ဒီနေ့ည ကစားမယ့်ပရီးမီးယားလိဂ် ပွဲစဉ်များအတွက် ပေါလ်မာဆင်နဲ့လော်ရိုးတို့ရဲ့ ခန့်မှန်းချက်များ

ဝက်စ်ဟမ်းနဲ့အာဆင်နယ် စပါးနဲ့ယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့နေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် Sky Sports နဲ့ BBC ရုပ်သံလိုင်းတို့က ဘောလုံးရုပ်သံဝေဖန်သူတွေဖြစ်တဲ့ ပေါလ်မာဆင်နဲ့လော်ရိုးတို့ရဲ့ ခန့်မှန်းချက်များ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ငါးပွဲဆက်နိုင်ပွဲရရှိထားတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက် စပါးအသင်းနဲ့ ပွဲဟာ ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုဖြစ်လာဖို့ ရှိနေပြီး မန်စီးတီးအသင်းကလည်း အသင်းကြီးတွေကို ဒုက္ခပေးနေကျ အသင်းဖြစ်တဲ့ ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းချက်များ

ဝက်စ်ဟမ်း ၁-၂ အာဆင်နယ်
ဘရိုက်တန် ၁-၁ လီဗာပူး
ဘန်လေ ၂-၀ ဖူလ်ဟမ်
ကာဒစ်ဖ် ၂-၀ ဟက်ဒါဖီးလ်
ခရစ္စတယ်ပဲလေ့စ် ၁-၂ ဝက်ဖို့ဒ်
လက်စတာ ၂-၀ ဆောက်သမ်တန်
ချဲလ်ဆီး ၂-၀ နယူးကာဆယ်
အဲဗာတန် ၂-၁ ဘုန်းမောက်
စပါး ၂-၁ မန်ချက်စတာယူနိုက်တက်
မန်စီးတီး ၃-၀ ဝုလ်ဗ်

ပေါလ်မာဆင်ရဲ့ ခန့်မှန်းချက်များ

ဝက်စ်ဟမ်း ၂-၂ အာဆင်နယ်
ဘရိုက်တန် ၁-၃ လီဗာပူး
ဘန်လေ ၂-၀ ဖူလ်ဟမ်
ကာဒစ်ဖ် ၀-၁ ဟက်ဒါဖီးလ်
ခရစ္စတယ်ပဲလေ့စ် ၁-၀ ဝက်ဖို့ဒ်
လက်စတာ ၁-၁ ဆောက်သမ်တန်
ချဲလ်ဆီး ၁-၀ နယူးကာဆယ်
အဲဗာတန် ၂-၁ ဘုန်းမောက်
စပါး ၂-၂ မန်ချက်စတာယူနိုက်တက်
မန်စီးတီး ၃-၁ ဝုလ်ဗ်