ျပင္သစ္ကလပ္ေတြနဲ႔ ထိပ္တိုက္ေတြ႔ခဲ့တဲ့ အိမ္ကြင္းပြဲေတြမွာ ရံႈးပြဲမရွိထားတဲ့ ယူႏိုက္တက္

ဒီဇင္ဘာလ (၁၆)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ခ်န္ပီယံလိဂ္ (၁၆)သင္းအဆင့္ ရံႈးထြက္ပြဲစဥ္ေတြကို မဲခြဲဆံုးျဖတ္ခဲ့ရာမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ရင္ဆိုင္ခဲ့ရျပီး လြယ္ကူမႈမရွိတဲ့ ပြဲစဥ္တစ္ခုအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ ေမာ္ရင္ဟိုကိုင္တြယ္ေနခဲ့တဲ့ အခ်ိန္မွာ ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္၀င္ခြင့္ အဆင့္ (၄)ေနရာနဲ႔ (၁၁)မွတ္အထိ ကြာဟေနျပီး ပီအက္စ္ဂ်ီကေတာ့ လီဂူးျပိဳင္ပြဲမွာ ရံႈးပြဲမရွိစံခ်ိန္နဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

(၂)လနီးပါးခန္႔ၾကာမွာေတာ့ ယူႏိုက္တက္ဟာ (၁၁)ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ကို ပိုင္ဆိုင္ခဲ့ျပီး ေမာ္ရင္ဟိုရဲ႕ ေနရာမွာ အစားထိုး၀င္ေရာက္လာခဲ့တဲ့ ယာယီနည္းျပ ဆိုးလ္ရွားက အသင္းကို အေကာင္းဆံုးတည့္မတ္ထိန္းေက်ာင္းေပးႏိုင္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီကေတာ့ ျပင္သစ္လိဂ္မွာ
ရံႈးပြဲစတင္ေတြ႕ရွိသြားခဲ့ျပီး ေနမာ နဲ႔ ကာဗာနီတို႔ဟာလည္း ယူႏိုက္တက္နဲ႔ပြဲကို လြဲေခ်ာ္သြားခဲ့ျပီ ျဖစ္ပါတယ္။

ဒီပြဲမတုိင္ခင္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ျပင္သစ္ကလပ္ေတြရဲ႕မွတ္တမ္းေတြကို ေလ့လာၾကည့္္မယ္ဆိုရင္လည္း အခုလိုေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ဘယ္ျပင္သစ္ကလပ္အသင္းမဆို အိုးထရက္ဖို႔ဒ္မွာ ႏိုင္ပြဲလုံး၀မရရွိဖူးပဲ သေရ (၄)ပြဲန႔ဲ ရံႈးပြဲ (၁၀)ပြဲအထိ ၾကံဳေတြ႕ခဲ့ရပါတယ္။
အိုးထရက္ဖို႔ဒ္မွာ မရံႈးဖူးတဲ့ အသင္း (၂)သင္းအျဖစ္ ၁၉၉၈ ခုႏွစ္မွာ မိုနာကိုက ၁-၁၊ ၂၀၀၅ ခုႏွစ္မွာ လိုင္လီက (၁-၁) ဆိုတဲ့ ရလဒ္နဲ႔ သေရသာကစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီကေတာ့ အိုးထရက္ဖို႔ဒ္ကို လာေရာက္ကစားရတဲ့ (၁၀)သင္းေျမာက္ ျပင္သစ္ကလပ္အသင္း ျဖစ္လာမွာပါ။ အရင္လာေရာက္ကစားဖူးတဲ့ အသင္းေတြကေတာ့ ေဘာ္ဒိုး၊ လိုင္လီ၊ လိုင္ယြန္၊ မာေဆးလ္၊ မိုနာကို၊ ေမာင့္ပယ္လီယာ၊ နန္႔တက္စ္၊ စိန္႔အက္တီယန္ နဲ႔ စထရာေဘာ့ တို႔က အိုးထရက္ဖို႔ဒ္မွာ လာေရာက္ကစားခဲ့ဖူးပါတယ္။

ျပင္သစ္ကလပ္ေတြနဲ႔ ေနာက္ဆံုးကစားခဲ့တဲ့ ပြဲအျဖစ္ ယူႏိုက္တက္ဟာ စိန္႔အက္တီယန္နဲ႔ ရင္ဆိုင္ခဲ့ရျပီး ၂၀၁၆-၁၇ ေဘာလံုးရာသီရဲ႕ ယူရိုပါလိဂ္ျပိဳင္ပြဲမွာ ႏွစ္ေက်ာ့ေပါင္း ရလဒ္ (၄-၀)နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။ မွတ္တမ္းေတြအရေတာ့ ယူႏိုက္တက္ဟာ ျပင္သစ္ကလပ္ေတြကို အသာစီးရယူႏိုင္ေလ့ရွိျပီး လက္ရွိေျခစြမ္းပိုင္းအရဆိုရင္လည္း ပီအက္စ္ဂ်ီကို ေကာင္းေကာင္းရင္ဆိုင္ႏိုင္စြမ္းရွိေနျပီဆုိတာကို ေဖာ္ျပေပးလိုက္ရပါတယ္။

Unicode Version

ဒီဇင်ဘာလ (၁၆)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး လွယ်ကူမှုမရှိတဲ့ ပွဲစဉ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ မော်ရင်ဟိုကိုင်တွယ်နေခဲ့တဲ့ အချိန်မှာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် (၄)နေရာနဲ့ (၁၁)မှတ်အထိ ကွာဟနေပြီး ပီအက်စ်ဂျီကတော့ လီဂူးပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ ဦးဆောင်နေခဲ့ပါတယ်။

(၂)လနီးပါးခန့်ကြာမှာတော့ ယူနိုက်တက်ဟာ (၁၁)ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ ယာယီနည်းပြ ဆိုးလ်ရှားက အသင်းကို အကောင်းဆုံးတည့်မတ်ထိန်းကျောင်းပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီကတော့ ပြင်သစ်လိဂ်မှာ
ရှုံးပွဲစတင်တွေ့ရှိသွားခဲ့ပြီး နေမာ နဲ့ ကာဗာနီတို့ဟာလည်း ယူနိုက်တက်နဲ့ပွဲကို လွဲချော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် မန်ချက်စတာယူနိုက်တက်နဲ့ ပြင်သစ်ကလပ်တွေရဲ့မှတ်တမ်းတွေကို လေ့လာကြည့််မယ်ဆိုရင်လည်း အခုလိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘယ်ပြင်သစ်ကလပ်အသင်းမဆို အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲလုံးဝမရရှိဖူးပဲ သရေ (၄)ပွဲနဲ့ ရှုံးပွဲ (၁၀)ပွဲအထိ ကြုံတွေ့ခဲ့ရပါတယ်။
အိုးထရက်ဖို့ဒ်မှာ မရှုံးဖူးတဲ့ အသင်း (၂)သင်းအဖြစ် ၁၉၉၈ ခုနှစ်မှာ မိုနာကိုက ၁-၁၊ ၂၀၀၅ ခုနှစ်မှာ လိုင်လီက (၁-၁) ဆိုတဲ့ ရလဒ်နဲ့ သရေသာကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ အိုးထရက်ဖို့ဒ်ကို လာရောက်ကစားရတဲ့ (၁၀)သင်းမြောက် ပြင်သစ်ကလပ်အသင်း ဖြစ်လာမှာပါ။ အရင်လာရောက်ကစားဖူးတဲ့ အသင်းတွေကတော့ ဘော်ဒိုး၊ လိုင်လီ၊ လိုင်ယွန်၊ မာဆေးလ်၊ မိုနာကို၊ မောင့်ပယ်လီယာ၊ နန့်တက်စ်၊ စိန့်အက်တီယန် နဲ့ စထရာဘော့ တို့က အိုးထရက်ဖို့ဒ်မှာ လာရောက်ကစားခဲ့ဖူးပါတယ်။

ပြင်သစ်ကလပ်တွေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲအဖြစ် ယူနိုက်တက်ဟာ စိန့်အက်တီယန်နဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၁၆-၁၇ ဘောလုံးရာသီရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ နှစ်ကျော့ပေါင်း ရလဒ် (၄-၀)နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မှတ်တမ်းတွေအရတော့ ယူနိုက်တက်ဟာ ပြင်သစ်ကလပ်တွေကို အသာစီးရယူနိုင်လေ့ရှိပြီး လက်ရှိခြေစွမ်းပိုင်းအရဆိုရင်လည်း ပီအက်စ်ဂျီကို ကောင်းကောင်းရင်ဆိုင်နိုင်စွမ်းရှိနေပြီဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။