နံနက်ခင်းသတင်းများ

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ဟာ အသင်းဖော်ဟောင်း အွန်နရီကိုင်တွယ်နေတဲ့ ပြင်သစ်ကလပ် မိုနာကိုအသင်းကို အပြီးသတ် ပြောင်းရွှေ့ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ လူငယ်တောင်ပံကစားသမား အိုဒွိုင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နယူးကာဆယ်အသင်းနဲ့ ပွဲအပြီးမှာ ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရှိရပါတယ်။

စပါးအသင်းနည်းပြ ပိုချက်တီနိုကတော့ ယူနိုက်တက်အသင်းကို တနင်္ဂနွေနေ့မှာ အနိုင်ကစားသွားဖို့ပဲ စဉ်းစားထားတယ်လို့ ဖွင့်ဟပြောကြားသွားပါတယ်။

အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းရဲ့ တောင်ပံ ကစားသမား ဘရာဟီမီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်လျက်ရှိပါတယ်။

မိုရာတာကို အငှားနဲ့ ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ လာလီဂါထိပ်သီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းလည်း ပါဝင်လာခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ ဆာရီကတော့ သူ့အနေနဲ့ ကစားသမားသစ် နှစ်ယောက်ထပ်ပြီး ခေါ်ယူလိုတယ်လို့ ဖွင့်ဟပြောကြားသွားပါတယ်။

နေမာရဲ့ ဖခင်ဖြစ်သူကတော့ သားဖြစ်သူအနေနဲ့ ဘာစီလိုနာအသင်းကို ပြန်လည် ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေအပေါ် ငြင်းဆန်ပယ်ချမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အနာဂတ်ရေရှည်စီမံကိန်းအတွက် ဂျီနိုအာအသင်းရဲ့ ဂိုးသမား ရက်ဆိုကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းဟာ ရိုးမားအသင်းရဲ့ အသက် (၁၉) နှစ်အရွယ် ကွင်းလယ်ကစားသမား ဇာနီအိုလိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။