈေတြ ၾကီးၾကီးမားမားျပဳလုပ္ေနခဲ့တဲ့ ဘာစီလိုနာအသင္းဟာ ငယ္ရြယ္တဲ့ ကစားသမားေတြကို ဦးစားေပးေခၚယူေနျပီး ေအဂ်က္ဇ္ကြင္းလယ္လူ ဖရန္ကီဒီေဂ်ာင္ကိုလည္း
ယူရို (၇၅)သန္းအထိ ေပးေခ်ျပီး ေခၚယူထားႏိုင္ခဲ့ျပီးလည္း ျဖစ္ပါတယ္။

Unicode Version

လူးဝစ္စဆွာရက်ဇ် အသက်အရွယ်ကြောင့် အကျပိုင်းရောက်လာမယ့်အရေးကို ကြိုတင်စဉ်းစားပြီး တိုက်စစ်မှူးအသစ် ရှာဖွေနေတဲ့ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ပါကိုအယ်လ်ကာဆာ နဲ့ လူငယ်တိုက်စစ်မှူး မူနီယာအယ်လ်ဟတ်ဒါဒီတို့ အသင်းက ထွက်ခွာသွားချိန်မှာ ဘာစီလိုနာအတွက် အရန်တိုက်စစ်မှူးပြသနာက ကြီးထွားလာခဲ့ပါတယ်။

ဒီအတွက် ဘာစီလိုနာဟာ ကီဗင်ပရင့်ဘိုတန်ကို ဆာဆူအိုလိုအသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့ပြီး အပြီးသတ်ခေါ်ယူမှုအဖြစ် ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ စပိန်နာမည်ကြီးသတင်းစာ Marca က ဖော်ပြသွားခဲ့ပါတယ်။ ဂျာမန်သတင်းစာ Frankfurter Allgemeine ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Marca က ပြန်လည်ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ ဖရန့်ဖတ်အသင်းအတွက် ဘွန်ဒက်လီဂါသွင်းဂိုး (၁၄)ဂိုးအထိ သွင်းယူပေးထားတဲ့ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူး လူကာဂျိုဗစ်အတွက် ဘာစီလိုနာက ကြိုတင်သဘောတူညီမှု ရရှိခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားအတွက် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုမှာ အဆင်မပြေဖြစ်နေဆဲလို့ သိရပါတယ်။

လူကာဂျိုဗစ်အတွက် ဖရန့်ဖတ်အသင်းက ယူရိုသန်း (၅၀)အထိ အလိုရှိနေတယ်လို့ သိရပါတယ်။ လူကာဂျိုဗစ်ဟာ ဘွန်ဒက်လီဂါမှာ ဂိုးသွင်းနှုန်းမြင့်ကစားသမားဖြစ်ပြီး (၉၄)မိနစ်ကစားတိုင်းမှာ အသင်းအတွက် တစ်ဂိုးနှုန်းသွင်းယူပေးနေသူ ဖြစ်ပြီး တစ်ပွဲတည်း (၅)ဂိုးသွင်းယူ
နို်င်ခဲ့တဲ့ ရာသီအစပိုင်းခြေစွမ်းကြောင့် နာမည်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

မက်ဆီရော၊ ဆွာရက်ဇ််တို့ပါ အသက်အရွယ်ရလာချိန်မှာ အသင်းရဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ကြီးကြီးမားမားပြုလုပ်နေခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ငယ်ရွယ်တဲ့ ကစားသမားတွေကို ဦးစားပေးခေါ်ယူနေပြီး အေဂျက်ဇ်ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကိုလည်း
ယူရို (၇၅)သန်းအထိ ပေးချေပြီး ခေါ်ယူထားနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။